ဗားရှင်းအသစ်မှာ ပါဝင်လာမယ့် Google ကြော်ငြာ

16/06/2021 10:29 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစိမ်းရောင်လမ်း သုံးစွဲသူများ မင်္ဂလာပါခင်ဗျာ

မကြာခင်မှာ အစိမ်းရောင်လမ်းက software update (version no. 3.5.3)ထွက်ရှိလာပါတော့မယ်။ ထူးခြားချက်အနေနဲ့ တစ်ချို့သော နေရာတွေမှာ google ads လို့ခေါ်တဲ့ online ကြော်ငြာတွေ တက်နေတာကို စိတ်မကောင်းစွာနဲ့ တွေ့ရမှာပါ။ 

ကျွန်တော်တို့အနေနဲ့ ဒီလို ကြော်ငြာတွေကို app သုံးစွဲသူတွေ အနှောင့်အယှက်ဖြစ်မှာစိုးတာတစ်ကြောင်း၊ ကြောငြာဆိုတာ ပညာပေးခြင်းတစ်မျိုးလို့ ခံယူထားတာ တစ်ကြောင်း စတဲ့ အကြောင်းတွေနဲ့ အရင်ကတည်းက အလားတူ ကြော်ငြာကုမ္ပဏီတွေ ကမ်းလှမ်းလာတာ ရှိပေမဲ့ ငြင်းပယ်ခဲ့ပြီး ပြည်တွင်းစိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေရဲ့ ကြော်ငြာရဖို့ပဲ အားထားပြီး ကြိုးစားခဲ့ကြပါတယ်။ ကြော်ငြာစနစ်ကိုလည်း ကြည့်ရှူသူတိုင်းက မေးမြန်းဆွေးနွေးနိုင်မဲ့ comment section၊ ကုန်ပစ္စည်းအကြောင်းဖော်ပြချက်၊ Follow လုပ်နိုင်မယ့် လုပ်ဆောင်ချက်၊ Like, love reaction၊ စတဲ့ လုပ်ဆောင်ချက် အသေးစိတ်တွေပါ အောင် လုပ်ထားပါတယ်။ 

ဒါပေမဲ့လည်း အများစုက Facebook ကမှ ပိုထိရောက်တယ်ထင်တာ၊ စာအုပ် ဂျာနယ်ကမှ နယ်အထိ ပြန့်တယ်လို့ ယူဆတာ၊ အစိမ်းရောင်လမ်းပေါ်က တိကျတဲ့ သုံးစွဲသူ အရေအတွက် (number of verified user )ထက်  ပြန့်နှံ့နေတဲ့သုံးစွဲသူအရေအတွက် (number of refuted user) က ပိုများနေတာစတာတွေကြောင့် ဈေးသက်သာတဲ့ ဒစ်ဂျစ်တယ် စနစ်မှာ စွန့်စားလာဖို့ အစိမ်းရောင်လမ်းအနေနဲ့ စည်းရုံးဆွဲဆောင်မှုမှာ အားနည်းခဲ့ပါတယ်။ 

ဒီကာလမှာ ရေရှည်ရပ်တည်ဖို့ အတွက် နည်းလမ်းမျိုးစုံကို ကြိုးစားပြီး ရှာဖွေနေကြပါတယ်။​ အများစုက ကိုယ့်အားကိုယ်ကိုးရမယ့် နည်းလမ်းတွေက အများသား။ ဒါကလည်း အဆန်းကြီးတော့ မဟုတ်တော့ပါဘူးလေ။ ဒါ့ကြောင့်လည်း  ဝင်ငွေရဖို့သေချာတဲ့ Google ads ကို စပြီးထည့်တော့မယ်လို့ စိတ်မကောင်းကြီးစွာနဲ့  ဆုံးဖြတ်ခဲ့ကြပါတယ်။

 ပြည်တွင်းက ကြော်ငြာရှင်တွေကိုတော့ အားမလျော့သေးပဲ ကြိုးစားသွားအုန်းမှာပါ။  ကြော်ငြာချင်တဲ့သူရှိလာရင်လည်း သူလိုချင်တဲ့နေရာမှာ ကြော်ငြာနိုင်အောင်လည်း Google ads ကို အဲဒီနေရာအတွက် ပိတ်ထားပေးမယ့် လုပ်ဆောင်ချက်လည်း လုပ်ထားပါတယ်။ 

Startups တစ်ဖွဲ့မှာ အတက်အကျတွေရှိတယ်ဆိုပေမယ့် ဒီတစ်ခါ အကျကတော့ အခါတိုင်းထက်တော့ တော်တော်ကြမ်းပါတယ်။​ ရှေ့လျှောက်လည်း ရုန်းကြရဦးမယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးက  ခံနိုင်ရည်နဲ့ တောင်သူအကျိုးပြုချင်တဲ့ စိတ်ဓာတ်ကတော့ ပြင်းကြပါတာကတော့ ဂုဏ်အယူရဆုံး ပါပဲ ။

နောက်ဆုံးအနေနဲ့ Google ads တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင် အစိမ်းရောင်လမ်း သုံးပြုသူများကို တောင်းပန်ပါတယ်လို့ နောက်တစ်ခေါက်ပြောချင်ပါတယ်ဗျ။

အကယ်၍ စိုက်ပျိုးရေးလုပ်ငန်းကြော်ငြာရှင်တွေ ကြော်ငြာမယ်ဆိုရင်တော့ ဒီဖုန်းနံပါတ်  09 765408647 ဒါမှမဟုတ် ဒီအီးမေး mmthu@greenwaymyanmar.com ဒါမှမဟုတ် ဖေ့ဘုတ် စာမျက်နှာ cb ကနေ ဆက်သွယ်ပေးကြပါနော်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်