စိုက်မွေးအတွေ့အကြုံ မျှဝေရာ အဖွဲ့ ဝင်တဲ့သူတွေကို ဒီစာအုပ်တွေ မဲဖောက်ပေးမှာပါ

04/02/2022 18:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်းရဲ့ အဖွဲ့ - Group လုပ်ဆောင်ချက်ကို ဒီတစ်ပတ်ထဲမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ တောင်သူအချင်းချင်း တွေ့ဆုံနိုင်မယ့်နေရာ၊ ဆွေးနွေးဖလှယ်နိုင်ဖို့နေရာအဖြစ် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။​ တောင်သူတွေ ပါဝင်လာဖို့ရည်ရွယ်ထားတာကြောင့် အခုလို အစီအစဉ်လေးတွေ လုပ်ဆောင်ဖြစ်တာဖြစ်ပါတယ်။ 

ဒီအစီအစဉ်မှာတော့ အဖွဲ့ထဲက တောင်သူတွေကို ဖော်ပြပါ စိုက်ပျိုးရေးစာအုပ်တွေကို လက်ဆောင်ပေးသွားမှာဖြစ်ပါသည်။ စာအုပ်ရေးသားကြတဲ့ စာရေးဆရာတွေရဲ့ လက်မှတ်တွေလည်း ပါတာမို့ တန်ဖိုးဖြတ်မရပါဘူးနော်။ စာရေးဆရာတွေကလည်း တောင်သူတွေကို လက်ဆောင်ပေးမှာမို့ ဝမ်းသာနေကြပါတယ်။ 

ကံစမ်းဖို့အတွက် ဘာတွေလုပ်ရမလဲ? 

✅ "စိုက်မွေးအတွေ့အကြုံ မျှဝေရာ" ဆိုတာလေးကို နှိပ်ပြီး အဖွဲ့ဝင်ပါ။ 

အဖွဲ့ဝင်ပြီးတာနဲ့ စိုက်ပျိုးရေးစာအုပ် မဲဖောက်မယ့် စာရင်းထဲကို အလိုလိုရောက်သွားပါပြီ။ မဲကို ဒီလကုန် ဖေဖော်ဝါရီ (၂၈) ရက်နေ့မှာ မဲပေါက်သူစာရင်းကို ကြေညာပေးသွားမှာဖြစ်ပါတယ်။ 

App version က နောက်ဆုံးဖြစ်ဖို့လိုပါတယ်။ မရသေးရင် စဖွင့်ခါစမှာ version မြှင့်ဖို့ မေးလာရင် "တိုက်ရိုက်ရယူမယ်" ကိုနှိပ်ပြီး မြှင့်ပေးပါ။ Android ဖုန်းမှာပဲ ရပါသေးတယ်။  အသေးစိတ်သိလိုပါက အစိမ်းရောင်လမ်းကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။​ ကွန်မန့်မှာလည်း မေးခွန်းချန်ခဲ့နိုင်ပါတယ်။

ကံကောင်းကြပါစေ။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်