သမင်တစ်ကောင်အတွက် အစာချက်လုပ်ပေးရမဲ့ အပင်တွေအပြည့် (၆)ဧက လိုအပ်ပါတယ်

Photo - Photo _ Shutter stock

အပင်တွေနဲ့ နေရောင်ခြည်

နေရောင်ခြည်ရှိတိုင်း အစားအစာတွေရတော့မှာပေါ့။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂေဟစနစ် မပျက်သရွှေ့တော့ နေရောင် ခြည်ကနေ ကျွန်တော်တို့ အစားအစာတွေ ရနေဦးမှာပါ။ ဘယ်လိုနည်းနဲ့လဲဆိုတော့ အပင်တွေရဲ့ အထောက်အကူနဲ့ပါ။

အပင်တွေက နေရောင်ခြည်ရယ် လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ရယ် ယူပြီးတော့ ကာဗွန်ဟိုက်ဒြိတ် ချက်လုပ်တဲ့ဖြစ်စဉ်ကို အလင်းမှီစု အစာချက်လုပ်ခြင်းဖြစ်စဉ်-Photosynthesis လို့ခေါ်ပါတယ်။ အဲ့လို ကိုယ့်ဘာသာအစာချက်ပြီးဖြစ်တည်လာတာကို Autotrophs အစာချက်လုပ်သူ လို့ခေါ်ကြပြီးတော့ အဲ့လို အစာချက်လုပ်ထားတာကို မှီတည်ပြီး ဖြစ်တည်လာကြရတဲ့ သူတွေကိုတော့ Heterotrophs (မှီခိုသူ) လို့ခေါ်ကြပါတယ်။ ဒါဆိုရင် autotrophs တွေက အပင်တွေဖြစ်ပြီး အပင်တွေကိုစားတဲ့ အကောင်လေးတွေမှန်သမျှက heterotrophs တွေပေါ့။ heterotrophs တွေက ပိုပြီးတော့များတာကို လက်ခံကြရမှာပါ။

အစားအစာကွင်းဆက်ထဲမှာဆိုရင် အစာချက်လုပ်သူတွေနဲ့ စားသုံးသူတွေကြား အလင်းမှီစု အစာချက်လုပ်တဲ့ဖြစ်စဉ်တွေ အများကြီးလိုအပ်ပါတယ်။ သမင်တစ်ကောင်ဖြစ်ဖို့ အစာချက်လုပ်ပေးရမဲ့ အပင်တွေအပြည့် ()ဧက လိုအပ်ပါတယ်။ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြောင်းလဲအသုံးပြုပြီး အကျိုးရှိမဲ့ဖြစ်စဉ်ဟာ အစာချက်လုပ်တဲ့ဖြစ်စဉ်ပါပဲ။

ကဲ ဆက်သွားကြစို့ရဲ့။ လူတွေက မှီခိုသူတွေဆိုတဲ့အတိုင်း ချဉ်ပေါင်ရွက်လေးလည်း ခူးစားလိုက်တာပဲ။ ကန်စွန်းလေးလည်း ခူးပြီး ကြော်လိုက်တာပဲ။ အဲ့တော့ လူဦးရေကများလာလေလေ သူတို့ ရှူထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က များလာလေလေပဲ။ အဲ့တော့ အပင်တွေ များများစိုက်မှ လေကို အောက်စီဂျင်ပြန်ပြောင်းနိုင်ရုံတင်မကဘူး။ အစားအစာလည်း လုံလောက်မှာ။

အဲ့တော့ လူတွေသိဖို့လိုတဲ့ အလင်းမှီစု အစာချက်လုပ်ခြင်းဆိုတာကို မိတ်ဆက်သဘောလေး ပြောပြမလို့…… အပင်တွေရဲ့ အရေးပါတာကိုလည်း သိရဦးမှာမို့ ပြောပြနေလိုက်တာပါ။

