မြန်မာ့ရိုးရာစားစရာထန်းလျက်နှင့် ကျန်းမာရေးအာနိသင်များ

27/08/2019 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁) နေ့စဉ် စားသုံးခြင်းဖြင့် သွေးသားကို သန့်စင်စေသည်။

(၂) အစာကြေစေပြီး အချိုစားလိုစိတ် ရုတ်တရက်ဖြစ်လာတတ်သော အခါမျိုးတွင် ထန်းလျက်ကို သတိရလိုက်ပါ။

(၃) ထန်းလျက်ကို ဂျင်းနှင့်ရော၍ စားသုံးခြင်းဖြင့် အဆစ်အမြစ်နာကျင်ခြင်းကို သက်သာစေပြီး အဆစ်များ ခိုင်မာလာစေသည်။

(၄) စားသုံးခြင်းဖြင့် အသားအရေနှင့် ဆံပင်ကျန်းမာစေပြီး မျက်နှာပေါ်တွင် ဝက်ခြံ၊ အမည်းကွက်များထွက်ခြင်းကို ဟန့်တားပေးနိုင်သည်။

(၅) နေ့စဉ် ထန်းလျက်ရည် စားပွဲဇွန်း(၁)ဇွန်း သောက်ခြင်းဖြင့် အမျိုးသမီးများ လစဉ်ဓမ္မတာမလာမီ ဝမ်းဗိုက်နာကျင်ကိုက်ခဲခြင်းကို သက်သာစေသည်။

(၆) ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်လွယ်ချိန်၌ ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်နိုင်သည်။

စားသုံးနည်းများ

(၁) အဆုတ်ပွ၊ ပန်းနာရောဂါအတွက် နှမ်းနက်ဖြင့် စားသုံးပါ။

(၂) အားနည်းခြင်းအတွက် ထန်းလျက် စားပွဲဇွန်း (၁) ဇွန်း တစ်နေ့ (၂)ကြိမ် စားပါ။

(၃) ကြွက်သားများသန်စွမ်းစေရန် နို့နှင့် ရောသောက်ပါ။

(၄) မောပန်းခြင်းအတွက် တစ်နေ့လျှင် ထန်းလျက်စားပွဲဇွန်း (၁) ဇွန်း သောက်ပါ။

(၅) လစဉ် ဓမ္မတာလာစဉ်နှင့် မလာမီ ဖြစ်တတ်သောနာကျင်မှုများအတွက် တစ်နေ့လျှင်စားပွဲဇွန်း(၁)ဇွန်း သောက်ပါ။

နှင်း

Credit to Health Updates Journal

Vol.2, No.30

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်