ဒီတစ်ပတ်ရဲ့ ပဟေဠိလေးကတော့ မြေပဲရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်နော်...
ဆောင်းပါးလေးတွေတင်ထားပြီးသားလည်းရှိတာမို့ လေ့လာဖြေဆိုပြီး ဆုငွေတွေကံစမ်းနိုင်ပါပြီ။
အမြန်ဆုံးနဲ့ အမှန်ဆုံးဆု ( ၄၀၀၀ )ကျပ်
တိကျမှုဆု ( ၃၀၀၀ ) ကျပ်နဲ့
ကံထူးရှင်ဆု (၂၀၀၀) ကျပ် ပါရှင့်...
ဆုငွေကံစမ်းဖို့ နေရာက (၂)နေရာတောင်ရှိတာမို့ ဆုငွေတွေနဲ့ ပိုမိုနီးစပ်နိုင်ပါတယ်ဗျို့...
ဖေ့ဘုတ်ပေ့ချ်ကတင်ထားတဲ့ ပို့စ်ကို like and share လုပ်ထားတဲ့ စခရင်ရှော့လေးနဲ့ အဖြေမှန်ကို commentမှာရေးခဲ့ရမှာပါ။ commentတွေထဲကနေ ကံထူးရှင်ဆုကို ရွေးချယ်တာဖြစ်ပါတယ်..
ကျန်တဲ့ (၂) ဆုအတွက်ကိုတော့ ဆော့ဝဲထဲက စစ်တမ်းမှာ သွားရောက်ဖြေဆိုပြီး ကံစမ်းနိုင်ပါတယ်။
ဆုငွေတွေကို ဖုန်းဘေအနေနဲ့ယူမလား
e money အနေနဲ့ယူမလား
စျေးတန်းကြီးမှာ ပြန်ဝယ်ဖို့ ဆုထားမလား
စိတ်ကြိုက်ပုံစံနဲ့ ထုတ်ယူနိုင်ပါတယ်နော်...
အောက်မှာပေးထားသောလင့်ကိုနှိပ်ပါက ဖြေဆိုရမယ့်နေရာကို တိုက်ရိုက်ရောက်မှာဖြစ်ပါတယ်။
ပျော်စရာ ပဟေဠိ (၄၈)
ကံကောင်းကြပါစေရှင်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more