ပဲမျိုးစုံအတွက် ကြမ်းပိုးစိမ်း ကာကွယ်နှိမ်နင်းနည်း

07/01/2022 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပဲမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်သည်။ စိုက်ပျိုးပြီး ရက်(၄၀-၇၀) အတွင်း ကျ၇ောက်တတ်သည်။ အပွင့်စပွင့်ပြီး အစေ့၊ အဆန်တည်ချိန်တွင် ဆိုးရွားစွာဖျက်ဆီးတတ်သည်။ ပဲပုပ်၊ ပဲလွန်းတို့တွင် အဓိကကျရောက်သည်။ တစ်ခါတစ်ရံကွက်ကြားကျရောက်ပြီး ဆိုးရွားမှုမရှိပေ။

ဘဝစက်ဝန်း

ကြမ်းပိုးမသည် အရွက်ပေါ်တွင် ဥများဥချသည်။ ဥအရောင်မှာ ထောပတ်ရောင်ရှိပြီး ၁၀-၉၀ အထိ ဥနိုင်သည်။ ဥချပြီး ၂-၃ ရက်ခန့်ကြာလျှင် ပန်းရောင်ပြောင်းသွားပြီး အကောင်ငယ်များ စတင်ပေါက်လာသည်။ အရေခွံလဲထားသော အကောင်ငယ်များသည် ဥခွံများနှင့်အတူနေပြီး အရွက်နုများ၊ အသီးများဆီသို့သွားကြသည်။ ဥမှပေါက်ခါစ အကောင်ငယ်များသည် တောက်ပသောအနက်ရောက်ရှိပြီး တဖြည်းဖြည်း အရောင်ဖျော့ကာ အကောင်ကြီးအဆင့်ရောက်သောအခါ အစိမ်းရောင်ဖြစ်သွားသည်။ ဥဘဝမှအကောင်ကြီးဘဝအထိ ၁ လခွဲခန့်ကြာပြိး ၁၆ မီလီမီတာခန့်ရှည်လျားသည်။ အချို့မှာ ဥဘဝမှ အကောင်ကြီးဘဝအထိ ၆ လခန့်ကြာသည်။

ဖျက်ဆီးမှုလက္ခဏာ

ပဲပင်များ၏ အစိမ်းရောင်အသီးနှင့် အစေ့များတွင် ကျရောက်ဖျက်ဆီးသည်။ အကောင်ကြီးနှင့် ပိုးလောင်းကောင်များသည် အသီးမှအရည်ကိုစုပ်စားသဖြင့် အစေ့အဆန်တည်ခြင်းမတွေ့ရပေ။ မှိုရောဂါ Nematosopra coryl ကိုသယ်ဆောင်သော ပိုးလည်းဖြစ်သည်။ ဖွံ့ဖြိုးစအစေ့ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး မှိုရောဂါကူးစက်စေသည်။ အဓိကဖျက်ပိုးမဟုတ်သော်လည်း တစ်ခါတစ်ရံကွက်ကြားကျ၍ ဆိုးရွားစွာဖျက်ဆီးတတ်သည်။ 

အစုအဝေးလိုက်စားသောက်ဖျက်ဆီးကြပြီး ပါးစပ်မှထုတ်သော စစ်ထုတ်ရည်ကြောင့် အပင်များ ညှိုး၍သေသည်ကိုတွေ့ရပေမည်။ အကောင်ကြီးများစုပ်စားသောအနာကွက်သည် ပုပ်သွားပြီး အနက် (သို့မဟုတ်) အညိုရောင်ပျော့ကွက်များဖြစ်နေသည်ကို တွေ့ရတတ်သည်။ ဆိုးရွားစွာကျရောက်လျှင် အထွက်နှုန်းကို ကျဆင်းစေနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • ခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။
  • ဥဘဝတွင် ကပ်ပါးပြုနေသော Hymernoptera မျိုးစဉ်မှ Scelioidea မျိုးရင်းသည် ကြမ်းပိုးစိမ်းကို ကာကွယ်နိုင်သည်။ ကပ်ပါးသည် ၁၆-၁၈ ရက်ကြာလျှင် ဘဝစက်ဝန်းပြည့်စုံသည်။
  • ထောင်ချောက်သီးနှံများစိုက်ပျိုးပြီး ကာကွယ်နှိမ်နင်းနိုင်သည်။
  • ထိသေ၊စားသေပိုးသတ်ဆေးတစ်မျိုးမျိုးကို ပန်းပွင့်ချိန်နှင့် အသီးစတင်ဖြစ်ပေါ်ချိန်တွင် ပက်ဖျန်းနိုင်သည်။

နည်းပညာများကို အောင်ဝင်းထွဋ်၏ “မြေပဲနှင့် အခြားပဲမျိုးစုံ စိုက်ပျိုးနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ဆလက်ပလပ်စ်ကဘယ်လိုအစွမ်းအာနိသင်‌တွေနဲ့နှိမ်နင်းပေးမှာလဲ? 👉 ဆလက်ပလပ်စ်မှာ ဥမြုံကန်းစေနိုင်တဲ့ အစွမ်းရှိတယ်။ 👉 ဖျက်ပိုးကြီးထွားမှု အရွယ်မရွေး အဆင့်တိုင်း နှိမ်နင်းနိုင်တယ်။ 👉 အရွက်အပေါ်အောက် စိမ့်ဝင်ထိုးဖောက်နိုင်စွမ်းရှိတယ်။ 👉 ဆေးသက်ကြာလို့ ပိုးထပ်မလာနိုင်အောင် ဟန့်တားနိုင်တဲ့ "နှင်ဆေး" အစွမ်းရှိတယ်။ ဒါ့အပြင် 👉 ဆလက်ပလပ်စ်က ပိုးသတ်နိုင်စွမ်းသာမက ဖော့စဖိတ်အာနိသင်ကြောင့် မြေပဲနှင့် အခြားသီးနှံတွေမှာ ဆေးဖျန်းပြီးနောက် အရောင်တောက်ကာ စိမ်းစိုသန်စွမ်းစေပါတယ်။ ကဲ..အဲ့ဒါကြောင့် တောင်သူ​တွေကပြောတယ် ဆလက်ပလပ်စ် မပြတ်​စေနဲ့တဲ့
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်