လူသားတို့ကြောင့် ဖြစ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့

27/10/2023 17:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

လူတို့လုပ်ဆောင်မှုကြောင့် ရာသီဥတုပြောင်းလဲမှုတွင် သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး၊ တွင်းထွက်ဆီများကို မီးရှို့ခြင်း၊ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးများလုပ်ကိုင်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ လူသားတို့ကြောင့်ပင် ဖန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ပေါ်ပြီး ကမ္ဘာ့ကြီးပူနွေးမှုနှင့် ဖန်လုံအိမ်အာနိသင် တိုးမြင့်မှုကို ဖြစ်ပေါ်စေသည်။

၂၀၁၁ မှ ၂၀၂၀ ခုနှစ်သည် အပူဆုံးစံချိန်တင် ဆယ်စုနှစ်အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုမတိုင်ခင်ခေတ်ကာလ၏ (၁.၁) ဒီဂရီ စင်တီဂရိတ်သို့တိုးမြင့်ဖြစ်ပေါ်ခဲ့သည်။

လူတို့၏လုပ်ဆောင်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များထွက်ပေါ်မှု၏ အဓိကအရင်းအမြစ်များမှာ-

  • သဘာဝဓာတ်ငွေ့မီးရှို့ခြင်းနှင့် သစ်တောများပြုန်းတီးခြင်း (၂၀၁၅ ခုနှစ်တွင် လူတို့လုပ်ဆောင်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှု၏ ၆၂ သည် သဘာဝဓာတ်ငွေ့များ မီးရှို့ခြင်းမှ ဖြစ်ပေါ်သည်)
  • မြေအသုံးချမှုပြောင်းလဲခြင်းသည် အဓိကအားဖြင့် အပူပိုင်းဒေသရှိ သစ်တောပြုန်းတီးမှုများသည် လူတို့ဖန်တီးမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်‌ပေါ်မှု၏ လေးပုံတစ်ပုံကို ဖြစ်ပေါ်စေသည်။
  • စားမြုံ့ပြန်တိရစ္ဆာန်များနှင့် တိရစ္ဆာန်ချေးများစီမံခန့်ခွဲခြင်း၊ စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြေအသုံးချမှုနှင့် ရွံ့နွံတောမြေများပြောင်းလဲခြင်း၊ ‌ရေကန်များတူးဖော်ခြင်း၊ ဓါတ်ငွေ့ပိုက်လိုင်းများ ယိုစိမ့်ခြင်း၊ လေဝင်လေထွက်ပေါက်ရှိသောဖို့မြေများသည် မီသိန်းဓာတ်ငွေ့ကို ထွက်ပေါ်စေသည်။ 
  • ရေခဲသေတ္တာတွင် အသုံးပြုသော ကလိုရိုဖလူအိုရိုကာဗွန်၊ မီးသတ်ဗူးများ၊ မီးသတ်ကိရိယာများနှင့် စက်ရုံများတွင် အသုံးပြုသော စီအက်ဖ်စီ (CFCs) နှင့် ဟေလွန် (Halons) တို့သည် ဖလူအိုရင်းပါဝင်သောဓါတ်ပေါင်းများထွက်ပေါ်မှုကို ဖြစ်ပေါ်စေသည်။
  • ဓာတ်မြေသြဇာအသုံးပြုမှုများကြောင့် စိုက်ပျိုးမြေများမှ နိုက်ထရပ်အောက်ဆိုဒ်ထွက်ပေါ်မှုကို ဖြစ်ပေါ်စေသည်။
  • မီသိန်းဓာတ်ငွေ့အများဆုံးထုတ်လုပ်မှုကို စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ တွေ့ရှိရသည်။ ထို့နောက် ဓာတ်ငွေ့များယိုစိမ့်ခြင်း၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ မီသိန်းထွက်ရှိမှုများ တွေ့ရသည်။ စိုက်ပျိုးမွေးမြူရေးတွင် မီသိန်းအများဆုံးထွက်ရှိမှုမှာ တိရစ္ဆာန်မွေးမြူခြင်းမှ ဖြစ်သည်။ အထူးအားဖြင့် နွားမွေးမြူရေးသည် တိရစ္ဆာန်မွေးမြူခြင်းအပိုင်းမှ မီသိန်းထွက်ရှိမှု၏ ၆၅% ရှိသည်။
  • သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ တွင်းထွက်ဆီများကို မီးရှို့ခြင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရပ် အောက်ဆိုဒ်တို့ ထွက်သည်။
  • သစ်တောများခုတ်ထွင်ခြင်းသည် လေထုထဲမှာရှိ‌သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို စုပ်ယူ ထိန်းသိမ်းထားနိုင်သော အပင်များကို ဖျက်ဆီးလိုက်ရုံသာမက ၎င်းဖျက်ဆီးခြင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ်ထွက်ပေါ်မှုကို ဖြစ်စေပြီးလေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုပမာဏကို ပို၍ များပြားစေသည်။ 
  • စိုက်ပျိုးမွေးမြူရေးများလုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ် အောက်ဆိုဒ်ဓာတ်ငွေ့တို့ကို ဖြစ်ပေါ်စေသည်။
  • နိုက်ထရိုဂျင်ပါဝင်သောဓာတ်မြေသြဇာများသည် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ကို ထွက်ပေါ်စေသည်။
  • ဖလူအိုရီနိတ်ဓာတ်ငွေ့များသည် ၎င်းဓာတ်ငွေ့ကို အသုံးပြုသော ပစ္စည်းကိရိယာများ ဥပမာ - ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့မှ ထွက်ရှိသည်။ ၎င်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်း ၂၃,၀၀၀ ထက်ပို၍ ပူနိုင်စွမ်းအားရှိသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် - နှစ်စဥ် လူတို့လုပ်ဆောင်မှုကြောင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လုပ်မှုသည် တန်ပေါင်း (၃၀) ဘီလီယံကျော်ရှိပြီး စက်မှုမတိုင်ခင်ခေတ်ကာလ (၂၈၀ ပီပီအမ် -parts per million in 18th century) ထက် (၄၀) ရာခိုင်နှုန်းကျော် (၄၁၄ ပီပီအမ်, ၂၀၂၀ ခုနှစ်) တိုးမြင့်လာခဲ့သည်။ 

