စပါးအထွက်နှုန်း ၃၀ % အထိ တိုးစေမယ့် လျှို့ဝှက်ချက်

22/05/2026 09:46 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ယူရီးယားနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေလို့ သွင်းအားစုစရိတ်ကြောင့် စိတ်ညစ်နေရပါသလား? ဓာတ်မြေသြဇာဖိုး လုံးဝမကုန်ဘဲ စပါးအထွက်နှုန်းကို ၂၅% မှ ၃၀% အထိ တိုးတက်လာစေမယ့် "မြေပြန့်ချယ်ရီ" (Gliricidia) သစ်စိမ်းမြေသြဇာ အသုံးပြုနည်းကို ဒီဗီဒီယိုမှာ အသေးစိတ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

မြေပြန့်ချယ်ရီဟာ နိုက်ထရိုဂျင်နှင့် သစ်ဆွေးဓာတ် ကြွယ်ဝပြီး လယ်ကန်သင်းရိုးပေါ်မှာတင် အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပဲမျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ -

  • မြေပြန့်ချယ်ရီရဲ့ အပင်အာဟာရဓာတ် ပါဝင်မှုများ
  • လယ်တစ်ဧကအတွက် အပင်အရေအတွက် တွက်ချက်နည်း
  • ကိုင်းဖြတ်စိုက်ပျိုးနည်းနှင့် ခုတ်သိမ်းရမည့်အချိန်
  • လယ်မြေထဲတွင် လက်တွေ့ ထယ်ထိုးမြေမြှုပ် အသုံးပြုနည်း အဆင့်ဆင့်ကို ဂဃနဏ ရှင်းပြထားပါတယ်။

စရိတ်သက်သာပြီး မိမိတို့ရဲ့ လယ်ယာမြေဆီလွှာကို ရေရှည်ထက်သန်လာစေဖို့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပြီး လက်တွေ့အသုံးချကြည့်လိုက်ပါဦးခင်ဗျာ။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်