ကမ္ဘာကြီးပူနွေးလာမှုနှင့် လမုတော (ဒီရေတော) များရဲ့ဆက်နွယ်မှု

20/09/2021 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ရာသီဥတုပြောင်းလဲခြင်းသည် သဘာဝဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးသွားနိုင်ပါသည်။ သို့သော် သစ်ပင်ပန်းမန်များနှင့် သတ္တဝါများ၏ မျိုးစိတ်အားလုံး ပျက်စီးသွားခြင်းတော့ မဟုတ်ပါ။ ပူနွေးသောအပူချိန်တွင် ရှင်သန်သောမျိုးစိတ်အချို့သည် ရာသီဥတုပူနွေးလာမှုကို ၎င်းတို့အတွက်တင်မက သဘာဝပတ်ဝန်းကျင်ကိုပင်  အကျိုးရှိအောင် ဖန်တီးလုပ်ဆောင်ပေးနိုင်ကြသည်။

    ထိုမျိုးစိတ်များတွင် အီကွေတာအနီးရှိ အပူပိုင်းနှင့် အပူလျော့ပိုင်း လတ္တီတွဒ်များ၌ ရှင်သန်ပေါက်ရောက်တတ်သော လမုတော(ဒီရေတော)များ ပါဝင်ပါသည်။ အချို့သော လမုပင်မျိုးစိတ်များသည် အခြားသောအပင်မျိုးစိတ်များ ခံနိုင်ရည်မရှိသောအခြေအနေများနှင့် ရာသီဥတု ဆိုးရွားသောဒေသများတွင် ပေါက်ရောက်နိုင်စွမ်းရှိကြသည်။

    လမုပင်များသည် ရေစီးနှေးသည့် ရေချိုရေငန်စပ်ဒေသများနှင့် ရေဝပ်သောမြေဆီလွှာများတွင် လိုက်လျောညီထွေဖြစ်အောင် သဘာဝအတိုင်းပေါက်ရောက်နိုင်ကြသည်။ 

    လမုပင်များသည် အလွန်အေးခဲသည့်ရာသီဥတုကို ခံနိုင်ရည်မရှိဘဲ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် လမုပင်များ၏ ပေါက်ရောက်ပြန့်ပွားရေးအတွက် အထောက်အကူဖြစ်နိုင်ပါလိမ့်မည်။ လမုပင်များသည် ၎င်းတို့ ပေါက်ရောက်ရာဒေသများဖြစ်သော အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသများ၏ ရာသီဥတုကို  သမပိုင်းရာသီဥတုအဖြစ် မျှတအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြသည်။ 

    Global Change Biology ဂျာနယ်တွင်‌ ဖော်ပြထားသော လေ့လာမှုတစ်ခုအရ လမုပင်များကို အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ်ကမ်းရိုးတန်းကဲ့သို့ လတ္တီတွဒ်မြင့်ရာ‌ဒေသများ၌ တွေ့ရတတ်သည်ကို သိရှိရပါသည်။ ထို့‌ကြောင့် လွန်ခဲ့‌သောရာစုနှစ်ဝက်အတွင်းတွင် လမုတောများသည် ၎င်းတို့ပေါက်ရောက်ရာနေရာများမှ (အနည်းဆုံး) တိုက်ကြီး ၅ တိုက်ရှိ ဆားငန်ရေဝင်ရာ ကုန်းတွင်းပိုင်းအနားသတ်‌နေရာများအထိ ပြန့်နှံ့ပေါက်ရောက်‌လာကြသည်မှာ သိသာထင်ရှားပါသည်ဟု လေ့လာသူများက ရေးသားခဲ့ကြပါသည်။

    လမုပင်များ၏ ပင်စည်များနှင့် အကိုင်းများမှ ဆင်းသက်လာသော ထုထည်သိပ်သည်းသည့် အမြစ်များသည် လှိုင်းတံပိုးများနှင့် ဒီရေလွှမ်းမိုးမှုများကို ကာကွယ်တားဆီးရာတွင် ကူညီပေးနိုင်ကြသည်။ ထိုအမြစ်များသည် ကမ်းရိုးတန်းဒေသများတွင် လမုပင်များရှင်သန်စေနိုင်အောင် ကူညီပေးပြီး တစ်ပြန်တစ်လှည့်အနေဖြင့် လှိုင်းများနှင့် ဒီရေများ၏ ကမ်းရိုးတန်းတိုက်စားမှုကို ကာကွယ်လျှော့ချကာ အရေးပါသော ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုကို ပေးသည်။

    ထုထည်ကြီးမားသော လမုပင်များသည် ရေလှိုင်းများ ကမ်းရိုးတန်းသို့မရောက်မီ လှိုင်းများ၏ ရိုက်ခတ်အားကို လျော့နည်းစေအောင် လုပ်ဆောင်ပေးနိုင်သည်။ ရာသီဥတုပြောင်းလဲမှုသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းများကို မကြာခဏဖြစ်ပေါ်စေနိုင်သော်လည်း လမုပင်များသည် ကမ်းရိုးတန်းဒေသများပျက်စီးမှုကို လျော့နည်းစေရန် ကူညီပေးနိုင်ကြသည်။ အပူလျော့ပိုင်းဒေသနှင့် သမပိုင်းကမ်းရိုးတန်းဒေသများတွင် ဆားငန်ရေလွှမ်းမိုးမှုမှ လမုတောလွှမ်းမိုးမှုသို့ ပြောင်းလဲခြင်းဖြစ်စဉ်များသည် ဂေဟစနစ်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ဆောင်မှုနှင့် ရာသီဥတုအလိုက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်ခြင်းတို့အတွက် အရေးကြီးသော ဆောင်ရွက်ချက်များဖြစ်သည်ဟု သုတေသီများက မှတ်ချက်ပြုကြသည်။

    ထို့အပြင် အပူပိုင်း စိုစွတ်သည့်သစ်တောများရှိ သစ်ဆွေးမြေများ(peatlands)ကဲ့သို့ပင် လမုပင်များသည် ကမ္ဘာကြီးအတွက် အကျိုးပြုသော ကာဗွန်သိုလှောင်ရုံများဖြစ်ကြသည်။ Nature Geoscience ဂျာနယ်တွင်ဖော်ပြထားသော လေ့လာမှုတစ်ခုအရ ကမ်းရိုးတန်းလမုတောတစ်ဟက်တာလျှင် ပျမ်းမျှ ကာဗွန် ၁၀၂၃ မီလီဂရမ် သိုလှောင်ထားနိုင်သည်။

    ထို့ကြောင့် ကျွန်ုပ်တို့သည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များကို ပိုမိုစုပ်ယူနိုင်သည့် လမုပင်များအား မူလနေရင်းဒေသများတွင် များပြားစွာ ပေါက်ရောက်ပြန့်ပွားစေခြင်းအပြင် ရှိရင်းစွဲလမုပင်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သက်ရောက်မှုများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

Ref:-Darunee Sukanan ၏ Global warming will be a boon to mangrove forests ဆောင်းပါး။

-Myanmar Biotechnology Society။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်