ပျော်စရာ ပဟေဠိ(၄၂) အဖြေမှန်

30/09/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗုဒ္ဓဟူးနေ့ပါဗျို့...

ဆုရသွားတဲ့သူတွေကြေညာလိုက်ပါပြီနော်...🥳🥳

နွားနို့မှပြုလုပ်ရရှိနိုင်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်ဆောင်းပါးပေါင်း ၉ ပုဒ် ရှိပါတယ်ရှင့်။ 

ခေါင်းစဉ်တွေနဲ့တစ်ကွ တိတိကျကျ အစောဆုံးဖြေလာပြီး အမြန်ဆုံးနဲ့ အမှန်ဆုံးဆုကို ရရှိသွားသူကတော့ 🤩🥳 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ မှတ်တိုင်ရွာက kokolwin ပါ။

🤩သူ့ထက်နောက်ကျပေမယ့် အဖြေမှန်ပြီး တိကျတဲ့သူကတော့ ဦးလင်း ပါ။

☘️အဖြေမှန်သူတွေအားလုံးထဲကမှ ကံထူးသူကတော့ ကိုဇေလင်းသန့် ဖြစ်ပါတယ်။

ဆုရရှိတဲ့သူတွေအနေနဲ့ 

ဆုငွေတွေကို စိတ်ကြိုက် ပုံစံ(၃)ခုနဲ့ ရွေးချယ်နိုင်ပါတယ်။ 

၁။ စျေးတန်းကြီးမှာ ပြန်သုံးဖို့ စုထားမယ်

၂။ ဖုန်းဘေပဲယူမယ်

၃။ e-moneyနဲ့ ယူမယ် (KBZ pay,Wave account,AYA mobile banking)

ကြိုက်နှစ်သက်ရာ ပုံစံနဲ့လက်ခံရရှိနိုင်မှာဖြစ်ပါတယ်နော်။ (e-moneyဆိုတာကတော့ ဖုန်းထဲက အကောင့်ထဲကို ပိုက်ဆံတွေဝင်လာတာမျိုးပေါ့နော်။ အွန်လိုင်းကနေ စျေးဝယ်တဲ့အခါ သုံးလို့ရတဲ့ ပိုက်ဆံအမျိုးအစားပါ။)

နေ့ခင်း ၂ နာရီနဲ့ ၃ နာရီအတွင်းမှာ ဆုရရှိတဲ့သူတွေကို ဆက်သွယ်ပေးသွားပါမယ်နော်။

နောက်တစ်ပတ်အတွက် ပဟေဠိအသစ်လေးနဲ့အတူ ည ၇နာရီခွဲ မှာပြန်လာခဲ့ပါမယ်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်