ဇော်ဂျီတောင်ဝှေးပင်

31/10/2019 09:37 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျိုးရင်း ။     ။ Liliaceae ( နှင်းပန်းမျိုးရင်း)

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ 

သဘာဝအလျောက်ပေါက်ရောက်သည်။ ဘုရားညောင်ရေအိုးပန်းထိုးရန်အတွက် လည်းကောင်း၊ အလှအဖြစ်လည်းကောင်း ခြံဝင်းများတွင်လည်း စိုက်ပျိုးကြသည်။

မြန်မာဆေးကျမ်းများအလိုအရ ဇော်ဂျီတောင်ဝှေးသည် အရသာဖန်သည်။ အေးသည်။ သွေးအန်၊ သွေးကျ၊ သွေးသွန်နာကိုနာ၍ သည်းခြေအပူကို လွန်စွာငြိမ်းအေးနိုင်သည်။

အရွက်၏ အသုံးဝင်ပုံ

၁။ အရွက်ကို ရေနှင့်ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်သည်။ သကြားနှင့် ကျိုသောက်သော် ဝမ်းကောင်းစေမှန်စေသည်။ ထန်းလျက်နှင့် ကျိုသောက်သော် အူရောင်ရောဂါ၊ အသည်းရောင် ရောဂါတို့ ပျောက်သည်။ 

၂။ ရွက်နုများကို ပါးပါးလှီး၍ သုပ်စား တို့စားလျှင် ဝမ်းကိုက်ရောဂါပျောက်သည်။ ဝမ်းကိုလည်း ကောင်းစေသည်။ 

၃။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း၊ အသည်းရောင်ခြင်းနှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများပျောက်သည်။ နွားနို့နှင့် ပြုတ်သောက်ပါက ရင်ဘက်နာရောဂါ ပျောက်သည်။

အမြစ်၏ အသုံးဝင်ပုံ

၁။ အမြစ်ကိုသွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်းသွေးလျှံ၊ သွေးကျခြင်းများ ပျောက်သည်။

၂။ လျှာ၌ အနာ၊ အဖုအပိမ့်များပေါက်လျှင် ဇော်ဂျီတောင်ဝှေးမြစ်ကိုသွေး၍ ဆားနည်းငယ်ထည့်ပြီး လျှာနာကို နှိုက်ပေးရသည်။

၃။ အမြစ်ကို ပြုတ်သောက်က ဝမ်းကောင်းစေသည်။

၄။ အမြစ်ကို သွေးလိမ်းသော်  ဝဲစို၊ ဝဲခြောက်နာ၊ ပေါင်ခြံ၊ ကွဲနာနှင့် အခြားအနာအဆာများ ပျောက်သည်။

ပဥ္စငါးပါး

၁။ အမျိုးသမီးများ မီးယပ်မပေါ်သော် ဇော်ဂျီတောင်ဝှေး ပဥ္စငါးပါးပြုတ်ရည်ကို သကြား၊ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်ကင်းသည်။ 

၂။ ဇော်ဂျီတောင်ဝှေး ပဥ္စငါးပါး ပြုတ်ရည်ကို သကြား၊ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဥ်သောက်သော် အဆုတ်နာ ပျောက်သည်။ 

၃။  ဇော်ဂျီတောင်ဝှေး ပဥ္စငါးပါးကြိတ်ညှစ်ရည်၊ ချင်း၊ ထန်းလျက်ရည်တို့ ဆတူစပ်၍ နေ့စဉ်သောက်သော် အမျိုးသမီးများ သွေးသားမှန်ကန်၍ လှစေ ဝစေသည်။ အမောလည်း ခံနိုင်သည်။ အမျိုးသမီးကြီးများ သွေးဆုံးရောဂါကိုလည်း ပျောက်ကင်းစေနိုင်သည်။ 

မြန်မာ့ဆေးဝါးပင်များ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်