ဂိုချုဂျန် ကိုရီးယားငရုတ်အနှစ်ပြုလုပ်နည်း

27/07/2021 13:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    ငရုတ်အနှစ်ကို အခြေခံချက်လုပ်ကြတဲ့ ကိုရီးယားအစားအစာတွေက လူငယ်တွေရဲ့ အကြိုက်ဆုံးတွေထဲမှာ ပါဝင်လာပါတယ်။ တော့ပိုကီကစလို့ ကိုရီးယားထမင်းသုတ်၊ အသားကင်တွေမှာလည်း ငရုတ်အနှစ်တွေ ထည့်သွင်းအသုံးပြုကြတာကို မြင်ဖူးမှာပါ။ ကိုရီးယားအစားအစာတွေနဲ့လည်း ရင်းနှီးနေကြပြီးဖြစ်သလို ကိုရီးယားဟင်းလျာတွေချက်ပြုတ်တဲ့အခါ မပါမဖြစ်ထည့်တဲ့ ငရုတ်အနှစ်လေးကိုလည်း သတိထားမိကြမှာပါ။ အသင့်ပြုလုပ်ပြီးသား ငရုတ်အနှစ်ဘူးတွေကို စူပါမားကတ်ကြီးတွေမှာ ဝယ်လို့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မဝယ်ဖြစ်တဲ့အခါ အိမ်မှာပဲလုပ်စားလို့ရအောင် ပြုလုပ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းများ

ငရုတ်သီးမှုန့်

အချဉ်ဖောက်ထားတဲ့ ပဲပုပ်အမှုန့်

Malt အရည်ပြုလုပ်ရန် မုရောစပါး(သို့မဟုတ်)ဆန်လုံးညို

ကောက်ညှင်းဆန် ချက်ပြီးသား

ပဲငံပြာရည်

ဆား

ရေ

    ဂိုချုဂျန်ရဲ့ အဓိကလျို့ဝှက်ချက်ကတော့ အချဉ်ဖောက်တဲ့ဖြစ်စဉ်ပါ။ ဂိုချုဂျန်မှာ ထည့်သွင်းမယ့် ပဲပုပ်အမှုန့်ကို အရင်ပြင်ဆင်ရပါမယ်။

အချဉ်ဖောက်ပဲပုပ်မှုန့် ပြင်ဆင်ခြင်း

၁။ ပဲပုပ်စေ့တွေကို ပြုတ်ပါ။

၂။ ထုထောင်းပြီး အုတ်ခဲလို အတုံးလေးတွေလုပ်ပြီး နေခြောက်လှန်းရမှာပါပဲဖြစ်ပါတယ်။ ကိုရီးယားမှာကတော့ နေပြလို့ အနည်းငယ်ခြောက်တဲ့အခါ ကောက်ရိုးတွေနဲ့ အဆိုင်းလုပ်ပြီး တွဲလောင်းချကာ ခြောက်သွေ့မှုညီအောင်လုပ်ကြပါတယ်။ ငရုတ်အနှစ်ပြုလုပ်ရာမှာ ဒီပဲပုပ်မှုန့်ရဲ့ အရသာက အဓိကဖြစ်လို့ မှော်တုံးလေးတွေလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ မက်ဂျူလို့လည်း ခေါ်ကြပါတယ်။

၃။ ဒီလို နေပြပြီးသားအတုံးလေးတွေကို ခပ်နွေးနွေးနေရာလေးမှာထားပြီး အချဉ်ဖောက်ကြပါတယ်။ အတုံးလေးတွေမှာ မှိုတွေစွဲလာပြီဆို အချဉ်ဖောက်တဲ့လုပ်ငန်းစဉ် အောင်မြင်ပါပြီ။

၄။ ပဲပုပ်အတုံးလေးတွေကို အမှုန့်ကြိတ်ထားပါ။

(ဒီလိုအခြောက်ခံထားတဲ့ ပဲပုပ်တုံးလေးတွေကို  ဂန်ဂျန်လို့ခေါ်ကြတဲ့ ပဲငံပြာရည်လုပ်လို့လည်းရပါပြီ။ ဒင်းဂျန်လို့ခေါ်တဲ့ ပဲငါးပိလုပ်နည်းကတော့ ဒီပဲပုပ်အတုံးတွေကိုချေမွေပြီး ဆား၊ ဆန် တို့နဲ့ ရောနှောထားခြင်းပါ။)

ထည့်စရာအိုး ပြင်ဆင်ခြင်း

မြေအိုးတစ်လုံး လိုအပ်ပါတယ်။

ကိုရီးယားရိုးရာနည်းတွေမှာတော့ မြေအိုးနဲ့သိပ်တာက အကောင်းဆုံးငရုတ်အနှစ်ကို ရစေပါတယ်လို့ ဆိုပါတယ်။ (မြေအိုးမရှိရင်လည်း ဖန်ပုလင်း ပလတ်စတစ်ပုလင်းတွေနဲ့ သိပ်လို့ရပါတယ်။

