စမုန်နက်

21/02/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စမုန်ပင်သည် အအေးကြိုက်သော သီးနှံဖြစ်ပြီး၊ နှစ်ရှည်သီးနှံကို နှစ်ချင်းစိုက်ပျိုးပြီး စားသုံးနိုင်သည်။ အရွက်နှင့်ဥ (Bulb = swollen leaf base)တို့ကို စားရပြီး၊ အပင်အမြင့် ၂၄လက်မနှင့် အကျယ် ၁၂လက်မရှိသည်။ စမုန်နက်သည် မြေထဲပင်လယ်ဒေသမှ ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပြီး အီတလီဟင်းလျာမျိုးအများစုတွင် အဓိကပါဝင်သည်။ စမုန်နက်ပင်၏ အရွက်ရော ရိုးတံကိုပါ စားသုံးရသည်။ အဓိကစားရသော အစိတ်အပိုင်းမှာ မြေကြီးတွင် ကပ်လျက်ဖြစ်ပေါ်သော အရွက်အရင်းဖြစ်သည်။ ထို အရွက်အရင်းသည် ဖြူဖပ်ဖြူရော် အရောင်ရှိပြီး ဖောင်းပွနေသည်။ ထိုအခြေအနေသို့ ရောက်ရှိစေရန် စိုက်ပျိုးပြီးနောက် ၇၅ ရက်မှ ရက် ၉၀ ခန့်ကြာသည်။ 

Fennel ဆိုသောနာမည်ဖြင့် နှစ်ရှည်ဟင်းခတ်အမွှေးကြိုင်ပင်( Herb)တစ်မျိုး (Foeniculum vulgaredulce) ရှိသည်။ ထိုမျိုးကို အရွက်နှင့် အစေ့တို့ကို သုံးစွဲရန် စိုက်ပျိုးကြသည်၊ ထိုအပင်သည် အလိုလို အစေ့များ ပြန့်ကျဲထွက်ပြီး ပူသောရာသီဥတုတွင် ပြောင်းပြန်ဖြစ်နိုင်သည်။ ဖလိုရင့်ဖဲနယ် (Florence Fennl)တွင် နွယ်ချို (Liquorice)အနံ့အနည်းငယ်ပါသည်။ ထိုအပင်၏ အရွက်နှင့် ဥတို့သည် အသားနှင့် ကြော်ရာ၌ဖြစ်စေ၊ ကင်ရာ၌ဖြစ်စေ၊ လက်သုပ်တွင် အစိမ်းအတိုင်းဖြစ်စေ စားသုံးရာ၌ အရသာ ရှိသည်။ ရေနွေးနှင့်ပေါင်းပြီး အရံဟင်း (Side dish)အဖြစ်လည်း သုံးနိုင်သည်။ သို့မဟုတ် ကန်စွန်းဥ၊ ကြက်သွန်နီတို့နှင့် ရောပြီး ညိုဖျော့ဖျော့အရောင်ရအောင် မီးကင်စားသုံးနိုင်သည်။ 

() စိုက်ပျိုးခြင်း 

နွေးသောဒေသတွင် နွေဦးပေါက်အလယ်မှစ၍ နွေကုန်သည်အထိ စိုက်ပျိုးပြီး၊ ဆောင်းဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ အေးသောဒေသတွင် နောက်ဆုံးရေခဲသော အချိန်မရောက်မီ ၃ပတ်ခန့်ကြိုတင်၍ ပျိုးတောင်ပြီး ပြောင်းရွေ့စိုက်ပျိုးရသည်။ 

မြေကြီးကိ သဘာဝမြေဆွေး ၂-၃ လက်မအထူရှိအောင် ထည့်ပေးရသည်။ စမုန်နက်အပင်သည် (ခါကျက်ဥအပင်ကဲ့သို့) မြေကိုမြှင့်ထားသောအကွက် (Raised beds)တွင် ပိုမိုဖြစ်ထွန်းသည်။ အစေ့ကို မြေတွင် ၁/၄ လက်မခန့်မြှုပ်ရပြီး၊ တစ်နေရာနှင့် တစ်နေရာ ၄ လက်မခွာပြီး တစ်တန်းနှင့်တစ်တန်း ၁၈လက်မ ခွာရသည်။ အပင်ပေါက်များ ၃-၄ လက်မမြှင့်လာသောအခါ တစ်ပင်နှင့်တစ်ပင် ၈လက်မခြားပြီး ကျန်သောအပင်များကို နှုတ်ပစ်ရသည်။ 

