ပဲတီစိမ်းတွင်ကျရောက်တတ်သော ပဲစားပျပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

11/08/2020 17:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    • အရွက်များ၊ ပန်းခိုင်များနှင့် အသီးငယ်များတွင် အနက်ရောင်ပျပိုးများ ဖုံးလွှမ်းထားသည် ကို တွေ့ရသည်။

    • ပုရွက်ဆိတ်အနက်များ ရွေ့လျားမှုနှင့်အတူ ပျားရည်ချိုးစစ်ထုတ်ခြင်းကို တွေ့ရသည်။ 

    • အရွက်နှင့်အညွန့်များ ပုံပျက်ပြီး အရွယ်ဆက်ကြီးခြင်း မရှိတော့ပါ။

ဖျက်ပိုး၏ ဝိသေသလက္ခဏာများ

    • အကောင်ငယ်များနှင့် အကောင်ကြီးများသည် ဝမ်းဗိုက်ပိုင်းတွင် အချွန်ပါရှိပြီး အနက်ရောင်ပါရှိသည်။ 

    • လေ၏အကူအညီဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြန့်ပွားနိုင်သည်။

    • ပဲပင်ပေါက်ပြီး ၂ ပတ် - ၃ ပတ်အတွင်း ကျရောက်ဖျက်ဆီးနိုင်သည်။

    • အမသည် လိင်မဲ့နည်းဖြင့် တစ်နှစ်လုံးမျိုးပွားနိုင်သည်။

    • အမသည် တစ်ခါအုလျှင် ဥပေါင်း (၃၀) ခန့်အုသည်။

    • အကောင်ကြီးသည် (၆) ရက်ခန့်အသက်ရှင်နိုင်သည်။

ကာကွယ်နှိမ်နင်းခြင်း

    အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်း အသုံးပြုပါ။ 

    • အီမာမက်စ်တင် ဘန်ဇိုအိတ် (Emamectin benzoate)

    • အင်ဒိုဇာကာ့ဘ် (Indoxacarb)

    • ထရိုင်ယာဇိုဖော့စ် (Triazophos) 

    • အင်မီဒါကလိုပရစ်ဒ် (Imidacloprid)

    • အဆီဖိတ် (Acephate)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်