ဗေဒါပင်၏ ဆေးဖက်ဝင်ပုံ

06/08/2020 19:00 PM တွင် Sandakue Aung Sandakue Aung မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗေဒါသည် မြန်မာနိုင်ငံ၏ မျိုးရင်းမဟုတ်ပေ။ တရုတ်အမျိုးသားတစ်ဦးက အလှစိုက်ရန်ယူလာပြီး ရောက်လာကာမှစ၍ ထိုအပင်ကို ပြည်ကြီးပင်ဟုခေါ်သည်ကို မှတ်သားဖူးပါသည်။ နေရာဒေသမရွေး လျင်မြန်စွာ ပွားများနိုင်သော အပင်ဖြစ်သည်။ ဗေဒါပင်တွင် သတ္ထုဓာတ်များအနေဖြင့် ကယ်လ်ဆီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ သံဓာတ်၊ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ သွပ်ဓာတ် နှင့် ခရိုမီယမ်ဓာတ် စုစုပေါင်းဆယ်မျိုး ပါ၀င်သည်။ ဗေဒါပင်သည် အလွယ်ပွားလွယ်ပြီး အင်အားကောင်းလာကာ ယခုအချိန်တွင် လူတို့၏ အခက်အခဲပင် ဖြစ်လာပါတော့သည်။ ထို့ကြောင့်လူတို့အခက်အခဲဖြစ်သည်အထိ များပြားလာသော ဗေဒါပင်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် ဗေဒါပင်၏ ဆေးဘက်၀င်ပုံကို ဆွေးနွေးတင်ပြချင်ပါသည်။ 

အဆိပ်အာနိသင် - ဗေဒါပြုတ်ရည်မှ ထုတ်ယူရရှိသော ရေကို ကြွက်ဖြူများနှင့် စမ်းသပ်ရာ လတ်တလော အဆိပ်အာနိသင်ကို မတွေ့ရှိပါ။

ဗေဒါပင်သည် ရောဂါသုံးမျိုးကို လက်တွေ့ပျောက်ကင်းနိုင်သောကြောင့် ဆေးဘက်၀င်အပင်အဖြစ် သတ်မှတ်ထားကြပါသည်။

အသုံးပြုပုံ

ဆီးကျောက်ရောဂါ - ဗေဒါပင်နုနုကို နုတ်ယူသန့်စင်ပြီး အဆီမပါသော၊ အဆီနည်းသော ၀က်သားနှင့်ချက်စားပါက ဆီးစပ်ကိုက်ခြင်း နှင့် ဆီးကျောက်တည်ခြင်းများကို ပျောက်ကင်းစေပါသည်။ (ဗေဒါအနုသုံးပင်ခန့်ကို ဖြတ်တောက်ပြီး ၀က်သား၂၅ ကျပ်သားဖြင့်ရောချက်ပါ။ အသားနပ်သည်အထိ ချက်ပြီး ကုန်အောင်စားပေးရုံနှင့် ကျောက်များကြေပြီးကျပါသည်။)

အစာအိမ်ရောဂါ - ဗေဒါပင်၏အပွင့်၊ ပင်စည်နှင့် အမြစ်များကို ‌ရေသန့်စင်အောင် ဆေးကြောပြီး ကြော်စား၊ ချက်စား၊ သုပ်စားပါက အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

ဆီးချိုသွေးချိုရောဂါ - ဗေဒါပွင့်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်ခြင်း၊အပွင့်ကိုသုပ်စားခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ဗေဒါပွင့်လေးများကို အရည်ညှစ်ပြီး နေ့စဉ် လက်ဖက်ရည်ကြမ်းပန်းကန်တစ်လုံးလောက် ပုံမှန်သောက်ပေးခြင်းသည်လည်း ပျောက်ကင်းနိုင်ပါသည်။

မစန္ဒကူးအောင် 

https://m.facebook.com/story.php?story_fbid=2015848892010821&id=100007571890625

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်