မုန်ညင်းထုပ် စိုက်ပျိုးနည်း
မုန်ညင်းထုပ် ကို Chinese cabbage လို့ အင်္ဂလိပ်လိုခေါ်ကြပါတယ်။ အထုပ်ထုပ်တဲ့ ပုံစံပေါ်မူတည်ပြီး အမျိုးအစားတွေခွဲထားပါသေးတယ်ဗျ။
ယေဘုယျအမည် - Chinese cabbage, white cabbage, flowering cabbage, celery cabbage, pakchoi, Michihli, Napa cabbage
ရုက္ခဗေဒအမည် - Brassica chinensis
နေရာရွေးချယ်ခြင်း
အေးတဲ့ဒေသတွေမှာ နေရောင်အပြည့်အဝရရင် စိုက်လို့ရပါတယ်။ အလယ်ပိုင်းလို နွေးတဲ့ရာသီဥတုမှာဆိုရင်တော့ နေရောင်အပြည့်အဝမရလည်း စိုက်လို့ရပါတယ်တဲ့။ ဘယ်ဒေသမှာစိုက်စိုက် မြေကြီးက ရေဆင်းကောင်းဖို့ အစိုဓာတ်ထိန်းနိုင်ဖို့၊ သဘာဝမြေသြဇာတွေကြွယ်ဝဖို့တော့ လိုပါတယ်တဲ့ဗျ။
ဘယ်အချိန်မှာစိုက်ရမလဲ
အေးတဲ့ရာသီမှာစိုက်ပျိုးမှ အထုပ်ထုပ်ပါတယ်တဲ့ဗျ။ ပူတဲ့ရာသီရောက်သွားရင်တော့ မျိုးစေ့ရဖို့ အတွက် သူကပန်းတွေပွင့်ပါလိမ့်မယ်ဗျ။ ဒီတော့ မုန်ညင်းထုပ် ဘာလို့မထုပ်လဲဆိုရင် နေ့တာရှည်လာတဲ့ ရာသီဥတုရောက်လာလို့ပါလို့ သိထားဖို့လိုမယ်ဗျ။ ဒါကြောင့် စိုက်မယ်ဆိုရင် အချိန်လေးကို တစ်ချက်လောက် ချိန်ဖို့လိုလိမ့်မယ်ဗျ။ စိုက်မယ်ဆို မျိုးစေ့ကနေ တိုက်ရိုက်စိုက်လို့ရသလို၊ ပျိုးခြံထဲမှာ အပင်ဖောက်ပြီးမှ ရွှေ့ပြောင်းစိုက်လို့လည်း ရပါတယ်။ အေးတဲ့ရာသီစိုက်ရမယ်ဆိုပေမယ့် အရမ်းအေးမယ့် အချိန်မျိုးမရောက်ခင် တစ်လခွဲလောက် စောစိုက်သင့်ပါတယ်ဗျ။
ပင်ကြား တန်းကြား
အစေ့ကိုပျိုးမယ်ဆိုရင် (၄ )လက်မပတ်လည် ခြားစိုက်သင့်ပါတယ်။ မျိုးစေ့တွေကိုတော့ လက်မဝက်လောက် မြုပ်အောင်ထားပါဗျ။ အပင်ပေါက်လေးတွေကို စိုက်တဲ့အခါမှာ ပင်ကြားအနေနဲ့ (၁၂-၁၈) လက်မထားပေးရပြီး တန်းကြားကတော့(၁၈- ၃၀ )လက်မ လောက်ထားပေးပါဗျ။ အထုပ်ဖြစ်လာမှာဆိုတော့ ဒီလိုလေးခြားထားရပါမယ်တဲ့ဗျာ။ မျိုးအပေါ်မူတည်ပြီး ကွာခြားမှုတွေတော့ အနည်းငယ်ရှိအုံးမယ်ဗျ။
အပင်ပေါက်ကို ရွှေ့ပြောင်းစိုက်ဖို့ တွေးထားတယ်ဆိုရင်တော့ ပျိုးခင်းမြေကို သေချာဂရုစိုက်သင့်ပါတယ်။ မဟုတ်ရင် ရွေ့ပြောင်းစိုက်တဲ့အခါ ပျက်စီးဆုံးရှုံးနိုင်ပါတယ်ဗျ။ စိုက်မယ်ဆိုရင် ခရမ်းချဉ်၊ ငရုတ်၊ ရုံးပတီ ၊ အာလူးတို့နဲ့ တွဲဖက်မစိုက်သင့်ပါဘူးတဲ့ဗျာ။
ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ
