ရွက်လှပင်( Codiaeum variegatum )

26/06/2020 12:30 PM တွင် မေမြတ်မော် မေမြတ်မော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ရွက်လှပင်ရဲ့အင်္ဂလိပ်နာမည်က Codiaeum variegatum  ဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဩစတေးလျရဲ့ တောထဲမှာ စတင်တွေ့ရှိခဲ့တဲ့ ခြုံနွယ်ပင်ဖြစ်ပါတယ်။ အပင်က  ပန်းပွင့်ကြောင့်မထင်ရှားပဲ အရွက်ရဲ့လှပခြင်းကြောင့် ရွက်လှပန်းလို့ မြန်မာနိုင်ငံမှာ လူသိများပါတယ်။ ရွက်လှပင်မှာ အပင်မျိုးပေါင်း သုံးရာကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွက်လှမျိုးကွဲပေါင်း( ၇၀) ခန့်ရှိပါတယ်။ ရွက်လှပင်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အမြဲစိမ်းပင်တစ်မျိုးဖြစ်ပါတယ်။ အရွက်ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိပါတယ်။

စိုက်ပျိုးနည်း

     ရွက်လှပင်ဟာ မြေအမျိုးစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ရေစီးရေလာကောင်းတဲ့ မြေမျိုးမှာ ပိုသင့်တော်ပါတယ်။ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ နေပူထဲတွင် စိုက်ပျိုးခြင်းထက် နေအနည်းငယ်ရိပ်သောနေရာတွင် စိုက်ပျိုးခြင်းဖြင့် အရွက်အရောင်ကို မထိခိုက်စေပဲ လှပစေပါတယ်။ မြေတွင် ကျင်းတူး၍ စိုက်ပျိုးနိုင်သလို အိုးများ၊ သံပုံးများထဲတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။ မြေမှာကျင်းတူးစိုက်ခြင်းက အမြစ်ပိုထွက်ပြီး အကိုင်းအခက် အရွက်များပို၍ များပြားလှပပါတယ်။ အိုးနဲ့စိုက်ပျိုးမယ်ဆိုရင် ရေပိုရေလျှံထွက်သက်သာအောင် အောက်ခြေမှာ အပေါက်ဖောက်ထားပြီး အုတ်ခဲကျိုး၊ မီးသွေးခဲတို့ကို သုံးလက်မခန့် ထည့်ပေးပါ။ 

မြေစပ်နည်းနှင့် မျိုးပွားနည်း

    ရွက်လှပင်ကို အများအားဖြင့် အကိုင်းဖြတ်စိုက်ပျိုးကျပါတယ်။ အပင်မျိုးပွားရာတွင် ကိုင်းဖြတ်မျိုးပွားခြင်း( မြေထုပ်စည်း)ကို အသုံးပြုမှုများပြားပါတယ်။  အမြစ်ထွက်ဆေးသုံးပြီး မျိုးထုပ်စည်းမျိုးပွားကြပါတယ်။ မြေစပ်တဲ့အခါမှာလည်း စိုက်ပျိုးမဲ့ အိုးအရွယ်အစားပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲပါတယ်။

အိုး၊ သံပုံးများဖြင့် စိုက်ပျိုးမည်ဆိုပါက 

၁။ နွားချေး ( သို့ ) မြေဆွေး တစ်ဆ

၂။ သစ်ပုပ်မြေဆွေး တစ်ဆ

၃။ သဲ တစ်ဆရဲ့ တစ်၀က်

၄။ အင်္ဂတေအကျိုးဟောင်း တစ်ဆ ရဲ့ တစ်၀က်

၅။ ဥယျာဉ်ခြံမြေ တစ်ဆတို့ကို ရောမွှေပြီး အိုးထဲထည့် စိုက်ပျိုးရပါမယ်။ တစ်လ (သို့ ) တစ်လခွဲကြာတဲ့အခါ အမြစ်တွေများလာပြီး အပင်ကို ရွှေ့စိုက်ချင်ပါကလည်း ပြောင်းစိုက်နိုင်ပါတယ်။

မြေတွင်စိုက်ပျိုးပါက ကျင်းတူးရာတွင်

  • အပင်ငယ်အတွက်(၁ )ပေ ပတ်လည် (၁ ) ပေအနက် စိုက်ကျင်းများ၊
  • အပင်လတ်အတွက်(၂)ပေပတ်လည် (၂) ပေအနက် စိုက်ကျင်းများ၊
  • အပင်ကြီးအတွက် (၃) ပေပတ်လည်(၃)ပေအနက် စိုက်ကျင်းများ ပြုလုပ်စိုက်ပျိုးပေးရပါမယ်။

အပင်ပြုစုစောင့်ရှောက်ခြင်း

  1. အိုးထဲတွင်ပဲ အမြဲစိုက်ပျိုးမည်ဆိုပါက တစ်နှစ်တစ်ကြိမ် မြေကိုလဲလှယ်ပေးသင့်ပါတယ်။ လဲလှယ်ချိန်တွင် အမြစ်ဟောင်းအနည်းငယ်ကို ဖြတ်ပေးသင့်ပါတယ်။
  2. အိုးဘေးမှ မြေမာများလည်းဆွပြီး မြေဩဇာအနည်းငယ် ကျွေးပေးသင့်ပါတယ်။
  3. အပင်အရှည်ကို စိတ်ကြိုက်ထားနိုင်ပေမဲ့ နှစ်တောင်ခန့် အထိထားပါက ပိုသင့်တော်ပေသည်။
  4. အပူချိန်က ၁၀ ဒီဂရီမှ ၁၃ ဒီဂရီအောက်မကျဖို့တော့ လိုအပ်ပါတယ်။ အအေးများရင် အရွက်ကြွေကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မွှား၊ ပင့်ကူများကျရောက်တတ်ပါတယ်။ပင့်ကူများကြောင့် အရွက်မလှပဲ ကုပ်သွားတတ်ပါတယ်။ နေရောင်ပေါ်မူတည်ပြီး အရွက်အရောင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ရွက်လှမျိုးများ

ပုလဲမင်းသမီး

ဆာရစ်ချက်ဂတ်

ဆာမတ်အာသာ

လိမ္မော်မင်းသား

ဇာဘုရင်

ဒူရာဘင်္ဂါ မဟာရာဇာ

ဂရန်းဒေး

မကာ သူရိ

ဆန်းဆက်

အယ်လက်ဇန်းဒါး

မြွေဟောက်ပါးပျဉ်း

နေရီရီ

နားပန်းကြီး

မာလာကြီး

လိပ်ခုံး

ကြက်မြီးလိမ်စိမ်း

သရက်ရွက်

မောင့်မမေ့

သော်တာပင်

နေသူရိန်

ပတ္တမြားကြိုးလိမ်

ဗာဂျာတွန့်

လစက်ရောင်  စသည့်ဖြင့် အမျိုးမျိုးရှိပါတယ်။

မေမြတ်မော်                                                  

https://www.thespruce.com/grow-codiaeum-variegatum-1902750

https://en.m.wikipedia.org/wiki/Codiaeum_variegatum?fbclid=IwAR0U7GZT_0dytAIkqoE2W5uhbAs8FPvueZUfI4tVeD-MMGDkRCsCwQkY1FY

https://my.m.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%84%E1%80%BA?fbclid=IwAR0KFE2Cjh_OEbJ7GBTn3zyJKtvxpgXnH2qB7Y1Kg8P9E3DSsUOJGNoe4oI

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်