အလင်းမှီစု အစာချက်လုပ်ခြင်းက ဘာတွေလိုပြီး ဘာတွေပြန်ရမှာလဲ။

၁၉ ရာစု အစမှာဆိုရင် သိပ္ပံပညာရှင်တွေက အလင်းမှီစုအစာချက်လုပ်ခြင်း (Photosynthesis) အကြောင်းကို နား လည်လာကြတယ်။ ပြီးတော့ သူတို့ ကောင်းကောင်းသိလာတာကတော့ အလင်းမှီစုအစာချက်လုပ်ခြင်း ဖြစ်စဉ်အတွက် - ရေရယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ရယ်၊ ပြီးတော့ အလင်းရောင်ရယ် လိုအပ်မယ်ဆိုတာကိုပါပဲ။

ပြီးတော့ ကာဗွန်ဟိုက်ဒြိတ်အပြင်ကို အောက်စီဂျင်ကို ပြန်ထုတ်လုပ်ပေးမယ် ဆိုတာကိုလည်း သိမြင်လာကြတယ်။ အယ် ဒါတင်မကသေးဘူး သူတို့ ထပ်ပြီးတော့ လေ့လာကြတာတွေ…

() အပင်တွေက သူတို့လိုအပ်တဲ့ ရေကို စစချင်းတော့ မြေကြီးထဲမှာရှာတွေ့မယ်။ ပြီးတော့မှ အမြစ်တွေကနေ တစ်ဆင့် အပင်အတွင်းထဲကို ရောက်သွားလိမ့်မယ်လို့ တွေးခဲ့ကြတယ်။

() ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ယူမယ်။ ပြီးတော့ အောက်စီဂျင်ကို ပြန်ပြီးတော့ ထုတ်ပေးမယ်။ အဲ့လိုဖြစ်တာလေးက စတိုမာတာ (Stomata) လို့ခေါ်တဲ့ လေရှူပေါက်လေးကနေ လုပ်ပေးတာဆိုတာရယ်။

() အောက်စီဂျင်နဲ့ ကာဗွန်ဟိုက်ဒြိတ်ထုတ်ဖို့ရာအတွက် အလင်းရောင်ကို လိုအပ်တယ် ဆိုတာရယ် သူတို့ ထပ်ပြီးတော့ တွေ့လာကြတယ်။

၁၈၀၄ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက အလင်းမှီစု အစာချက်လုပ်ခြင်းဆိုတာကို ညီမျှခြင်းတစ်ကြောင်းနဲ့ ဖော်ပြခဲ့ပါတယ်


အဲ့လို ဖော်ပြချက်က ယေဘုယျလိုမျိုး ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ ဆယ်စုနှစ်တစ်ခုကြာအောင် ထပ်ပြီးတော့ လေ့ လာကြပြန်ပါတယ်။ နောက်ဆုံးမှာတော့ အောက်က မျှချေကို သူတို့ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။ အဲ့တော့ အဲ့ဒါလေးကိုကြည့်ရင် အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ()လုံးယူပြီး အောက်စီဂျင် () လုံးထုတ်ပေးတယ်။ ရေကိုကျ (၁၂) လုံးယူပြီး () လုံးပြန်ထုတ်ပေးတယ်။ အပင်တွေရှိတာ ကောင်းသလား မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်ပေါ့။ ဘာလို့ကောင်းလဲမေးတော့ ဒါကြောင့်ကောင်းပါတယ်ပေါ့။ ကဲ နောက်တစ်ခေါက်မှာ အစာချက်လုပ်တဲ့အကြောင်းကို ဆက်ပြီးတော့ လေ့လာကြပါမယ်။ အော် မေ့တော့မလို့ ဒီဖြစ်စဉ်တွေ အား လုံးကတော့ အလင်းရောင်ရှိမှ နေရောင်ခြည်ရှိမှဖြစ်တာမို့ နေမင်းကြီးက အားအင်တွေပေးတယ်လို့ ပြောတာပါနော်။ တောင်သူဦးကြီးများ အသိပညာဗဟုသုတ တိုးပွားပါစေကြောင်း …..

ထွန်းဝင်းကျော်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်"