ဒေသဆိုင်ရာ နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ

13/11/2023 16:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒေသဆိုင်ရာ နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ

အစားအစာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များသည် အစားအစာကွင်းဆက်တလျှောက်လုံးတွင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပြုပြင်ကြိတ်ခွဲ ကုန်ချောထုတ်သည့် အဆင့်တိုင်းတွင် အစားအစာ ဘေးကင်း လုံခြုံရေးနှင့် အရည်အသွေး ဆိုင်ရာ စံချိန်စံညွှန်းများဖြင့် ပြည့်မီသောစနစ်ဖြစ်ကြောင်း သီးခြားအဖွဲ့အစည်း တစ်ခုက စစ်ဆေး အတည်ပြုခြင်းဖြစ်သည်။

 စားသောက်ကုန်လုပ်ငန်းများသည် အစားအစာ အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါက နိုင်ငံအတွင်း သို့မဟုတ် နိုင်ငံတကာက အသိအမှတ်ပြုသည့် အကောင်းဆုံးအလေ့အကျင့်များကို ပြည့်မီကြောင်း စားသုံးသူ၊ ဈေးကွက်နှင့် အဓိက ပါဝင်ပတ်သက်သူများအားလုံးကို အသိပေးနိုင်ခြင်းပင်ဖြစ်ပါသည်။  ဤနည်းအားဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များ ရှိနေခြင်းသည် ထုတ်လုပ်ဖြန့်ဖြူးသူများ အတွက် စျေးကွက်တွင် အသာစီးရရှိစေပါသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုး၊မွေးမြူရေးနှင့်. ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံအဝှမ်းရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများသည် Myanmar GAP - ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အထများကို မဖြစ်မနေ လိုက်နာဆောင်ရွက်နိုင်ကြရန်အတွက် နည်းပညာ အကူအညီများပေးပါသည်။ ASEAN GAP နှင့် GLOBAL GAP ကို အချို့သော ပြည်ပတင်ပို့သည့် ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆာင်ရွက်နေကြသည့် တောင်သူအုပ်စုများလည်း လိုက်နာကျင့်သုံးမှုများ ရှိနေကြပါသည်။ အော်ဂဲနစ် စံနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက် Organic certificate -များကို မိမိရောင်းချမည့် ဦးတည်စျေးကွက် လိုအပ်ချက်အရ မြန်မာ့အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်း (MOGPA) မှထုတ်ပေးပြီး ၊ Control Union အဖွဲ့ကလည်း ကမ္ဘာ့အသိအမှတ်ပြု Organic လက်မှတ်ကို စစ်ဆေးထုတ်ပေးနိုင်ပါသည်။

ထို့အပြင် အစားအစာကွင်းဆက်တွင် အခြားပါဝင်သူများဖြစ်သော အစားအစာ ကြိတ်ခွဲပြုပြင်သူ၊ ထုတ်လုပ်ရောင်းချသူများ သည်လည်း အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန (SSID) မှ လိုင်စင်၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေး ဦးစီးဌာနမှ FDA certificate ၊ Control Union အဖွဲ့မှ HACCP certificate အစရှိသည်တို့ကို ရယူနိုင်ပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်