ပျော်စရာ ပဟေဠိ(၄၅) အဖြေမှန်

21/10/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အဖြေမှန်နဲ့အတူ ဆုရသူတွေကြေငြာလိုက်ပါပြီဗျို့...

ဒီတစ်ပတ်မှာတော့ ဆော့ဝဲထဲမှာ ဖြေဆိုသူ (၁၂၇) ယောက်+ ဖေ့ဘုတ်မှာ ဖြေဆိုသူ (၄၁) ယောက်တောင်ရှိခဲ့ပါတယ်နော်။

ကံ ဆိုတာ မသိနိုင်ဘူးလေနော့် ။ ကံစမ်း ဉာဏ်စမ်း နိုင်ဖို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒီအစီစဉ်လေးက ရှိနေမှာပါ။

ဒီတစ်ပတ်အတွက် ဆုရရှိသွားတဲ့ (၃)ဦးကို ဖော်ပြထားပါတယ်။

🍀အမြန်ဆုံးနဲ့ အမှန်ဆုံးဆု (၄၀၀၀ ကျပ်)ကိုတော့ မန္တလေးတိုင်း ၊ပုသိမ်ကြီးက မနေခြည်

🍀အတိကျဆုံးဆုကိုတော့  (၃၀၀၀ ကျပ်) ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံက ဦးပြည့်

🍀ကံထူးသူဆု(၂၀၀၀ ကျပ်) ကိုတော့ ဖေ့ဘုတ် commentမှာ ဖြေဆိုသူ မဇာခြည် တို့က အသီးသီးရရှိသွားပါတယ်...

ဖြေဆိုသူအားလုံးအတွက် အဖြေမှန်ပါတဲ့ ဆောင်းပါးလေးကို အပိုလက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်နော်။ 

ဈေးကွက်ထဲသို့ထိုးဖောက်ဝင်ရောက်လာသည့် ရွှေအပ်မှို

ပေးထားတဲ့လင့်ကိုနှိပ်ပြီး ဆောင်းပါးအပြည့်အစုံကိုလေ့လာနိုင်ပါတယ်။

ည (၇)နာရီမှာ မေးခွန်းအသစ်လေးနဲ့ ပြန်လာခဲ့ပါမယ်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်