ယနေ့ နောက်ဆုံးနော်
ဟုတ်ပါတယ် ဇွန်လ (၂၀)ရက်နေ့ဟာဆိုရင် အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီ နည်းပညာပေးရေးအဖွဲ့ရဲ့ အခမဲ့ သင်တန်းတက်ရောက်ခွင့်ကို ရရှိနိုင်ဖို့ စာရင်းပေးသွင်းရမဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်။
သင်တန်းက မိမိကိုယ်တိုင်အားလပ်ချိန်မှာ လေ့လာရမဲ့ အွန်လိုင်းလေ့လောရေး အစီအစဉ်ဖြစ်ပေမဲ့လို့
သင်တန်းပြီးဆုံးရင် မေးခွန်းတွေဖြေပြီး သင်တန်းဆင်းလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။
သင်တန်း(၃) မျိုးရှိပြီး မိမိကြိုက်နှစ်သက်ရာ သင်တန်းအတွက် စာရင်းပေးနိုင်ပါတယ်။
အစိမ်းရောင်လမ်း အသုံးပြုသူဖြစ်ပြီး ကိုယ်ပိုင် သုံးနေတဲ့ gmail တော့ လိုအပ်မှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ခွင့်ရသူတွေကို အစိမ်းရောင်လမ်းရဲ့ အဖွဲ့အစည်းများ နေရာက မြားနီနည်းပညာပေးရေးအဖွဲ့မှာ ကြော်ငြာပေးသွားမှာဖြစ်လို့ မြားနီနည်းပညာပေးရေးအဖွဲ့ကိုလည်း ပါဝင်ထားဖို့ လိုအပ်ပါမယ်နော်။
သင်တန်းတက်ရမဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း အစိမ်းရောင်လမ်းစိုက်/မွေး အပလီကေးရှင်းရဲ့ မြားနီနည်းပညာပေးရေးအဖွဲ့မှာပဲ ထပ်တင်ပေးမှာဖြစ်ပါတယ်။
နားမလည်တဲ့သင်ခန်းစာတွေအပြင်ကိုမှ သိချင်တာတွေလည်းထပ်မေးလို့ရမဲ့ အခွင့်အရေးလည်းရှိပါဦးမယ်။
စိုက်ပျိုးသူအချင်းချင်းဖြစ်စေ၊ စိုက်ပျိုးပညာရှင်နဲ့ပဲဖြစ်စေ ဆွေးနွေးချင်တာလည်း ဆွေးနွေးနိုင်ပါဦးမယ်။
သင်တန်းလည်း တက်ရ၊ အသိပညာလည်းရ၊ သင်တန်းဆင်းလက်မှတ် အပြင်ကိုမှ ဆွေးနွေးတိုင်ပင်ဖို့လည်း ရတော့ ပိုအဆင်ပြေတာပေါ့။
ဒါပေမဲ့ ဒီနေ့က စာရင်းပေးရမယ့် နောက်ဆုံးနေ့လေးဖြစ်တာမို့ ၂၀ ရက်နေ့ ညနေ (၅) မတိုင်ခင်လေး စာရင်းပေးသွင်းလိုက်ပါဦးနော်
အစိမ်းရောင်လမ်းထဲက မြားနီနည်းပညာပေးရေးအဖွဲ့ကို ဘယ်လိုဝင်ရမလဲဆိုတာကိုလည်း ဒီမှာ ကြည့်နိုင်ပါတယ်။
မြားနီနည်းပညာပေးရေးအဖွဲ့