သဘာဝဘေးကို စုပေါင်းအင်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြမယ်

15/08/2019 09:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မုတ်သုံမိုးသည် လယ်ယာစိုက်ပျိုးရေးအတွက် အလွန်အရေးကြီးသကဲ့သို့ မုတ်သုံဝင်ရောက်ချိန်တွင် ရေကြီးမှု၊ မြေပြိုမှုဖြစ်စဉ်များကလည်း လူပေါင်းများစွာကို ဘေးဒုက္ခခံစားရစေသည်။ ရေကြီးရေလျှံမှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးကြသည်သာမက စိုက်ပျိုးမြေများ၊ လမ်းတံတား၊ အဆောက်အအုံများပါ ပျက်စီး ဆုံးရှုံးကြသည်။ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးအန္တရာယ်သည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကြုံတွေ့နေကြရပြီး အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် နီးကပ်သည့် နိုင်ငံများတွင် ရေဘေးဒုက္ခကို အများဆုံးခံစားကြရသည်။ ယင်းနိုင်ငံများတွင် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ပြီး မြစ်ရေကြီးခြင်းကြောင့် ရေကြီးရေလျှံမှုဒုက္ခကို ထိပ်ဆုံးမှခံစားရသည့် နိုင်ငံ ၁၅ နိုင်ငံမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးနီးယား၊ ဘရာဇီး၊ ထိုင်း၊ ကွန်ဂို၊ အီရတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်ကြသည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရေဘေးဒုက္ခခံစားရသော နိုင်ငံများတွင် တစ်နှစ်လျှင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၅၂၀ ဘီလီယံခန့် ဆုံးရှုံးနိုင်ခြေရှိသည်ဟု ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

ကမ္ဘာ့ပထဝီဝင်အနေအထားအရ အာဆီယံနိုင်ငံအများစုသည် ရေကြီးခြင်း၊ ရေလွမ်းမိုးခြင်း အဖြစ်များသည့် နေရာဒေသများတွင် တည်ရှိနေသည်။ ထို့ပြင် တောင်အာရှတွင်ရှိသည့် နိုင်ငံအချို့သည်လည်း ရေဘေးအန္တရာယ်ကို အများဆုံး ကြုံတွေ့ရင်ဆိုင်ကြရသည်။ မြစ်ချောင်း၊ အင်းအိုင်များနှင့် နီးကပ်စွာတည်ရှိသော နိုင်ငံများရှိ လူဦးရေ ၅၄ သန်းခန့်သည် နှစ်စဉ် ရေဘေးဒုက္ခခံစားနေကြရသည်ဟု သိရသည်။ လာမည့် ၁၀ နှစ်ကျော်ကာလအတွင်း အာဆီယံနိုင်ငံများတွင် မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့သဘာဝရင်းမြစ်များဆိုင်ရာ အင်စတီကျူ့၏ လေ့လာမှု စစ်တမ်းအသစ်များတွင် ဖော်ပြထားသည်။ 

သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရာတွင် ပြည်သူများ ဘေးအန္တရာယ်ကျရောက်မှုနှင့် ထိခိုက်နစ်နာမှု လျော့ပါးရေးအတွက် မကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများကို ဘေးဒဏ်ကျရောက်တတ်သော ဒေသခံပြည်သူများအနေဖြင့် သိရှိထားရန် လိုအပ်သကဲ့သို့ ဘေးဒဏ်ကျရောက်နေစဉ် အရေးပေါ် ကယ်ဆယ်ဆောင်ရွက်ခြင်းနှင့် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး ပေါင်းစည်းပြီး ညီညွတ်မှုအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ရင်ဆိုင်ကျော်လွှားကြရမည် ဖြစ်ပါသည်။ 

စာတည်းမှူး

Source – ဒို့ကျေးရွာ ဂျာနယ်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်