ဖားသားဖောက်မွေးမြူရေးဆိုင်ရာသင်တန်းကို ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ဇွန် ၂၇ ရက်တွင် ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း အဆိုပါသင်တန်းမှ သိရသည်။
လာမယ့် စနေနေ့မှာ ဖွင့်လှစ်သင်ကြားမှာပါ။ ဖားမွေးမြူရာမှာ အဓိက သိသင့်သိထိုက်တဲ့ ဟိုမုန်းဆေးစပ်နည်း၊ ဆေးထိုးနည်း၊ သားဖေါက်နည်းတွေကို စာတွေ့လက်တွေ့ မျှဝေသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဟု ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာ၊ ဖားမွေးမြူရေးသင်တန်းမှ သင်တန်းပို့ချသူ ဦးမိုးရဲဝင်း(ဆယ်လမွန်) က ပြောသည်။
သင်တန်းတက်ရောက်သူများအနေဖြင့် ဖားသားဖေါက်နည်း မွေးမြူရေးနည်းစာအုပ် ရရှိမည့်အပြင်၊ ဖားအသေး ဖားအလတ် အစာစပ်နည်းများ၊ တီ၊ လောက်၊ ရေတီ မွေးမြူထုတ်လုပ်နည်းများကိုလည်း စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖားမွေးမြူရေးဈေးကွက်ကို စိတ်ပါဝင်စားလို့ ဖားကို စီးပွားဖြစ်မွေးမြူချင်ပေမယ့် ဖားသားပေါက်တွေ ဖားအစာတွေကို ဈေးကြီးကြီးပေးပြီး ဝယ်မွေးနေရရင် တွက်ချေမကိုက်တော့ဘူး အရှုံးပေါ်နိုင်တယ်လေ။ ဒါ့ကြောင့် ကိုယ်တိုင်သားဖောက်မွေးမြူတတ်အောင်၊ ကိုယ်တိုင် အစာစပ်တတ်အောင် အားလုံးကို စနစ်တကျလေး သင်ယူစေချင်တာပါ။
ဟု ဦးမိုးရဲဝင်း က ဆက်လက်ပြောသည်။
သင်တန်းနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဦးမိုးရဲဝင်း(ဆယ်လမွန်) 09796276080, 09250047519 ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more