အသုံးပြုမယ့်အိုးကို ရေနွေးနဲ့ဆေးထားပါ

အသုံးမပြုခင် တစ်ရက်အလိုမှာ မီးခိုးမှိုင်းတိုက်ပါသေးတယ်။ မီးသွေးအနည်းငယ်အပေါ်ကို နှမ်းစေ့တွေဖြူးလိုက်ပြီး အိုးကို အပေါ်ကနေမှောက်လိုက်တာပါ။ 

တစ်ညလုံးထားပါ။ မနက်မှ အိုးအတွင်းပိုင်းကို အဝတ်သန့်သန့်လေးနဲ့ လိုက်သုတ်လိုက်ပါ။ 

ပြုလုပ်ခြင်း

၁။ ရေ ၅ လီတာမှာ မုရောစပါး(သို့မဟုတ်)ဆန်လုံးညို ၇၅၀ ဂရမ်ကို တစ်ညစိမ်ထားပါ။

၂။ ကောက်ညှင်းဆန် ၁ ကီလို ကို ရေ ၂ ဆဖြင့် ရေစိမ်ထားပါ။

၃။ ဘာလီစေ့ (သို့)ဆန်လုံးညို ရေစိမ်ပြီးသားကို အဝတ်ပါးစနှင့်စစ်လိုက်ပြီး အရည်ယူထားပါ။

၄။ ကောက်ညှင်းဆန်စိမ်ပြီးသားတွေကို အမှုန့်ကြိတ်ပါ။

၅။ ကောင်ညှင်းဆန်မှုန့်တွေကို မုရောအရည်ထဲသို့ရောပါ။ (ဒီအရောအနှောကို 140 ဒီဂရီ ဖာရင်ဟိုက်လောက်အထိ  ၅ နာရီအပူပေးပါ။ ဒီလိုပြုလုပ်ရခြင်းက အချဉ်ပေါက်ဘက်တီးရီးယားလေးတွေ နိုးထလာဖို့ပါ။)

၆။ အရည် ၂၀%လောက်လျော့သွားသည်အထိ မီးအသင့်တင့်နှင့် ချက်ပါ။ အအေးခံပါ။

၇။ ၇၅၀ ဂရမ် ဆားထည့်ပါ

၈။ ၅၀၀ ဂရမ် ပဲပုပ်မှုန့်ထည့်ပါ။

၉။ ၁.၅ ကီလိုဂရမ် ငရုတ်အနုမှုန့်ထည့်ပါ။

၁၀။ ပဲငံပြာရည် အနည်းငယ်ထည့်ပါ။

(ကောက်ညှင်းဆန်ချက်ပြီးသားကို သုံးနိုင်ပါသည်၊ ကောက်ညှင်းချက်ပြီးသားကို သုံးပါက ဆန်လုံးညိုအရည်ကိုသာကြိုပါ။ အအေးခံပြီး ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပါ။)

    အားလုံး သမအောင်မွှေပါ။ ပြီးရင်တော့ အချဉ်သိပ်မယ့် အိုးထဲကိုထည့်ပါ။ မျက်နှာပြင်ပေါ်ကနေ ဆားအနည်ငယ်ဖြူးပေးပြီး မှိုမတက်အောင်လုပ်ပါ။ ၆ လကြာတဲ့အခါမှာတော့ ကိုရီးယားအရသာစစ်စစ် ငရုတ်သီးအနှစ် ဂိုချုဂျန်ကို ရရှိမှာဖြစ်ပါတယ်။ တော့ပိုကီကစလို့ ကိုရီးယားဟင်းလျာတိုင်းလိုလို ထည့်သွင်းအသုံးပြုကြတဲ့ ကိုရီးယားငရုတ်အနှစ်ကို အိမ်မှာပြုလုပ်ကြည့်နိုင်ပါပြီ။ ဒီနည်းနဲ့ ပြုလုပ်တဲ့ ငရုတ်အနှစ်က သက်တမ်း ၅ နှစ်လောက်ရှိရင်တော့ အရသာအကောင်းဆုံး ငရုတ်အနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: ဒီနည်းလေးကတော့ ကိုရီးယားကင်ချီ မာစတာချက် ဆရာမ LeeHaYeon ကပြောပြတဲ့နည်းလေးဖြစ်ပါတယ်။https://www.youtube.com/watch?v=GDng1PHsgHE&list=LL&index=1 ပါဝင်ပစ္စည်းတွေနဲ့ အချိုးအစားတွေကိုတော့ ကိုရီးယား food blogger https://www.youtube.com/c/KimchimariByJJ/about ထံမှလည်း ကိုးကားထားတာဖြစ်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်