စမုန်နက်အပင်သည် အေးခဲသော ဒဏ်ကို မခံနိုင်ချေ။ သို့ရာတွင် ပူသောရာသီတွင် စိုက်ပျိုးပါက အနှံ(ပွင့်တံ)ထွက်သည်။ အပင်သည် မြေဩဇာကြွယ်ဝသော မြေတွင် ပိုမိုဖြစ်ထွန်းသည်။ တစ်လလျှင် တစ်ကြိမ်နှုန်း မြေဩဇာအရည်ကိ အပင်များဘေးမှ ကျွေးပေးရသည်။ ပူသောရာသီတွင် အနှံမထွက်စေရန် မြေဆီလွှာကို အေးနေစေရသည်။ ပေါင်းမြက်ရှင်းလင်းပေးရသည်။ ကောက်ရိုး ၂-၄ လက်မထူအောင် မြေဆီလွှာကို ဖုံးအုပ်ပေးရသည်။ ဥ အရွယ်အချင်း ၂လက်မ ရှိသောအခါ ထိုဥကိုဖုံးမိအောင် ကောက်ရိုးသင်ပေးရသည်။ သို့မှသာ နေရောင်မရသဖြင့် ဥအရောင်မပြောင်းဘဲ ဖြူရော်ရော် ဖြစ်နေသည်။ ဥ၏ ထိပ်ပိုင်းကို မဖုံးမိစေရချေ။ ထွက်လာသမျှ ပွင့်တံများကို ဖြတ်တောက်ပစ်ရသည်။ သို့မှသာ ဥဖြစ်စေမည့် အင်အားမျာ ကုန်ခန်းမှု သက်သာမည်ဖြစ်သည်။ 

() ရိတ်သိမ်းခြင်း 

ဥအရွယ်အချင်း ()လက်မရှိသောအခါ ဥကို ဆွဲနုတ်ရသည်။ စမုန်နက်ပင်ကို ရေခဲသေတ္တာတွင် ထားပါက တစ်ပတ်ခန့်ခံသည်။ 

() စမုန်နက်သည် ပိုးမွှားရောဂါ မကျရောက်ဟု ပြောနိုင်သည်။ ပျံလွှားငှက်မြီးပုံစံရှိသော လိပ်ပြာအနက်လောက်ကောင်သည် ရံဖန်ရံခါတွင် အရွက်ကို စားတတ်သည်။ ထိုလောက်ကောင်များကို လက်နှင့်ကောက်ယူ ဖယ်ရှားရသည်။ 

() မျိုးများ 

အိုရီယွန်(Orion)မျိုးသည် အသက်ရက် ၈၀ရှိပြီး၊ အခြားမျိုးဟောင်များထက် ပို၍ကြီးပြီး အသားထူသော ဥကို ရသည်။ ဇီဖာဖင်နို(Zefa Fino)မျိုးသည် အသက်ရက် ၇၅ ရှိပြီး၊ စောစီးစွာရက်မှည့်သည့် ပွင့်တံထွက်ခဲသော မျိူးဖြစ်သည်။ ပါဖက်ရှင် (Perfection)မျိုးသည် အသက်ရက် ၇၅ ရှိပြီး၊ ဥရောပမျိုးသစ် ဖြစ်သည်။ ဇီဖာဖင်နိုမျိုးထက် ကြီးပြီး အရွက်ညီညာသည်။ 

() မြန်မာ့ဆေးကျမ်းအလို 

စမုန်နက်စေ့သည် သည်းခြေနှင့်ယှဥ်၍ ဖြစ်သော အနာ၊ သလိပ်၊ ဝမ်းကိုက်သောအနာ၊ တစ်ကိုယ်လုံးအေးမြသောအနာ၊ အလွန်ပူသောအနာ၊ ဝမ်းလာသောအနာ၊ ရေငတ်သောအနာ၊ ငန်ဖမ်းသောအနာနှင့် လေကြောင့်ဖြစ်သောအနာတို့ကို နိုင်၏ ။ လေကိုထုတ်စေတတ်၏ ။ (ရှုတော်မူ

စမုန်နက်သည်ကား သွေး၊ သည်းခြနှင့် ယှဥ်၍သော်လည်းကောင်း၊ လေသလိပ်၊ ဝမ်းနှင့် ကိုက်ခဲသောအနာကိုလည်းကောင်း၊ ပကာသရလေကိုလည်းကောင်း၊ တစ်ကိုယ်လုံးအေးမြသော်လည်းကောင်း၊ အလွန်ပူသော်လည်းကောင်း၊ ဝမ်းလားသော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ ငန်နာတို့ကိုလည်းကောင်း ချမ်းသာစေတတ်၏။ (ဓာတုရသ

ဒေါက်တာချစ် ရေးသားသော  စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ() စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်