ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ပေးမယ့် ရေ (၆ ) မျိုး(Detox water)

05/12/2019 12:30 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီတစ်ခါ​တော့ Detox water လို့​ခေါ်တဲ့ ကျန်းမာ​ရေး​အရရော အလှအပအတွက်အကျိုးပြုတဲ့ ဆေးဖက်ဝင်ရေများအ​ကြောင်း​ ပြောပြချင်ပါတယ်ဗျ။​ ရေထဲကို ​ဆေးဘက်ဝင် အသီး ဒါမှမဟုတ် ​ဆေးပင်​တွေစိမ်ပြီး​ သောက်ကြတဲ့ပုံစံပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းကိုသုံးပြီး လွယ်လွယ်ကူကူလုပ်လို့ရတယ်ဗျ။

၁။ သံပုရာသီး

​ရေ​နွေးထဲကို သံပုရာသီးညစ်ထည့် ပျားရည် ၁ စက် ၂ စက်​ရောပြီး​ သောက်မယ့်ဆိုရင်​တော့ ညဘက်အိပ်​နေတဲ့အချိန်တုန်းက ကုန်သွားတဲ့​ရေဓါတ်​တွေကို ပြန်ရ​စေပါတယ်တဲ့။ ကိုယ်ခံစွမ်းအားကိုလည်း​ကောင်း​စေပြီး အဆိပ်အ​တောက်ကင်း ကြည်လင်သန့်ရှင်းတဲ့အသားအ​ရေကိုလည်း ပိုင်ဆိုင်နိုင်မှာပါတဲ့ဗျာ။ 

၂။ ဇီးဖြူသီး

ဇီးဖြူသီး​တွေကို ပါးပါးလှီးပြီး ဆား​လေးနည်းနည်းနဲ့ တစ်ရက်​လောက် ​ရေစိမ်ထားပါ။ အဖတ်​တွေစစ်ပြီး ရလာတဲ့အရည်က ခန္ဓကိုယ်ကို အားပြန်ပြည့်​စေပါတယ်တဲ့။ အာနိသင်​တွေက​တော့ ဝက်ခြံ​တွေ၊ အ​ရေးအ​ကြောင်း​တွေကို သက်သာ​စေပြီး။ အသားအ​ရေကို တင်းရင်းလှပ​စေမှာပါတဲ့ဗျာ။ ကိုယ်ခံစွမ်းအား​ကောင်းရုံမက အမြင်အာရုံကိုလည်း ​ထောက်ပံ့​ပေးပါတယ်တဲ့။

၃။ စမုံစပါး 

စားပွဲတင်ဇွန်း ၂ ဇွန်း​လောက်ကို ​ရေ​နွေးဆူဆူ ၁ လီတာ​လောက်ထဲကိုထည့်ပြီး တစ်ရက်​လောက်ထားထားတဲ့ ​ရေပါ။ အစားစားချင်စိတ်ကို ထိန်းထား​ပေးတဲ့အတွက် ဝိတ်ချတဲ့ မမ ​တွေ ​ဒေါ်​ဒေါ်​တွေအတွက် အသုံးဝင်ဆုံးဖြစ်ပါလိမ့်မယ်ဗျ။​ သွေးသန့်​စေပြီး ညဘက်​တွေလဲ ​ကောင်း​ကောင်းအိပ်​ပျော်​အောင် ကူညီ​ပေးမှာပါတဲ့ဗျာ။ 

၄။ နံနံ​စေ့

နံနံ​စေ့ ၂ ဇွန်း​လောက်ကို  ​ရေဖန်ခွက်ဝက်​လောက်နဲ့ ပြုတ်ပါ။ မီး​အေး​အေးနဲ့ ၁၅ မိနစ်​လောက်ဆို ရပါပြီဗျ။ အရည်စစ် အ​အေးခံပြီး ပျားရည်တစ်ဇွန်း​လောက်နဲ့​ ရော​သောက်ရင်​တော့ အရသာရှိရှိ​ဆေးတစ်ခွက်ကိုရမှာပါဗျ။ မနက်​စော​စော ဘာမှမစားခင်မှာ​သောက်မယ်ဆိုရင် အသားအ​ရေကို ကြည်လင်​စေမှာပါတဲ့။ ဆံသား​တွေအတွက်လည်း ​ကောင်းမွန်​စေပါတယ်တဲ့ဗျာ။ 

၅။ ပင်စိမ်း

ပင်စိမ်းရွက်နည်းနည်းကို ငရုတ်​ကောင်း​စေ့ ၂ ​စေ့​လောက်နဲ့ ပြုတ်​သောက်မယ်ဆိုရင်​တော့ အဖျား​ရောဂါ​တွေနဲ့ တခြားဗိုင်းရပ်​ရောဂါ​တွေကို တိုက်ထုတ်နိုင်ပါတယ်တဲ့။ ငှက်ဖျားရောဂါမျိုး​တွေအတွက် မြန်မြန်နလန်ထူနိုင်​စေပါတယ်တဲ့ဗျာ။ စိတ်ဖိစီးမှု​တွေကို ​လျေ့ကျ​စေပြီး​ သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိ​ပေးပါ​သေးတယ်။ သွားကျန်းမာ​ရေးအတွက်လည်း ​ကောင်းပါတယ်တဲ့ဗျာ။

၆။ ဂျင်းပြုတ်​ရေ

ဂျင်းပြုတ်​ရေကို ပျားရည်နဲ့​ရော​သောက်မယ်ဆိုရင်​တော့ အရိုးအဆစ်နာတာ ​ရောင်ရမ်းတာ​တွေကို ​လျော့ကျ​စေမှာပါတဲ့။ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း​တွေကိုလည်း သက်သာ​စေတယ်။ ကင်ဆာဖြစ်​စေတဲ့ဓါတ်​တွေကို ဖယ်​ပေးတဲ့အာနိသင်ပါလို့ ခေတ်လူငယ်​တွေအ​နေနဲ့ ​သောက်သင့်ဆုံး detox water ပါဗျာ။

ကဲ.....​ကော်ဖီ​တွေ ကိုလာ​တွေ အချိုရည်​တွေ​သောက်ရာက​နေ detox water ​ပြောင်း​သောက်ရ​အောင်လားဗျာ။

ထွန်းရာဇာ

Sources,https://www.google.com/amp/s/www.indiatimes.com/amp/health/healthyliving/these-6-detox-water-recipes-will-help-you-lose-weight-and-stay-healthy-275315.html


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်