"" ရေချိုပုစွန်ထုပ် ( Freshwater Prawn) "" ???

07/11/2019 15:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကမ္ဘာပေါ်တွင် ပုစွန်ထုပ်မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိကြပြီး Macrobrachium Rosenbergii မျိုးစိတ်မှာ အကြီးမားဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တွေ့ရှိရပါသည်။ အမြင့်ဆုံးအလျား (29-33)cm ထိရှိကြ ပါသည်။

ရေချိုပုစွန်ထုပ်မှာ အခွံမာရေနေသတ္တဝါ (crustaceans) များဖြစ်ကြပြီး သူတို့ရဲ့သွေးအရောင်မှာ နက်ပြာရောင်ဖြစ်နေပါသည်။ အစုံစား omnivorous များဖြစ်ကြပြီး ခရု၊ ကမာ၊ ရေမှော်၊ ပုစွန်ငယ် စသည်တို့ကို စားလေ့ရှိကြပါသည်။ ပုစွန်ထုပ်အမမှာ ဥပေါင်း(၁၀၀၀၀-၅၀၀၀၀)ထိဥ ဥနိုင်ကြပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာလည်း ရေချို၊ မြစ်၊ ချောင်း၊ အင်းအိုင်များရှိသောကြောင့် ရေချိုပုစွန်များ ခိုအောင်းရာ ငါးနေ၊ ငါးထိုင်တောများ ပေါများခြင်းကြောင့် ရေချိုပုစွန်ထုပ်များမိကြပါသည်။ ဂရန်အင်းများရှိ ယင်းတားဆည်၊ မြင်းဝန်ဆည်များအပြင် ဂျိုင်းမြစ်ရှိ ကျားပိုက်၊ ကမ်းတားပိုက်များမှလည်း ရေချိုပုစွန်များ ဖမ်းဆီးရမိပြီး တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် အထိအမိများကြောင်း သိရပါသည်။

ပုစွန်ထုပ်သည် ပုစွန်ထုပ်ကင်၊ ပုစွန်ထုပ်တန်ပူရာ၊ ပုစွန်ထုပ်ပေါင်း၊ ပုစွန်ထုပ်သုပ်၊ ပုစွန်ထုပ်ကုန်းဘောင်၊ အချိုချက်၊ အစပ်ချက် စသည့်ဟင်းလျာများမှာ နာမည်ကြီးလှပါသည်။

ပုစွန်ထုပ်စျေးနှုန်းမှာ တစ်ပိသာလျှင် (၂၀၀၀၀-၃၅၀၀၀) ကျပ်ထိရှိကြပါသည်။ ပုစွန်ထုပ်မှာ လေထိုး၊ လေအောင့်၊ လေနာသည်များအတွက် ကောင်းကျိုးပြုသည်ဟုမှတ်ရဖူးသည်။

ရေချိပုစွန်ထုပ်ကို-
Phylum -Arthropoda
Class -Malacostraca
Order -Decapoda
Family -Palaemonidae
Genus -Macrobrachium
Species -Macrobrachium rosenbergii ဟူ၍သိရပါသည်။
နှင်းဖြူ ဖြူ (dof)
Source- AQUADAPT- Myanmar


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်