ပူဒီနာ

13/03/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပူဒီနာပင်သည် နှစ်ရှည်သီးနှံပင်မျိုးဖြစ်ပြီး အပူချိန်အမျိုးမျိုး၌ ဖြစ်ထွန်းသည်။ အရွက်နှင့်အပွင့်တို့ကို စားသုံးရပြီး အပင်အမြင့် ၁-၄ ပေနှင့် အကျယ် ၁-၄ ပေရှိသည်။ ပူဒီနာပင်သည် အနံ့အရသာကောင်းသည်။ ပူဒီနာရေနွေးကြမ်း (သို့မဟုတ်) ပူဒီနာဂျူ လက်ဖျော်ရည် တို့ကို အချို့က ကြိုက်ကြသည်။

ဥယျာဉ်ခြံတိုင်းက စိုက်ပျိုးကြပြီး စီးပွားဖြစ်သုံးသော အနံ့များတွင် အများဆုံးသုံးသော အနံ့တစ်မျိုးလည်းဖြစ်ပေသည်။

အမျိုးမျိုးသော ပူဒီနာတို့သည် တိုင်းရင်းဆေးဝါးအဖြစ်နှင့် အဖျားဝေဒနာနှင့် ဝမ်းဗိုက်နာရောဂါများကို ကုသသောဆေးဝါးဖြစ်သည်။ အရွက်အစိမ်း(အစို) ကို လက်ဖက်ရည်ကြမ်းတွင် ထည့်၍သောက်ကြပြီး အရွက်များကို ဖဲ့ရွဲ့၍ အသီးအသုပ်၊ ရေခဲမုန့်၊ ရေခဲမုန့်အပွနှင့် ပဲပါဝင်သော ဟင်းလျာများတွင် ထည့်ကြသည်။ ပူဒီနာကို ဆော့(စ်) သို့မဟုတ် ဂျယ်လီလုပ်ရာတို့တွင်ဖြစ်စေ၊ သိုးသား၊ တောကောင်သားများနှင့် တွဲ၍ဖြစ်စေ အသုံးပြုကြသည်။

ပူဒီနာသည် အာရှတိုက်၊ မြေထဲပင်လယ်ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့၌ ဟင်းလျာများတွင် အဓိကပါဝင်ရသည့် အမယ် ဖြစ်သည်။ ပူဒီနာအနံ့သည် ကြွက်ငယ်၊ ရှဉ့် စသော ရှေ့သွားဖြင့်ကိုက်ဖြတ်တတ်သော သတ္တဝါများကို ဖယ်ရှားနိုင်သည်။ ပူဒီနာပင်သည် ပျံ့နှံ့စွာပေါက်သော ဟင်းခတ်အမွှေးအကြိုင်ပင်ဖြစ်သည်။ ပူဒီနာအမျိုးပေါင်းများစွာရှိသည်။ ၎င်းတို့သည် တစ်မျိုးနှင့်တစ်မျိုး မျိုးကူးစပ်မှုများပြားပြီး မျိုးသစ်များ ထွက်ပေါ်သည်။ 

အာဟာရဓာတ်ပါဝင်မှုအနေဖြင့်

ရေငွေ့ ၈၃.၀ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒြိတ် ၈.၀၊ ပရိုတိန်း ၄.၈၊ ထုံး ၀.၂၊ အဆီ ၀.၆၊ မီးစုန်း ၀.၀၈၊ သတ္တု ၁.၆၊ သံဂရမ် ၁၀၀လျှင် ၁၅.၆၀ မီလီဂရမ်၊ ဖိုင်ဗာ ၂.၀ မီလီဂရမ်၊ ကယ်လိုရီ ၅၇၊ ကယ်ရိုတင်း (ဗီတာမင်အေ) ၂၇၀၀ အိုင်ယူ။

အေးခဲစေသောနည်းလမ်းများဖြင့် တာရှည်ခံအောင်ပြုလုပ်နိုင်ပါသည်။ ပူဒီနံသည် ခြောက်သွေ့သွားသောအခါ အနံ့လျော့သွားတတ်သည်။ အေးခဲမည်ဆိုလျှင် သန့်ရှင်းပြီး ခြောက်သွေ့နေသောအရွက် တစ်ရွက်ချင်းဖြစ်စေ၊ တစ်ခိုင်ချင်းဖြစ်စေ ရေခဲသေတ္တာသုံးပလပ်စတစ်အိတ်ထဲသို့ ထည့်ရသည်။ အိတ်ကိုလေလုံအောင်ပိတ်ပြီးလျှင် အမည်နှင့်ရက်စွဲတပ်ရပါသည်။ အိတ်နှစ်ထပ်ထည့်ပေးလျှင် ထပ်မံခြောက်သွေ့ခြင်းနှင့် အနံ့လျော့ခြင်းတို့မဖြစ်တော့ချေ။

အေးခဲသောအခြားနည်းတစ်နည်းမှာ သစ်သီးဖျော်စက်တွင် အမွှေးအကြိုင်သီးနှံထည့်ပြီး ရေနည်းနည်းနှင့်မွှေ၍ သီးနှံအနှစ်(Puree) လုပ်ရသည်။ ထိုအနှစ်ကို ရေခဲသောခွက်များတွင် ထည့်၍ ခဲရသည်။ အနှစ်များ အတုံးအခဲဖြစ်သွားသောအခါ ပလပ်စတစ်အိတ်ကြီးတွင်ထည့်ပြီး အေးခဲသေတ္တာထဲ၌ သိုလှောင်နိုင်သည်။ လိုအပ်သောအခါ အတုံးငယ်လေးတစ်လုံးဖြစ်စေ၊ နှစ်တုံးဖြစ်စေ သုံးစွဲခြင်းဖြင့် အမွှေးအကြိုင်နံ့ကိုရရှိစေပါသည်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ (၂) စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်