ရှားစောင်းလက်ပတ် အစွမ်း

28/05/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှားစောင်လက်ပတ်က ဆေးဖက်ဝင်တယ်ဆိုတာသိပြီးကြသလို ဘယ်လောက်ထိအသုံးဝင်တယ်ဆိုတာ ဒီဆောင်းပါးမှာ လေ့လာနိုင်မှာပါရှင်။

ရှားစောင်းလက်ပတ်က ဘဘာဝအလျောက် အလေ့ကျပေါက်ပါသည်။ အညာဒေသများတွင် တွေ့ရများသည်။ နှင်းပန်းမျိုးရင်းဖြစ်ပြီး အရည်ရွှမ်းသော ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ ၃-၄ နှစ်သားအရွယ်ရှိသောအခါ ရှည်လျားသော ပန်းခိုင်ထွက်လာသည်။ ပန်းခိုင်ထိပ်တွင် နီဝါရောင်ရှိသော ပန်းပွင့်ကလေးများ စုပြုံပွင့်ကြသည်။

ရှားစောင်းလက်ပတ်သည် အေး၏။ ခါး၏။ လေကိုနိုင်၏။ အားကို ဖြစ်စေနိုင်၏။ အရိုးကျိုးဆက်စေနိုင်၏။ ငန်းမန်းကျစေ၏။ ဓမ္မတာကို မှန်စေ၏။

မီးယပ်သွေးစင်ကြယ်စေရန် ရှားစောင်းလက်ပတ်အတွင်းသားကို ပေါက်ပင် ပဥ္စငါးပါးကို ချက်၍ရသော ဆားအနည်းငယ် ဖြူးစားပါက မီးယပ်သွေးစင်ကြယ်စေ၏။

အသဲရောဂါ၊ ကိုယ်ရေဝါရောဂါ၊ အရေပြားရောဂါ၊ ဖျဉ်းရောဂါ၊ ပန်းနာ၊ နူနာတို့၌ များစွာ အကျိုးပြုသည်။

သွေးလုံး၊ လေလုံးများ ပြင်ပသို့ ထုတ်ဆောင်နိုင်ရန် ရှားစောင်းလက်ပတ်အတွင်းသားကို ဝမ်းဗိုက်၌ အုံပေးရ၏။

မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ကျိန်းစပ်ခြင်းများဖြစ်လျှင် ရှားစောင်းလက်ပတ်အတွင်းသားကိုကပ်ပေးရ၏။

နားကိုက်၊ နားနာရောဂါအတွက် အတွင်းသားကို မီးဖြင့်နွေးရုံလုပ်ပြီး နားတွင်းသို့ ထည့်ပေးလျှင် ပျောက်ကင်းစေ၏။

သွေးစုနာ၊ အနာစိမ်း၊ အကြိတ်နာများပေါ်တွင် ရှားစောင်းလက်ပတ်ကို ခွဲပြီး စည်းထားပါက အကြိတ်ကြေ ငန်းမန်းကျပြီး ပျောက်ကင်းစေ၏။

ကိုယ်ရေဝါ (Jalindice) ရောဂါများအတွက် အတွင်းသားကို စားပေးလျှင် ဆီးဝမ်းသက်ပြီး ရောဂါပျောက်ကင်းစေ၏။

ရေဖျဉ်းရောဂါအတွက် အတွင်းသားကို လက်ချားမီးပေါက်မှုန့်အနည်းငယ်ဖြူးစားပေးလျှင် ပျောက်ကင်းနိုင်၏။

ဆီးပူ ဆီးအောင့် ဆီးထိုးခြင်း ရောဂါများအတွက် ရှားစောင်းလက်ပတ်အနှစ်ကို ခြစ်ယူပြီး သကြားနှင့် သောက်ပါက ပျောက်ကင်းစေ၏။

ဓမ္မတာမမှန်လျှင် ရှားစောင်းလက်ပတ်ကို ပါးပါးလှီးပြီး ဟင်းခါးချက်စားရ၏။

ရှားစောင်းလက်ပတ်ကို မီးယပ်ချက်ဆေးများတွင် များစွာ အသုံးပြုကြ၏။

ဆေးဖက်လည်းဝင်ပြီး ပေါက်ရောက်မှုလည်းများတဲ့ ရှားစောင်းလက်ပတ်ကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ…..

ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာ နှင့် ဆေးဖက်ဝင်အပင်များ

ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်