အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စာလုံးအရွယ်အစား ချိန်ညှိခြင်း လမ်းညွှန်

25/07/2022 13:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဖုန်းထဲက စာလုံးလေးတွေသေးလို့ စာဖတ်ရတာအဆင်မပြေဘူးဆိုတဲ့ အစိမ်းရောင်လမ်းချစ်သူတွေအတွက် အစိမ်းရောင်လမ်း ဆော့ဝဲထဲမှာရှိတဲ့ function လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ဒါကတော့ စာလုံးအရွယ်အစားကို မိမိစိတ်ကြိုက် ချိန်ညှိနိုင်တဲ့အရာလေးပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကို ပုံလေးတွေနဲ့ ကြည့်ရှုနိုင်ပါတယ်ရှင့်....

အဆင့်(၁) အရင်ဆုံး ဝိုင်ဖိုင်( သို့မဟုတ်) အင်တာနက်ဖွင့်ရပါမယ်။

အဆင့် (၂) ကြိုက်နှစ်သက်ရာ ဆောင်းပါးကဏ္ဍကို ဝင်နိုင်သလို ဆောင်းပါးအသစ်များထဲက ကြိုက်ရာတစ်ပုဒ်ကို ဝင်ဖတ်နိုင်ပါတယ်။

အဆင့် (၃) ညာဖက်ထောင့်က "ကက" ဟုရေးထားသော နေရာကိုထိလိုက်ရပါမယ်။

အဆင့် (၄) ဒါဆိုရင် ပုံပါအတိုင်းမြင်ရမှာပါ။ ဦးကြီးတို့စိတ်ကြိုက် တစ်ခုကိုရွေးချယ်နိုင်ပါပြီ။

အစိမ်းရောင်လမ်းစာဖတ်သူတို့ ဆောင်းပါးများဖတ်ရှုရတာ အဆင်ပြေကြပါစေ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်