တမာအကြောင်း လေ့လာမယ်

02/04/2020 20:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တမာပင်ကြီးကြီးတွေက အရိပ်လည်းရသလို ဆေးဖက်ဝင်တာကိုလည်း သိကြမှာပါ။ တမာရွက်လို့ပြောရင် တမာချဉ်ဟာ ထိပ်ဆုံးကရောက်လာပါလိမ့်မယ်။ ခရမ်းချဉ်သီး ငပိချက်နဲ့ တွဲပြီး စားတတ်ကြတာကတော့ တမာချဉ်ပါပဲ။ တမာရွက်ပြုတ်၊ တမာရွက်အချဉ်ဟာ ခါးပေမယ့် ခံတွင်းမြိန်စေတဲ့ အရွက်တစ်မျိုးပါ။

တမာရွက်ဟာ ခါးသက်သက်အရသာရှိပြီး တမာကြီး တမာလေးဆိုပြီး ၂ မျိုးရှိပါတယ်။ အချဉ်ထည့်စားတာကတော့ တမာလေးကိုစားကြတာပါ။ တမာရွက်ဟာ ခါးသက်တဲ့အရသာရှိတာကြောင့် သလိပ်နဲ့ သည်းခြေကိုနိုင်စေပါတယ်။ နူနာ ပိုးနာနဲ့ သင့်လျော်ပါတယ်။ ချောင်းဆိုးနေရင် တမာရွက်ကို ပြုတ်သောက်ကြပြီး ဆီးသွားစေပါတယ်။ အချို့ ယားနာရှိတဲ့သူတွေ တမာရွက်ပြုတ်ရည်နဲ့ရေချိုးရင် သက်သာစေပါတယ်။ သူ့မှာရှိတဲ့ အခြားအာနိသင်တွေကိုလည်း မျှဝေလိုက်ပါတယ်။

(၁) ပိုးသတ်ဆေးအာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်ဆေးအာနိသင်တွေရှိပါတယ်။ ဒါကြောင့် အနာပေါက်နေချိန် တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်

သင့်ခန္ဓာကိုယ် အရေပြား ယားယံနေရင် တမာရွက်ပြုတ်ရည်နဲ့ ချိုးလိုက်ပါ။ တမာရွက်ရဲ့ ဆေးဖက်ဝင် အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေးနိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ ပိုးမွှားမှန်သမျှ တွန်းလှန်ပေးပြီး အနာကျက်မြန်စေပါတယ်။

(၄) အရေပြားအနာတွေအတွက် ဆေးစွမ်းကောင်းပါ

နှင်းခူ၊ ဝက်ခြံ၊ အရေပြားဓာတ်မတည့်တာ၊ အရေပြားမှာ အနီကွက်ပေါ်တာ၊ အရေပြားမှာ ယားနာပေါက်တာ စတဲ့ အရေပြားဝေဒနာအားလုံး အမြန် သက်သာစေဖို့ တမာဆီ ဒါမှမဟုတ် တမာရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက်သာစေပါတယ်

မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက် ထည့်ကျိုထားတဲ့ တမာရေကို လိမ်းပေးပါ။ အရေပြားကို အနာအမြန်ကျက်စေပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

(၆) ဆံပင်သား ကျန်းမာစေပါတယ်

တခြား ဆံပင်လိမ်းဆီအစား ဆံပင်မှာ လိမ်းပေးရင် ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်ပြီး ဗောက်ထတာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ်တာတွေကို သက်သာလျော့ပါးစေပါတယ်။ 

(၇) ကြွက်သားနဲ့ အဆစ်တွေနာကျင်မှုကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက်သားနဲ့ အဆစ်နေရာတွေမှာ လိမ်းပြီး နှိပ်ပေးရင် ရိုးဆစ်ရောင်ရမ်းနာ၊ ဂေါက်အဆစ်ရောင်နာ၊ ခါးနာတာစတဲ့ နာကျင်မှု ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်

တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံအာရုံ မကောင်းတာကို သက်သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေတာကို သက်သာစေပါတယ်။ ရင်ပူမှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါတယ်

တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ သန်ကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေလို့ပါ။

(၁၀) သွေးသန့်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင် သွေး သန့်စင်စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါကင်းစေပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ်လက်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ တမာရွက်ဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်လို့ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်

တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို သန်စွမ်းကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်းစေတဲ့ ပြင်ပရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုအထိ တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။

ကြယ်စင်

credit: Good Health

Source- My food myanmar မှ ပြန်လည်ကူးယူဖော်ပြပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်