လူသားတို့ကြောင့် ဖြစ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့

27/10/2023 17:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

လူတို့လုပ်ဆောင်မှုကြောင့် ရာသီဥတုပြောင်းလဲမှုတွင် သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး၊ တွင်းထွက်ဆီများကို မီးရှို့ခြင်း၊ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးများလုပ်ကိုင်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ လူသားတို့ကြောင့်ပင် ဖန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ပေါ်ပြီး ကမ္ဘာ့ကြီးပူနွေးမှုနှင့် ဖန်လုံအိမ်အာနိသင် တိုးမြင့်မှုကို ဖြစ်ပေါ်စေသည်။

၂၀၁၁ မှ ၂၀၂၀ ခုနှစ်သည် အပူဆုံးစံချိန်တင် ဆယ်စုနှစ်အဖြစ်သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုမတိုင်ခင်ခေတ်ကာလ၏ (၁.၁) ဒီဂရီ စင်တီဂရိတ်သို့တိုးမြင့်ဖြစ်ပေါ်ခဲ့သည်။

လူတို့၏လုပ်ဆောင်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များထွက်ပေါ်မှု၏ အဓိကအရင်းအမြစ်များမှာ-

  • သဘာဝဓာတ်ငွေ့မီးရှို့ခြင်းနှင့် သစ်တောများပြုန်းတီးခြင်း (၂၀၁၅ ခုနှစ်တွင် လူတို့လုပ်ဆောင်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှု၏ ၆၂ သည် သဘာဝဓာတ်ငွေ့များ မီးရှို့ခြင်းမှ ဖြစ်ပေါ်သည်)
  • မြေအသုံးချမှုပြောင်းလဲခြင်းသည် အဓိကအားဖြင့် အပူပိုင်းဒေသရှိ သစ်တောပြုန်းတီးမှုများသည် လူတို့ဖန်တီးမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်‌ပေါ်မှု၏ လေးပုံတစ်ပုံကို ဖြစ်ပေါ်စေသည်။
  • စားမြုံ့ပြန်တိရစ္ဆာန်များနှင့် တိရစ္ဆာန်ချေးများစီမံခန့်ခွဲခြင်း၊ စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြေအသုံးချမှုနှင့် ရွံ့နွံတောမြေများပြောင်းလဲခြင်း၊ ‌ရေကန်များတူးဖော်ခြင်း၊ ဓါတ်ငွေ့ပိုက်လိုင်းများ ယိုစိမ့်ခြင်း၊ လေဝင်လေထွက်ပေါက်ရှိသောဖို့မြေများသည် မီသိန်းဓာတ်ငွေ့ကို ထွက်ပေါ်စေသည်။ 
  • ရေခဲသေတ္တာတွင် အသုံးပြုသော ကလိုရိုဖလူအိုရိုကာဗွန်၊ မီးသတ်ဗူးများ၊ မီးသတ်ကိရိယာများနှင့် စက်ရုံများတွင် အသုံးပြုသော စီအက်ဖ်စီ (CFCs) နှင့် ဟေလွန် (Halons) တို့သည် ဖလူအိုရင်းပါဝင်သောဓါတ်ပေါင်းများထွက်ပေါ်မှုကို ဖြစ်ပေါ်စေသည်။
  • ဓာတ်မြေသြဇာအသုံးပြုမှုများကြောင့် စိုက်ပျိုးမြေများမှ နိုက်ထရပ်အောက်ဆိုဒ်ထွက်ပေါ်မှုကို ဖြစ်ပေါ်စေသည်။
  • မီသိန်းဓာတ်ငွေ့အများဆုံးထုတ်လုပ်မှုကို စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ တွေ့ရှိရသည်။ ထို့နောက် ဓာတ်ငွေ့များယိုစိမ့်ခြင်း၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ မီသိန်းထွက်ရှိမှုများ တွေ့ရသည်။ စိုက်ပျိုးမွေးမြူရေးတွင် မီသိန်းအများဆုံးထွက်ရှိမှုမှာ တိရစ္ဆာန်မွေးမြူခြင်းမှ ဖြစ်သည်။ အထူးအားဖြင့် နွားမွေးမြူရေးသည် တိရစ္ဆာန်မွေးမြူခြင်းအပိုင်းမှ မီသိန်းထွက်ရှိမှု၏ ၆၅% ရှိသည်။
  • သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ တွင်းထွက်ဆီများကို မီးရှို့ခြင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရပ် အောက်ဆိုဒ်တို့ ထွက်သည်။
  • သစ်တောများခုတ်ထွင်ခြင်းသည် လေထုထဲမှာရှိ‌သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို စုပ်ယူ ထိန်းသိမ်းထားနိုင်သော အပင်များကို ဖျက်ဆီးလိုက်ရုံသာမက ၎င်းဖျက်ဆီးခြင်းကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ်ထွက်ပေါ်မှုကို ဖြစ်စေပြီးလေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုပမာဏကို ပို၍ များပြားစေသည်။ 
  • စိုက်ပျိုးမွေးမြူရေးများလုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ် အောက်ဆိုဒ်ဓာတ်ငွေ့တို့ကို ဖြစ်ပေါ်စေသည်။
  • နိုက်ထရိုဂျင်ပါဝင်သောဓာတ်မြေသြဇာများသည် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ကို ထွက်ပေါ်စေသည်။
  • ဖလူအိုရီနိတ်ဓာတ်ငွေ့များသည် ၎င်းဓာတ်ငွေ့ကို အသုံးပြုသော ပစ္စည်းကိရိယာများ ဥပမာ - ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့မှ ထွက်ရှိသည်။ ၎င်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်း ၂၃,၀၀၀ ထက်ပို၍ ပူနိုင်စွမ်းအားရှိသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် - နှစ်စဥ် လူတို့လုပ်ဆောင်မှုကြောင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လုပ်မှုသည် တန်ပေါင်း (၃၀) ဘီလီယံကျော်ရှိပြီး စက်မှုမတိုင်ခင်ခေတ်ကာလ (၂၈၀ ပီပီအမ် -parts per million in 18th century) ထက် (၄၀) ရာခိုင်နှုန်းကျော် (၄၁၄ ပီပီအမ်, ၂၀၂၀ ခုနှစ်) တိုးမြင့်လာခဲ့သည်။ 