မီသိန်း - လူတို့လုပ်ဆောင်မှုကြောင့် မီသိန်းကို စက်မှုမတိုင်ခင်ခေတ်ကာလထက် (၂.၅) ဆကျော်ပိုထုတ်လွှတ်ခဲ့ပြီး (၁၈) ရာစုတွင် ၇၂၂ ပီပီဘီ (parts per billion-ppb) ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၁၈၆၇ ပီပီဘီ (parts per billion-ppb) ထိ တိုးမြင့်လာခဲ့သည်။

နိုက်ထရပ် အောက်ဆိုဒ် - နိုက်ထရပ်အောက်ဆိုဒ်သည် စက်မှုမတိုင်ခင်ခေတ်ကာလမှစ၍ ၂၀ ရာစုကုန်ထိ ၂၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ စက်မှုမတိုင်ခင်ခေတ်ကာလက ၂၇၀ ပီပီဘီ (parts per billion-ppb) ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၃၃၂ ပီပီဘီ (parts per billion-ppb) ထိဖြစ်လာခဲ့သည်။
 Reference:

European Commission, Climate Action, Causes of Climate change. https://climate.ec.europa.eu/climate-change/causes-climate-change_en

EPA (United States Environmental Protection Agency), Climate Change Science, Causes of climate change. https://www.epa.gov/climatechange-science/causes-climate-change

Greenhouse gas emissions, Wikipedia, The free encyclopedia, available website: https://en.wikipedia.org/wiki/Greenhouse_gas_emissions

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်