ဆိုင်ကလုန်းမုန်တိုင်းသက်ရောက်မှုဒဏ်ခံရနိုင်သည့် ဒေသနှင့်လူဦးရေ..

11/05/2023 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နာမည်ရလာချိန်မှာ မိုခါ(Mocha) လို့ အမည်ပေးရမယ့် ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ဖို့ သေချာသွားပြီဖြစ်ပါတယ်။ 

ဒီဆိုင်ကလုန်းမုန်တိုင်းသက်ရောက်မှုကို တချို့ဒေသတွေ(အထူးသဖြင့် စစ်တွေမြောက်ဘက်နှင့်တောင်ဘက် မိုင် ၁၅၀ ဝန်းကျင်စီ) က တိုက်ရိုက်ခံရမှာဖြစ်ပြီး တချို့ဒေသတွေကတော့ အဖျားရိုက်ခတ်မှုဒဏ်ခံရမှာဖြစ်ပါတယ်။ 

ဒီအတွက် ဘယ်ဒေသက လူဦးရေဘယ်လောက်ထိ မုန်တိုင်းသက်ရောက်မှုဒဏ်ခံရနိုင်လဲဆိုတာကို ဥရောပသမဂ္ဂ(EU) နဲ့ ကုလသမဂ္ဂ (UN) က ဦးစီးလုပ်နေတဲ့ ‘ကမ္ဘာ့သဘာဝဘေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်’ (Global Disaster Alert and Coordination SYSTEM) က အနီရောင်အဆင့် သတိပေးချက် "RED ALERT" နဲ့အတူ ထုတ်ပြန်ချက် ထုတ်ထားတာကို အောက်ပါဇယားနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

GDACS ရဲ့အဆိုအရတော့ မြန်မာနိုင်ငံအတွင်း မုန်တိုင်းသက်ရောက်မှုခံရနိုင်တဲ့ဒေသတွေက လူဦးရေဟာ ၁.၈ သန်းလောက်ရှိနေပြီး အဓိက ထိခိုက်ပျက်စီးနိုင်မဲ့ လေယာဉ်ကွင်းတွေကတော့ စစ်တွေ၊ ထီးလင်းနဲ့ ဂန့်ဂေါလေယာဉ်ကွင်းများဖြစ်တယ်လို့ ဆိုထားပါတယ်။

(မှတ်ချက်။   ။ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင်၏ ပို့စ်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်