မီသိန်း - လူတို့လုပ်ဆောင်မှုကြောင့် မီသိန်းကို စက်မှုမတိုင်ခင်ခေတ်ကာလထက် (၂.၅) ဆကျော်ပိုထုတ်လွှတ်ခဲ့ပြီး (၁၈) ရာစုတွင် ၇၂၂ ပီပီဘီ (parts per billion-ppb) ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၁၈၆၇ ပီပီဘီ (parts per billion-ppb) ထိ တိုးမြင့်လာခဲ့သည်။

နိုက်ထရပ် အောက်ဆိုဒ် - နိုက်ထရပ်အောက်ဆိုဒ်သည် စက်မှုမတိုင်ခင်ခေတ်ကာလမှစ၍ ၂၀ ရာစုကုန်ထိ ၂၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ စက်မှုမတိုင်ခင်ခေတ်ကာလက ၂၇၀ ပီပီဘီ (parts per billion-ppb) ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၃၃၂ ပီပီဘီ (parts per billion-ppb) ထိဖြစ်လာခဲ့သည်။
 Reference:

European Commission, Climate Action, Causes of Climate change. https://climate.ec.europa.eu/climate-change/causes-climate-change_en

EPA (United States Environmental Protection Agency), Climate Change Science, Causes of climate change. https://www.epa.gov/climatechange-science/causes-climate-change

Greenhouse gas emissions, Wikipedia, The free encyclopedia, available website: https://en.wikipedia.org/wiki/Greenhouse_gas_emissions

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်