ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းအသစ်

10/08/2020 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ကျွန်တော်တို့ တောင်သူတွေ၊ အသုံးပြုသူတွေရဲ့ စကားတွေ၊ အကြံပြုချက်တွေကို အမြဲတမ်းနားထောင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ လက်ရှိဗားရှင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ

    အသစ်တင်တဲ့ ဆောင်းပါးတွေ၊ အမေးအဖြေတွနဲ့ လေ့လာသင့်တဲ့ ကဏ္ဍတွေကို စာမျက်တစ်ခုထဲမှာ တန်းစီပြီး ဖော်ပြပေးသွားမှာပါ။ ဒီတော့ ဘာဆောင်းပါးတွေ အမေးအဖြေတွေ အသစ်တက်လဲဆိုတာ တစ်နေရာထဲမှာပဲ သိနိုင်ပါပြီနော်။ 

    မိုးလေဝသနဲ့ အရေးကြီးတဲ့ သတင်း အသိပေးချက်တွေကို လူတိုင်း မြင်နိုင်၊ ဖတ်နိုင်ဖို့လည်း လုပ်ဆောင်ထားပါတယ်။

    အစိမ်းရောင်လမ်းမှာ ရောင်းနေတဲ့ ဆိုင်တွေရဲ့ အကြံပြုချက်အရ ဆိုင်တွေနဲ့ ဝယ်ယူသူတွေ တိုက်ရိုက်စကားပြောနိုင်မယ့် စကားပြောခန်းလေးကိုလည်း ထည့်သွင်းထားပါတယ်နော်။ ဝယ်ချင်တာတွေ၊ ပစ္စည်းပို့ဖို့ စတာတွေကို စကားပြောခန်းလေးမှာ အပြန်အလှန်ဆွေးနွေးသွားနိုင်ပါတယ်။ နောက်လိုအပ်လာရင် အခြားနေရာတွေအတွက်လည်း စကားပြောခန်းလေးကို ဖွင့်ပေးသွားပါမယ်။ 

    ဆောင်းပါးတွေ၊ သတင်းတွေမှာ ဆွေးနွေးချက် (comment) ဖွင့်ပေးလိုက်ပါပြီ။ စာဖတ်သူအချင်းချင်း ထင်မြင်ယူဆချက်တွေကို ဖလှယ်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။ 

မမြှင့်ရသေးရင် ဘယ်လိုမြှင့်ရမလဲ

အစိမ်းရောင်လမ်းကို စဖွင့်လိုက်တာနဲ့ ဗားရှင်းမမြှင့်ရသေးရင် အောက်ကပုံလိုမျိုး ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Google Play Store မှ ရယူရန်နှင့် အစိမ်းရောင်လမ်းမှ တိုက်ရိုက်ရယူရန် ဆိုတာပါပါတယ်။ အစိမ်းရောင်လမ်းမှ တိုက်ရိုက်ရယူရန်ကို နှိပ်လိုက်ပါ။ 

ပြီးရင် ထပ်ပေါ်လာတဲ့ထဲမှာ install ဆိုတာလေး နှိပ်လိုက်ရင် ရပါပြီနော်။ နောက်ဆုံးဗားရှင်းကိုသုံးပြီး ဒီဇိုင်းလန်းလန်းလေးနဲ့ စိုက်ပျိုးမွေးမြူရေးနည်းပညာတွေလေ့လာပြီး ပညာရှင်တွေနဲ့ ချိတ်ဆက်လိုက်ပါ။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်