မြေပဲပင်တွင် ကျရောက်ဖျက်စီးသော ရွက်ထွင်းပိုး၊ ခြနှင့် ပျ

27/03/2026 16:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ရွက်ထွင်းပိုး (Leaf Miner)

သက်ရှိအမည်နှင့် ဖျက်ဆီးသည့် အဆင့် - Aproaerema modicella၊ အရွယ်မရောက်သေးသော ပိုးလောင်းများ

ရာသီဥတု အခြေအနေ - ပူနွေးပြီး ခြောက်သွေ့ချိန်သည် ပိုးများ ပိုမိုထကြွတတ်ပါသည်။  

ဖျက်ဆီးမှု လက္ခဏာများ - ငယ်ရွယ်သော ပိုးလောင်းကောင်သည် အရွက်များအတွင်း ထွင်းဖောက်လှိုက်စားပြီး အညိုရောင်လမ်းကြောင်းများ ကျန်ခဲ့ပါသည်။ အရွယ်ရောက်ခါနီး ပိုးလောင်းများသည်အရွက်ငယ်များကို ပင့်ကူအိမ်ဆောက်သကဲ့သို့ လိပ်ပြီး ထွင်းဖောက်စားတတ်ပါသည်။ ထို့ကြောင့် အဝေးမှကြည့်ပါက အခင်းသည် မီးလောင်ထားသကဲ့သို့ မြင်တွေ့ရတတ်ပါသည်။  - 

ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ

  • အလင်းရောင်ထောင်ခြောက်ဖြင့် အကောင်ကြီးများကို ဖမ်းယူခြင်း၊ ရွက်ထွင်းပိုးများကို စားသောက်သည့် နကျယ်ကောင်များဖြစ်သည့် Trichogramma wasps များ ကွင်းထဲတွင် လွှတ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ 
  • ဓာတုနည်းအားဖြင့် အပင်တစ်ပင်တွင် ရွက်ထွင်းပိုး ပိုးလောင်းကောင် (၅) ကောင်နှင့် အထက် တွေ့ပါက Quinalphos သို့မဟုတ်  Chlorantraniliprole ကို သုံးနိုင်ပါသည်။

ခြ (Termites)

ရောဂါဖြစ်စေနိုင်သော သက်ရှိအမည် - Odontotermes spp.

ရာသီဥတု အခြေအနေ - သဲဆန်သောမြေတွင် နေထိုင်ပြီး ခြောက်သွေ့သော ရာသီဥတု သို့မဟုတ် မြေပဲရာသီ ပြီးခါနီးအချိန်

ဖျက်ဆီးမှု လက္ခဏာများ - အမြစ်နှင့် ပင်စည်ကို အခေါင်းပေါက်ဖြစ်သည့်အထိ ဖျက်ဆီးစားသောက်ပြီး အပင်ကိုညိုးစေပါသည်။ မြေပဲသီးတောင့်ကိုလည်း ထိုးဖောက်ပြီး အာဖလာတောက်ဆင်မှိုများကို ဖြစ်စေနိုင်ပါသည်။ 

ကြိုတင်ကာကွယ်ခြင်း

  •  ပိုးကျရောက်ပြီးသော အပင်အကြွင်းအကျန်များကို ပြန်လည် အသုံးမပြုရန်နှင့် ရှင်းလင်းရန် လိုအပ်ပါသည်။ တမာကြိတ်ဖတ်များကို မြေကြီးတွင် ရောထည့်ပြီး ကာကွယ်နိုင်ပါသည်။
  • Chlorpyrifos ကို မြေပြင်စဉ်တွင် မြေကြီးထဲသို့ ထည့်ပေးခြင်းအားဖြင့်သော်လည်းကောင်း မျိုးစေ့ဖြင့် လူးနယ်၍သော်လည်းကောင်း အသုံးပြု ကာကွ​ယ်နိုင်ပါသည်။ 

မြေပဲ နှင်းဆီပွင့် ဗိုင်းရပ်စ်ရောဂါ(Groundnut Rosette Disease) သို့မဟုတ် ပျ (Aphids)

ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Aphid (Aphis craccivora) ဟုခေါ်သော စုပ်စားအင်းဆက်ပိုးမျိုး ကြောင့် ဗိုင်းရပ်ရောဂါ ဝင်ခြင်းဖြစ်ပါသည်။

ရာသီဥတု အခြေအနေ -   ခြောက်သွေ့ကာလပြီးနောက် စိုထိုင်းထိုင်းဖြစ်လာပါက ပျ တို့ ပိုမို ပွားများလာနိုင်ပါသည်။

ရောဂါ လက္ခဏာများ -  ပျများသည် ပင်ရည်ကိုစုပ်စားပြီး အပင်တွင်ပင် နေထိုင်သောကြောင့် ပျကျရောက်မှုသည် ထင်သာမြင်သာရှိပြီး ဗိုင်းရပ်ရောဂါ ဝင်ရောက်လာပါက အပင်ကြီးထွားမှု ရပ်တန့်ခြင်း၊ အဝါရောင်ပြောင်းလာခြင်း (အဝါရောင် နှင်းဆီ ဗိုင်းရပ်စ်) သို့မဟုတ် အစိမ်းရောင်ခြုံပုတ်ကဲ့သို ပုံစံမျိုးဖြစ်လာခြင်း (အစိမ်းရောင် နှင်းဆီဗိုင်းရပစ်)၊ အရွက်များ ပုံစံပျက်ပြီး သေးငယ်သွားသည်။

ကြိုတင်ကာကွယ်ခြင်း

  • ပျကျရောက်မှုများသော နေရာများတွင် သီးနှံတစ်ခုတည်းကို ဆက်တိုက် စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ရပါမည်။ အဝါရောင် စေးကပ် ထောင်ခြောက်ကို အသုံးပြုပြီး နှိမ်နင်းနိုင်ပါသည်။
  • ဓာတုနည်းအားဖြင့် Imidacloprid သို့မဟုတ်  Thiamethoxam ကို ပျများ တွေ့တွေ့ချင်းအချိန်တွင် အသုံးပြုနိင်ပါသည်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်