ပေါင်းပင်တဖြစ်လည်း ထိကရုန်း

30/07/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထိကရုန်းပင်ကို နေရာတိုင်းမှာ တွေ့မြင်ရတတ်ပါသည်။ ငယ်စဉ်က "ပြာတာလာပြီ။ အိပ်အိပ်" ဟုဆိုကာ ထိုအပင်ကလေးများဖြင့် ကစားခဲ့ကြသည်များလည်းရှိခဲ့ကြသည်။ ထိကရုန်းသည် မျိုးရင်းအားဖြင့် (MIMOSACEAE) ဆူးဖြူမျိုးရင်းဖြစ်သည်။ ရုက္ခဗေဒအမည်မှာ (Minosa Pudica L.,) ဟုခေါ်ကြသည်။ အင်္ဂလိပ်တို့ကမူ (Sensitive plant, Touch-Me-Not) ဟုအမည်နှစ်မျိုးဖြင့် ခေါ်ကြသေးသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်ကြသည်။ အရွက်၊ အမြစ်၊ ပဉ္စငါးပါးကို သုံးကြသည်။ 

မြန်မာ့ဆေးကျမ်းများ၌ ထိကရုန်းသည် ခါးဖန်သောအရသာရှိသည်။ အေးသော သတ္တိရှိသည်။ သလိပ်သည်းခြေကို ငြိမ်းစေသည်။ သွေးအန်သွေးကျရောဂါ၊ ဆီးရောဂါ၊ ဝမ်းသပ်ရောဂါ တို့ကို ပျောက်ကင်းစေ၏။ အိပ်မပျော်သောရောဂါကိုလည်း ပျောက်စေ၏။ ဝမ်းချုပ်ရောဂါ၊ ပိတ်ဝမ်းရောဂါ၊ သွေးမြင်းသရိုက်ရောဂါတို့ကို ပျောက်စေနိုင်၏။ ထိခိုက်မိခြင်းကြောင့်ဖြစ်သော ရောဂါများ၊ ဖောရောင်သောရောဂါတို့ကို ချမ်းသာစေနိုင်၏။

အစေ့သည် သုတ်အားနည်းရောဂါ၊ မီးယပ်ရောဂါတို့၌ ကောင်း၏။ သွေးကို တိတ်စေတတ်၏။ ထိခိုက်ဒဏ်ရာများ၊ အနားများတွင် လိမ်းပေးပါက အသားနုတက်၍ အမြန်ပျောက်ကင်း၏။ ဂရင်ဂျီနာနှင့် သင့်၏။

ကုန်းထိကရုန်း၊ ရေထိကရုန်း ဟူ၍ နှစ်မျိုးရှိ၏။ ကုန်းထိကရုန်းကို ဆေးဝါးအဖြစ်သုံးကြ၏။ ရေထိကရုန်းကို အာဟာရအဖြစ် စားကြ၏။

ရေထိကရုန်းသည် ဆီးအလွန်ကောင်းသည်။ ရေငတ်ရောဂါကို ပျောက်ကင်းစေသည်။ ကြက်သွန်ဖြူဖြင့် ကြော်စားပါက ပိတ်ဝမ်းရောဂါ၊ ဝမ်းသပ်ရောဂါတို့ကို သက်သာပျောက်ကင်းစေ၏ဟု ဖွင့်ဆိုကြသည်။

အသုံးပြုပုံ

- ဆီးရောဂါများအတွက် အရွက်ကို ကြိတ်၍ ဆီးခုံတွင် အုံပေးပါက ပျောက်ကင်းစေ၏။

- ဆီးကျောက်တည်ရောဂါအတွက် ထိကရုန်းအဖြစ်ကို ပြုတ်သောက်ခြင်းဖြင့် ဆီးကျောက်ပျော်၍ ကွဲကျစေသည်။

- အနာအမြစ်ကျွတ်စေရန် ထိကရုန်းမြစ် သွေးလိမ်းရသည်။ လိပ်ခေါင်းရောဂါအတွက် ပဥ္ဂငါးပါးကို ပြာချပြီးအုန်းဆီဖြင့် လိမ်းပေးပါက ပျောက်ကင်းစေသည်။ ပဥ္စငါးပါးပြုတ်၍ မှိုင်းခံခြင်းဖြင့် သက်သာစေသည်။

- နှင်းခူရောဂါအတွက် ပဉ္စငါးပါး အကျွမ်းလျှော်ပြီး အမှုန့်လုပ်ပါ။ အုန်းဆီဖြင့် ဖျော်လိမ်းပေးရ၏။

- ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်းများအတွက် ပဉ္စငါးပါးကြိတ်ရည်ကို ပြစ်ပြစ်လိမ်းပေးပါက သက်သာစေသည်။

- အလင်းရောင် မကြည်နိုင်သော မျက်စိနာများအတွက် ထိကရုန်း ပဉ္စငါးပါးကို ရေစင်အောင် ဆေးပါ။ ရေစိမ်ထားပါ။ ၎င်းစိမ်ထားသောရေဖြင့် မျက်စိ စိမ်ပေးလျှင် သက်သာပျောက်ကင်းစေသည်။

- အသားဝါရောဂါအတွက် ထိကရုန်းပဉ္စငါးပါး ငါးကျပ်သားနှင့် ဝက်သဲ နှစ်ကျပ်သားကို ပြုတ်တိုက်ပါက သက်သာပျောက်ကင်းစေနိုင်သည်။

- ညောင်းကျရောဂါအတွက် ထိကရုန်းပြုတ်ရည် ကော်ဖီပန်းကန်တစ်လုံး၊ သကြားတစ်ဇွန်း၊ ဒိန်ချဉ်လက်ဖက်ရည် တစ်ဇွန်းကို မှန်မှန်သောက်ပေးပါက သက်သာပျောက်ကင်းစေ၏။

- မြင်းသရိုက်၊ လိပ်ခေါင်းရောဂါအတွက် အရွက်ကို အမှုန့်ပြုပြီး နို့ဖြင့် သောက်လျှင် ပျောက်ကင်းသက်သာစေသည်။

- သွေးအံ၊ သွေးကျ၊ ပန်းနာ ကာကွယ်ဆေး၊ ဝမ်းရောဂါပျောက်ဆေး၊ အားတိုးဆေးအဖြစ် ဖော်စပ်အသုံးပြု၏။

- ကြပ်ပတီးနာ၌ အရည်ကို လိမ်းကြသည်။

- နှာစေးရောဂါ၌ အမြစ်ကို သွေးပြီး ရှူစေရ၏။

- ကလေးများ တက်သောရောဂါ၌ ပဉ္စငါးပါး အရည်ကိုတိုက်ခြင်း၊ လိမ်းခြင်းဖြင့် သက်သာစေ၏။

- အနာဝ ကျယ်များကို ပဉ္စငါးပါး ပြာချ၍ အုန်းဆီဖြင့် လိမ်းပေးရ၏။

ကိုယ့်ရဲ့စိုက်ခင်းတွေမှာ ပေါက်နေတဲ့ ပေါင်းပင်တဖြစ် ဆေးဖက်ဝင်တဲ့ ထိကရုန်းပင် များကိုရှင်းလင်းပြီး အသုံးတည့်စွာသုံးနိုင်ကြပါစေရှင်။

ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာ နှင့် ဆေးဖက်ဝင်အပင်များ

ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်