ပဲပြားထဲကဖော်မလင်၊ တီလားပီးယားထဲက ပဋိဇီဝဆေးမှသည် မုန့်ဟင်းခါးထဲက တံတွေးစက်များ

29/12/2018 13:07 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ဖော်မလင်ဟာ တကယ်တော့ လူသေလောင်းတွေ မပုပ်မသိုးအောင်စီရင်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းပါ။ စားသောက်ကုန်တွေမှာ အသုံးပြုခွင့်ရှိတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဒါပေမယ့် စားသောက်ကုန်တွေ မပုပ်မသိုးအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တချို့ စားသောက်ကုန်တွေထဲမှာ စည်းကမ်းမဲ့ ထည့်သွင်းလာတာကို FDA က တွေ့ရှိလာတဲ့အတွက် အရေးယူခဲ့ရပါတယ်။

ဖော်မလင်ပါတဲ့ အစားအစာကို စားမိရင် ဗိုက်နာတာ၊ ဝမ်းသွားတာ၊ အော့အန်တာကနေ သတိလစ်တာအထိဖြစ်နိုင်ပါတယ်။ ကြာရှည်စားသုံးမိရင် ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကိုထိခိုက်နိုင်ပါတယ်။ ကင်ဆာရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။

FDA က သီရိမင်္ဂလာစျေး၊ အင်းစိန်စျေးကြီးတွေမှာ စစ်ဆေးရာမှာ ဖော်မလင်ပါကြောင်းတွေ့ရှိတဲ့ ပဲပြားတွေ၊ ပဲသွေးတွေကို ထိန်ပင်သုသာန်အထိသယ်ဆောင်ပြီးဖျက်ဆီးခဲ့ပါတယ်။ လှိုင်သာယာမှာရှိတဲ့ ပင်ရင်း ထုတ်လုပ်သူတဦး ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။

ပဲသွေးကိုစစ်ဆေးရာမှာတော့ ဖော်မလင်ပါဝင်ရုံသာမက ပဲစစ်စစ်နဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲအမဲသွေးနဲ့ပြုလုပ်ပြီးပဲသွေးနာမည်တပ်ရောင်းချနေတာကို တွေ့ရတဲ့အတွက် ပဲသွေးထုတ်လုပ်ရောင်းချမှုကို လုံးဝတားမြစ် ထားတယ်လို့ FDA အရာရှိ ဒေါ်ဥမ္မာစိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ...


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်