ဖျားနာတုပ်ကွေးဗိုင်းရပ်တွေကို ကာကွယ်ပေးတဲ့ ဂျင်း(ချင်း) ဖျော်ရည်

20/03/2020 15:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တစ်နေ့ ဆရာကြီး ဦးမောင်မောင်ထွေးဆီ အလည်သွားဖြစ်ရင်းနဲ့ ဒီနည်းလမ်းကို သိခဲ့ရတာပါ။ ဂျင်းပြုတ်ရည်ဆိုရင် ဂျင်းနဲ့ ထန်းလျက်နဲ့ပဲ လုပ်သောက်တတ်တဲ့ ကျွန်မ နောက်တစ်နည်းသိလိုက်ရတော့ အရမ်းကျေနပ်သွားတာပေါ့။ ပါဝင်ပစ္စည်းလေးတွေကလည်း ရိုးရှင်းသလို အရသာကလည်း အရမ်းကောင်းပါတယ်။ ဆရာကြီးဆီက မြည်းခဲ့ရတာပေ့ါနော်။

ကဲပါဝင်ပစ္စည်းလေးတွေကို တစ်ချက်ကြည့်ရအောင်…

- ဂျင်း

- citric acid (အချဉ်ခဲ)

- သကြား

ဒီသုံးမျိုးပဲဖြစ်ပါတယ်...

ဂျင်းကိုနုတ်နုတ်လေးတွေစင်းပြီး ပထမ၊ ဒုတိယပြုတ်ရည်တွေကို လွှင့်ပစ်ပါ။ တတိယရည်ကျမှ စစ်ယူပြီး ဂျင်းပြုတ်ရည် ၂ လီတာကို citric acid (အချဉ်ခဲ) ထမင်းစားဇွန်း တစ်ဇွန်း၊ သကြားကို ၂လီတာဆိုတော့ ၂၀ ကျပ်သား ထည့် ရောမွှေ အအေးခံပြီးရင် သောက်လို့ရပါပြီနော်။ သကြားကတော့ အချိုလိုချင်သလောက် ညှိထည့်လို့ရပါတယ်။ ပြောထားတဲ့နှုန်းတိုင်းဆိုရင်တောင် အချဉ်ဓာတ်လေးနဲ့မျှပြီး တော်တော်သောက်လို့ကောင်းနေပါပြီရှင့်။

ဂျင်း၁၀သား ပြုတ်မယ်ဆိုရင် ပထမရည်ကို ရေ ၃လီတာနဲ့၊ ဒုတိယရည်ကို ရေ ၂ လီတာ၊ တတိယရည်ကျရင်တော့ ရေ ၁လီတာနဲ့ ပွက်ပွက်ဆူအောင်ပြုတ်ရပါမယ်နော်။

အားလုံးလည်းသိတဲ့အတိုင်း ဂျင်းက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေပါတယ်။ အိမ်ရှင်မများ ဟင်းချက်တဲ့နေရာမှာလည်း ထည့်သုံးကြသလို အသားစိမ်း၊ ငါးစိမ်းများနယ်တဲ့နေရာမှာလည်း အများဆုံးသုံးကြပါတယ်။ တုပ်ကွေးရာသီတွေမှာဆိုရင် လူကြီးတွေက ဂျင်းပြုတ်ရည်လေး လုပ်တိုက်နေကြပါ။ ဂျင်းပြုတ်ရည်က ကိုယ်ခန္ဓာနာကျင် ကိုက်ခဲတာတွေကိုလည်း ကောင်းစေပြီး ရောဂါဗိုင်းရပ်စ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ နေ့စဉ်ပုံမှန် သောက်သုံးသင့်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။

ဒါ့ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီးရင် လွယ်ကူတဲ့ ဂျင်းပြုတ်ရည်လေးကို လုပ်သောက်ကြပါနော်။ ကြာရှည်ခံစေချင်ရင်တော့ ရေခဲသတ္တာထဲမှာ ထည့်သိမ်းထားလို့ရပါတယ်။ ရေခဲသတ္တာထဲထည့်ရ အဆင်မပြေတဲ့သူတွေကတော့ တာရှည့်ခံဆေးလေး ထည့်ထားပေးလို့ရပါတယ်။ တစ်နိုင်လေးပဲလုပ်သောက်လည်း အပန်းမှမကြီးတာနော်။ စစ်ထုတ်ထားတဲ့ ဂျင်းဖတ်တွေကိုလည်း ဟင်းချက်တဲ့နေရာမှာ ပြန်သုံးလို့ရတယ်ဆိုတော့ လွှင့်ပစ်စရာမလိုတဲ့ နည်းလမ်းကောင်းလေးဖြစ်တာကြောင့် မျှဝေရေးသားလိုက်ပါတယ်...

ကျော့နန္ဒာစိုး

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ) 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်