ကြောင်လျှာပင် စိုက်ပျိုးနည်း

07/10/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ကြောင်လျှာပင်ရဲ့ အပင်အစိတ်အပိုင်းတွေဖြစ်ကြတဲ့ အပွင့်နဲ့အသီးက စားသုံးနိုင်တာကြောင့် ဈေးကွက်ဝင်ပြီး၊ အခေါက်နဲ့ အရွက်တွေကလည်း ဆေးဖက်ဝင်တာကို တွေ့ရပါတယ်ဗျ။ ကျွန်တော်တို့ အညာဒေသဘက်တွေမှာတော့ အလေ့ကျပေါက်တာ တွေ့ရလေ့ရှိပြီး စီးပွားဖြစ်စိုက်ပျိုးချင်တဲ့သူတွေအတွက် စိုက်ပျိုးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်ဗျ။

ရေမြေရာသီဥတု

- နှစ်စဉ် မိုးရေကောင်းစွာရရှိတဲ့ အပူပိုင်းဒေသ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ပါတယ်။

- မြေဆွေးဓာတ်ကြွယ်ဝတဲ့ သဲနှုန်းမြေတွေနဲ့ မြေနက်တွေမှာ ကောင်းစွာဖြစ်ထွန်းပြီး အခြားသောမြေအမျိုးအစားတွေမှာလည်း စိုက်ပျိုးနိုင်ပါတယ်။

မျိုးစေ့နှုန်းထားနှင့် ပျိုးထောင်ခြင်း

- ၁ ဧကကို ၁၀၀ ဂရမ် နှုန်းထားနှင့် ပျိုးထောင်ပါ။

- ပျိုးမထောင်မီ မျိုးညှောင့်ပေါက်နှုန်းကောင်းရန်အတွက် မျိုးစေ့တွေကို အနည်းဆုံး (၁၂) နာရီကြာရေစိမ်ပြီးမှ သဘာဝမြေဆွေးများ၊ သစ်ဆွေးမြေသြဇာများ ကြွယ်ဝသောနေရာတွင်ပျိုးထောင်ပါ။

- အများစုကတော့ ဖေဖော်ဝါရီနဲ့ မတ်လမှာပျိုးထောင်လေ့ရှိပါတယ်ဗျ။

မြေပြင်ခြင်းနှင့် ပြောင်းရွှေ့စိုက်ပျိုးခြင်း

- စိုက်မည့်မြေကွက်တွင်ရှိသော ပေါင်းမြက်များနဲ့ ရိုးပြတ်အမှိုက်များကို ရှင်းပါ။

- ပင်ကြားတန်းကြား (၇× ၇)ပေထား၍  (၂) ပေပတ်လည်ကျင်းများတူးပါ။ ထို့နောက်တူး၍ ရရှိလာသောမြေများနဲ့ နွားချေး၊ မြေဆွေး၊ သစ်ရွက်ဆွေး ဆတူရော၍ ထားပါ။

- ပျိုးထောင်ပြီး (၃) လသားအရွယ်တွင် ကွင်းပြင်ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီဗျ။

အပင်ပြုစုစောင့်ရှောက်ခြင်း

- ပြောင်းရွှေ့စိုက်ပျိုးပြီး (၂)နှစ်နောက်ပိုင်းတွင် တစ်ပင်လျှင် မြေဆွေး ၂၀ ကီလိုဂရမ်၊ နိုက်ထရိုဂျင် ၁၅၀ ဂရမ်၊ ဖော့စပေါ့ရပ်စ် ၂၅၀ ဂရမ်ကို  (၆)လကြာ တစ်ကြိမ်နှုန်းဖြင့် (၃)ခါကျွေးပေးပါ။

- အပင်ပတ်လည်ရှိ ပေါင်းမြက်များကို ရှင်း၍ မြေဆွပေးပါ။

- နွေရာသီတွင် ရေကို နှစ်ပတ်တစ်ကြိမ်လောင်း၍ အခြားရာသီများတွင် တစ်လတစ်ကြိမ်လောင်းပေးရုံဖြင့် လုံလောက်ပါတယ်။

ပိုးမွှားနှင့်ရောဂါများ

- ရောဂါတွေနဲ့ နီမတုတ်ဒဏ်ကို ခံနိုင်ရည်ရှိ၍ ကျရောက်ခြင်းမရှိကြောင်း သိရှိရပါတယ်။

- မိုးရာသီမှာဆိုရင်တော့ အရွက်စားခူကောင်​တွေနဲ့ ကျိုင်းကောင်တွေ ကျရောက်လေ့ရှိသော်လည်း အသီးအပွင့်အထွက်နှုန်းကို မထိခိုက်စေတာမို့ ဆေးဖျန်းစရာမလိုပါဘူးဗျ။

- အပင်ခြေမှာတော့ ခြတွေ ဆိုးဆိုးဝါးဝါးဖျက်ဆီးလေ့ရှိပြီး ဒီကောင်တွေကျရောက်ရင်တော့ Endosulphan အန်ဒိုဆာလ်ဖန် 30 EC ကိုရေနဲ့ ရောပြီး ဖျန်းပေးပါ။

 ခူးဆွတ်ရိတ်သိမ်းခြင်း

- စိုက်ပြီး (၃) နှစ်ကြာမှာတော့ ပန်းစပွင့်ပါတယ်။ ပန်းပွင့်ပြီး (၃-၅)လ အကြာမှာတော့ အသီးတွေကို ခူးဆွတ်နိုင်ပါပြီ။

- ပန်းပွင့်များကိုလည်း ခူးဆွတ်၍ရောင်းနိုင်ပါတယ်။

- အခြားနိုင်ငံတွေမှာဆိုရင်တော့ ပင်စည်အခေါက်၊ အမြစ်အခေါက်များကို အဓိကထား၍ ခူးဆွတ်ရောင်းချခြင်းဖြစ်ပြီး စျေးကောင်းလည်းရကြတယ်ဗျ။

- ခူးဆွတ်ခြင်းတွေကို အနည်းဆုံး (၆-၈) နှစ်ထိ ပြုလုပ်နိုင်ပါတယ်။

Ref;https://vikaspedia.in/agriculture/crop-production/package-of-practices/medicinal-and-aromatic-plants/oroxylum-indicum

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်