ဂေါက်ရောဂါနဲ့ ကော်ဖီ

25/01/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဂေါက်ရောဂါဆိုသည်မှာ ရိုးဆက်ရောင်ရမ်းနာရောဂါဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဂေါက်ရောဂါနှင့်ကော်ဖီအကြောင်းကို ကျန်းမာရေးဗဟုသုတတိုးပွားအောင်ဖော်ပြလိုပါသည်။ 

ဂေါက်ရောဂါဖြစ်တတ်တဲ့သူအများစုက ဘီယာများများသောက်လေ့ရှိသူများ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား အစရှိသည့်အနီရောင်ရှိသည့် အသားများကို အလွန်အကျွံ စားသုံးခြင်းတို့ကြောင့် ဂေါက်ရောဂါအဖြစ်များကြောင်းကို သုတေသီများမှ ဖော်ပြခြင်းဖြင့် သိရပါသည်။ ရောဂါလက္ခဏာမှာ အဆစ်များအထူးသဖြင့် ခြေဆစ်များရောင်၍ နာကျင်ခြင်းဖြစ်သည်။ ဂေါက်ရောဂါသည် သွေးထွဲမှ ယူရစ်အက်စစ်၏ပုံဆောင်ခဲများ အဆင်အတွင်း အနယ်ကျသဖြင့် ဤရောဂါကိုဖြစ်စေသည်ဟု သုတေသီများဆိုသည်။ 

ဗြီတိန် ကိုလံဘီယာတက္ကသိုလ်မှ ကနေဒါသုတေသီအဖွဲ့၏ လေ့လာချက်အရ ကော်ဖီကိုနေ့စဉ်လေးခွက်နှင့်အထက် သောက်သုံးသူများ၏ သွေးအတွင်းရှိ ယူရစ်အက်စစ်ပမာဏများ လျော့ကျသည်ကိုတွေ့ရသည်ဟုဆိုသည်။ လက်ဖက်ရည်များများသောက်သူများတွင် ယူရစ်အစ်စစ်ပမာဏလျော့ကျကြောင်း မတွေ့ရသဖြင့် ယူရစ်အက်စစ်ပမာဏမှာ ကဖိန်းဓာတ် မဟုတ်ကြောင်း သုတေသီများ ယူဆကြသည်။

နေ့စဉ်ကော်ဖီတစ်ခွက် သို့မဟုတ် တစ်ခွက်ပြည့်အောင် မသောက်သူများနှင့်နှိုင်းယှဉ်လျှင် နေ့စဉ် ကော်ဖီလေးခွက်နှင့်အထက်သောက်သူများသည် သွေးထဲတွင် ယူရစ်အက်စစ်ပမာဏနည်းကြောင်းကို တွေ့ရပေသည်။ 

ယူရစ်အက်စစ်ပမာဏများခြင်းတစ်ခုတည်းကြောင့် ဂေါက်ရောဂါကို ဖြစ်စေသည်တော့ မဟုတ်ပါ။ အချိုသောသူများ၏ သွေးထဲတွင် ယူရစ်အက်စစ်ပမာဏ အမြဲတမ်းများနေသော်လည်း ဂေါက်ရောဂါမခံစားကြရသဖြင့် သုတေသနတွေ့ရှိချက်အပေါ် အဓိပ္ပာယ်ကောက်မလွဲကြစေရန် သတိပေးစကားများလည်းရှိပါသည်။

တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ကော်ဖီအလွန်အကျွံသောက်သုံးသူများသည်လည်း ဘေးထွက်ဆိုးကျိုးများခံစားရတတ်ပါသည်။ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး နေ့စဉ်သောက်သုံးနေသောခွက်အရေအတွက်ကို သတ်မှတ်သင့်ပါသည်။ ကော်ဖီစစ်စစ်သည် ရောဂါများစွာတို့တွင် သဘာဝဆေးဝါးအဖြစ် အသုံးဝင်ပါသည်။ ဒါ့ကြောင့် ကော်ဖီစစ်စစ်ကို ဆေးဝါးဖြစ်စေရန် စနစ်တကျသောက်သုံးကြဖို့ တိုက်တွန်းလိုက်ပါသည်။

ဤနေရာတွင် ကော်ဖီသည် ဓာတုကော်ဖီမဟုတ်သော သဘာဝရိုးရိုးကော်ဖီပင်ဖြစ်သည်။

နည်းပညာများကို ကျော်တင့်ဆွေ၏ “အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်