ဗိုင်းရပ်စ်ရောဂါတွေအတွက်ကောင်းတဲ့ ချဉ်စော်ကားသီး

02/09/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Cydonia oblonga Mill.(Quince)

Pseudocydonia sinensis C.K.Schneid.....(Chinese quince) 

Family : Rosaceae   

ချဥ်စော်ကားသီးနဲ့ ပတ်သက်ပြီး Wikipedia ဝီကီပီးဒီးယားမှာ ရေးသားထားချက်များကို ကူးယူဖော်ပြပေးလိုက်ပါသည်။ 

ချဥ်စော်ကားသီး ၂ မျိုးကို ဂူဂဲလ်မှာဖော်ပြထားသည်။ ချဉ်စော်ကားသီး၏ အရပ်အမည်မှာ Quince ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Cydonia oblonga ဖြစ်သည်။ နွေးသမရာသီဥတုရှိသော အာရှတိုက်အနောက်တောင်ပိုင်းဒေသများဖြစ်သော ဥရောပတိုက်နှင့် အာရှတိုက်နယ်ကြားဒေသများသည် ချဉ်စော်ကားသီး၏ဇာတိနေရာဖြစ်သည်။ အပင်မှာငယ်ပြီး မီရာသီအလိုက် အရွက်ကြွေမျိုးဖြစ်သည်။ အပင်သည် ၅မီတာမှ ၈ မီတာအတွင်းမြင့်ပြီး ၄ မီတာမှ ၆ မီတာအထိ အဝန်းကျယ်သည်။ အသီးမှာ ပန်းသီး၊ သစ်တော်သီးများနှင့်ဆင်တူသည်။ အသီးရင့်မှည့်သောအခါတွင် အဝါရင့်ရောင်တောက်တောက်ဖြစ်သည်။ အသီးသည် ရင့်မှည့်ချိန်တွင် ၇ စင်တီမီတာမှ ၁၂ စင်တီမီတာအတွင်းရှည်လျားပြီး ၆ စင်တီမီတာမှ ၉ စင်တီမီတာထိ ကျယ်သည်။ 

ချဉ်စော်ကားသီး 

အသီးမရင့်မှည့်မီတွင် အစိမ်းရောင်ရှိပြီး အဖြူရောင်သမ်းသော မီးခိုးရောင်အမွှေးနုလေးများပါရှိသည်။ ဆောင်းဦးကုန်တွင် အသီးရင့်မှည့်လာပြီးနောက် အမွေးနုများမရှိတော့ဘဲ အသီးမှာ အဝါရောင်ပြောင်းကာ မာကျောသည်။ မွှေးမြသောအသားရှိသည်။ အရွက်များသည် အစိမ်းရောင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၁ စင်တီမီတာအထိ ရှည်လျားသည်။ အရွက်တွင် အမွေးနုလေးများပါရှိသည်။ 

နွေဦးပေါက်ရာသီတွင် အရွက်နုအသစ်များထွက်ပေါ်လာပြီးနောက် အဖြူရောင် (သို့မဟုတ်) ပန်းရောင်ရှိသော အပွင့်များပွင့်လာကြသည်။ ပန်းပွင့်သည် ပွင့်ဖတ် ၅ခုပါရှိပြီး ၅ စင်တီမီတာဗြက်ကျယ်သည်။ အသီးစားအပင်ဖြစ်သည်။ ချဉ်စော်ကားသီးပင်၏ မျိုးစိတ် Cydonia ၏ မျိုးကွဲများမှာ တရုတ်နိုင်ငံ ဇာတိဖြစ်သော Chinese Quince (Pseudocydonia sinensis) နှင့် အာရှတိုက်အရှေ့ဘက်ပိုင်းဇာတိဖြစ်ကြသော ပန်းပွင့်သောအပင်မျိုး ၃ မျိုး တို့ဖြစ်ကြသည်။ 

ကမ္ဘာပေါ်တွင် တူရကီနိုင်ငံမှာ တစ်ကမ္ဘာလုံးထုတ်လုပ်သော ချဉ်စော်ကားသီး၏ ၄ ပုံ ၁ ပုံကိုထုတ်လုပ်နိုင်ပြီး ချဉ်စော်ကားသီးထုတ်လုပ်နိုင်မှု အမြင့်မားဆုံးတိုင်းပြည်ဖြစ်သည်။ ချဉ်စော်ကားသီးအပင်မှာ ရေခဲသည့်ဒေသများတွင်လည်း ခံနိုင်ရည်ရှိပြီး ၇ ဒီဂရီထက်နည်းသော ရာသီဥတုတွင်သာ ပန်းကောင်းကောင်းပွင့်နိုင်သည်။ 

အပင်မှာ အစေ့မှ ကိုယ်တိုင်မျိုးပွားနိုင်သည်။ ကိုင်းဖြတ်ဆက်ခြင်းဖြင့်လည်း မျိုးပွားနိုင်သည်။ အသီးရင့်မှည့်လာလျှင် အသားမှာ ပျော့ပြောင်းသွားသော်လည်း အသီးကိုမမှည့်မီ နှင်းမကျမီ ပူနွေးသည့်ရာသီတွင် ခူးဆွတ်စားသုံးရန်သာ အကောင်းဆုံးဖြစ်သည်။ ချဉ်စော်ကားသီး၏အသားမှာ များသောအားဖြင့်မာကျောသောကြောင့် သစ်သီးယိုပြုလုပ်စားသုံးကြသည်။ ချဉ်စော်ကားသီးကို အချိန်ကြာမြင့်စွာ ချက်လိုက်လျှင် အနီရောင်သို့ပြောင်းသွားသည်။ 

မြန်မာနိုင်ငံတွင် အေးသည့်ရာသီဥတုရှိသော တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည်။ ချဉ်စော်ကားသီးကို ငရုတ်သီးမှုန့်၊ ငံပြာရည်တို့ဖြင့်ရောနယ်ကာ အချဉ်ထုပ်၊ အချဉ်ပေါင်း အဖြစ်စားသုံးကြသည်။ ချဉ်စော်ကားသီးအခြောက်ကို ငရုတ်သီးစိမ်းဖြင့်ရောချက်ကာ ချဉ်စပ်ဟင်းရည်အဖြစ်စားသုံးကြသည်။ 

ဆေးဖက်ဝင်ခြင်း 

အသီးသည် မာကြောသည်။ ချုပ်စေသော သတ္တိ astringent ရှိသည်။ အလှစိုက်အပင်အဖြစ် ဥရောပတောင်ပိုင်းတွင် စိုက်ကြသည်။ တရုတ်ရိုးရာဆေးပညာမှာ အသီးကို အဆစ်အမြစ်ရောင်သော rheumatoid arthritis (termed as "damp bi syndrome") ရောဂါကုသရာမှာ သုံးသည်။ 

မကြာသေးမီက လေ့လာတွေ့ရှိချက်အရ အသီးကနေ စစ်ထုတ်ထားသော  extracts of phytochemicals တွေမှာ antioxidant and antiviral properties (virus ကို ဆန့်ကျင်စေသော ဂုဏ်သတ္တိ) များ ရှိနေတာကိုသိရသည်။ ဒီအတွက်ကြောင့် လက်ရှိ ကြုံတွေ့နေရသော ကပ်ရောဂါအတွက် ချဥ်စော်ကားသီးဖြင့် လေ့လာစမ်းသပ်မှုများပြုလုပ်နေတာ ဖြစ်ပါသည်။

ကိုသက်နိုင်ဦး

ဟုမ္မလင်း

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်