မြေကို အစိုဓာတ်မပြတ်အောင်ထားပေးပါ။ ဒါဆိုရင်တော့ ကြီးထွားမှုမြန်လာနိုင်ပါတယ်တဲ့။ ကြီးထွားမှုနှေးရင် အပင်တွေက ပန်းတွေပွင့်ပြီး မုန်ညင်းထုပ်ထုပ်ဖို့ထက် အစေ့ဖြစ်ဖို့ ရောက်သွားတတ်ပါတယ်တဲ့ဗျာ။ ခပ်နွေးနွေးရာသီဥတုမှာ စိုက်မယ်ဆိုရင်တော့ နေရောင် အမြဲရနေပြီး တိုက်ရိုက်ရတဲ့နေရာမျိုးတွေကို ရှောင်သင့်ပါတယ်။ တစ်နေ့မှာ ၈ နာရီထက်ပိုတဲ့ တိုက်ရိုက်နေရောင်ခြည် မရသင့်ပါဘူးတဲ့ဗျာ။
ပိုးမွှား
ပျ၊ ဖလီးဘီတယ်၊ ဂေါ်ဖီထုပ်ပိုး စတဲ့ ပိုးတွေကျတတ်ပါတယ်။ ဒီအတွက်တော့ သဘာဝဆေးနည်းတွေနဲ့ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။
ရောဂါ
မုန်ညင်းထုပ်တွေက အဝါရောင်ဗိုင်းရပ်ရောဂါကို ခံနိုင်ရည်မရှိကြပါဘူး။ ခံနိုင်ရည်ရှိမျိုးကို ရွေးချယ်စိုက်လို့ ရနိုင်ပါတယ်။ မဖြစ်အောင်ကာကွယ်နည်းကတော့ အပင်စိုနေတဲ့အချိန်မှာ မခူးပါနဲ့။ ရောဂါလို့ယူဆရတဲ့ အပင်တွေ့ရင် ချက်ချင်းဖယ်ပစ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ ဖျက်စီးပစ်ဖို့လိုပါမယ်ဗျ။
ခူးဆွတ်ချိန်
စိုက်ပျိုးပြီး ရက် ၅၀ ကနေ ၈၀ အတွင်းဆို မုန်ညင်းဖြူတွေ အထုပ်ထုပ်ပါပြီ ။ မြေနားကပ်နေတဲ့နေရာကနေ ခူးနိုင်ပါတယ်ဗျ။ အရမ်းအေးမယ့်အချိန်မရောက်ခင် ခူးနိုင်အောင် စိုက်ဖို့လိုပါတယ်။ မထုပ်ခင် အရမ်းအေးတဲ့ရာသီဥတုနဲ့ကြုံခဲ့ရင် မထုပ်ဘဲ အပင်က စိမ်းပြီးကျန်နေခဲ့တတ်ပါတယ်။
သိုလှောင်ချိန်ကတော့ ရေခဲသေတ္တာထဲမှာ သိမ်းရင် ( ၄ ) ပတ်ထိထားနိုင်ပါတယ်။ ရေနွေးဖျောပြီးမှ သိမ်းထားမယ်ဆိုရင်တော့ ၃ လ ၄ လထိထားနိုင်ပါတယ်တဲ့ဗျာ။
ထွန်းရာဇာ
Source;https://harvesttotable.com/how_to_grow_chinese_cabbage/
How to Grow Chinese Cabbage - Harvest to Table
Chinese cabbage which includes pac choi (bok choy), pei tsai, Michihli, Napa, and celery cabbage is a cool-weather vegetable. Sow Chinese cabbage directly
harvesttotable.com
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပြန့်ဒေသဆောင်းသီးနှံ
ko soe ngwe
လွန်ခဲ့သော ၂ နှစ် ကအဝါရောင်ဗိုင်းရပ်ကိုဘာဆေးဖျန်းရတာလဲဗျ
မိုးမြင့်ခိုင်
လွန်ခဲ့သော ၃ နှစ် ကအိုးမုန်ညင်းအကြောင်းသိချင်လို့ပါ
Ko Zaw Htet
လွန်ခဲ့သော ၄ နှစ် ကရေမသွင်း ရေမလောင်းရဘူးလား
Ko Zaw Htet
လွန်ခဲ့သော ၄ နှစ် ကတိုင်ထောင်ပဲ ဘောင်ပေါ် စိုက်လို့ရလားဗျ
ကိုထွန်းလင်းအောင်
လွန်ခဲ့သော ၅ နှစ် ကkqwwqeeyv'y
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ထွန်းရာဇာ
အားလုံး