ဒူးရင်းသီးကြိုက်သူများ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ

25/04/2018 14:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အနံ့ပြင်းပြီး ထူးခြားတဲ့ အရသာကြောင့် ဒူးရင်းသီးကို ကြိုက်နှစ်သက်သူတွေလည်းရှိသလို မကြိုက်သူတွေလည်းရှိပေမယ့် ဒူးရင်းသီးမှာ ကျန်းမာရေး ကောင်းကျိုးတွေများစွာ ရှိပါတယ်။ ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်စေပါတယ်။

ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒူးရင်းသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ကြောင့် သွေးပေါင်လျော့ကျစေပြီး သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ဓာတ်ကြောင့် သွေးအားနည်းရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။

ဒီလို ကျန်းမာရေးကောင်းကျိုးတွေများစွာရှိတဲ့ ဒူးရင်းသီးကို စားသုံးတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်အချက်တွေလည်း ရှိပါတယ်။ ဒူးရင်းသီးဟာ အပူစာဖြစ်တဲ့အတွက်ကြောင့် ဒူးရင်းသီးစားသုံးပြီးတဲ့အခါ မင်းဂွတ်သီး ဒါမှမဟုတ် အုန်းစိမ်းရည် သောက်သုံးပေးခြင်းဟာ အပူဓာတ်ကိုသက်သာစေပါတယ်။

ဒူးရင်းသီး စားရင်း အရက်၊ ဘီယာ သောက်သုံးခြင်းတို့ဟာ ခေါင်းကိုအလွန်အမင်း ကိုက်ခဲစေနိုင်ပြီး သေဆုံးတဲ့အထိပါ ဖြစ်စေနိုင်တာကြောင့် ဒူးရင်းသီးနဲ့ အရက်၊ ဘီယာ၊ ဝိုင် အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေနဲ့ တွဲဖက် မစားသုံးသင့်ပါဘူး။

ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိပေမယ့် ဒူးရင်းသီးကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ရှိသူတွေ အနေနဲ့ကတော့ ချင့်ချိန်ပြီး စားသုံးသင့်ပါတယ်။ ဒူးရင်းသီးဟာ အပူစာဖြစ်တာကြောင့် များများစားသုံးမိမယ်ဆိုရင် အပူကန်ခြင်း၊ လည်ချောင်းနာခြင်း၊ လေထိုးလေအောင့်ခြင်း နဲ့ အပူဒဏ်ကြောင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ဒူးရင်းသီးစားပြီး ကော်ဖီသောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် တွဲဖက် မစားသုံး သင့်ပါဘူး။ အခုလို နွေရာသီကာလမှာတော့ ဒူးရင်းသီး အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး တခါစားရင် ၂ မွှာ ကနေ ၃ မွှာ ခန့် အထိသာ စားသုံးသင့်ပါတယ်။

Ref; benefitandharm.com

Source - Ayeyarwady News

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်