ကျန်းမာရေးအကျိုးများသည့် ပင်လယ်ထဲက ရေညှိများ

18/07/2022 16:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 ရေညှိတွေဆိုတာ ပင်လယ်ထဲကနေထွက်တဲ့ သဘာဝအရွက်တွေပဲဖြစ်ပါတယ်။ Seaweed လို့ခေါ်တဲ့ ရေညှိတွေက အမျိုးအစားအများကြီးရှိကြပြီး အစိမ်းရောင်၊ အညိုရောင်၊ အနီရောင် စသဖြင့် စားလို့ရတဲ့အမျိုးအနွယ်တွေက အများကြီးပါ။ 

ဘယ်ရေညှိအမျိုးအစားမဆို ကျန်းမာရေးအတွက်တော့ အထောက်အကူ ပြုကြပါတယ်။

ကုန်းပေါ်မှာစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့မတူဘဲ ထူးခြားတဲ့အာဟာရတွေကို ပေးစွမ်းနိုင်ပါတယ်။ 

ကျန်းမာစေတဲ့ ဓာတ်စာတွေအဖြစ် ထည့်သွင်းစားသုံးဖို့လည်း သင့်လျော်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုထားကြပါတယ်။

ရေညှိမှာဆိုရင် အိုင်အိုဒင်းဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် B12၊ ဗီတာမင်ကေ၊ သံဓာတ်၊မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်တွေ  ပါဝင်ပါတယ်။ ဒါကြောင့် ဆေးဝါးအဖြစ်ထုတ်လုပ်တဲ့ နေရာမှာ နာမည်ကြီးပြီး ဆေးတောင့်၊ ဆေးမှုန့်  ၂ မျိုးစလုံးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

ရေညှိတွေကို စားသုံးပုံ

         အနီရောင်ရေညှိအမျိုးအစားဖြစ်တဲ့ Nori ကိုတော့ရေညှိထမင်းလိပ်ပြုလုပ်တဲ့အခါမှာ အသုံးပြုကြသလို ခေါက်ဆွဲပြုတ်၊ ထမင်း စတာတွေအပေါ်မှာလည်း နှမ်းနဲ့ရောဖြူးပြီး စားကြပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်အသုပ်တွေမှာလည်း ထည့်သွင်းစားသုံးနိုင်ပါသေးတယ်။ ထိုသာမက ရေညှိတွေကို အဆာပြေမုန့်တွေအဖြစ် ပြုလုပ်ဖန်တီးနေကြပါပြီ။ ရေညှိကြော်၊ ရေညှိအသားခပ်မှုန့်တွေအပြင် ရေညှိမုန့်ခြောက်တွေကိုလည်း ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါတယ်။

အခြောက်ခံ၊ အမှုန့်ကြိတ်ပြီး အာဟာရဖြည့်စွက်ဆေးတွေအဖြစ်လည်း ပြုလုပ်ကြပါတယ်။ ရေညှိကြော်တွေကို ဝါးစားရတာ မကြိုက်တဲ့သူတွေအတွက်တော့ အမှုန့်ကြိတ်ပြီး Smoothie ဖျော်ရည် ဒါမှမဟုတ် စွပ်ပြုတ်တွေထဲထည့်ပြီး စားသုံးနိုင်ပါတယ်။ စားဖိုမှူးတွေရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ရေညှိရေခဲမုန့်ကိုတောင် နိုင်ငံတစ်ချို့မှာ စားသုံးနေကြပါပြီ။ ဂျပန်နိုင်ငံရဲ့ မီဆိုဟင်းရည်ထဲမှာပါတဲ့ ရေညှိကိုတော့ ကိုးရီးယားထမင်းလိပ်နဲ့ ဆူရှီတွေမှာ အသုံးပြုကြပါတယ်။

ရေညှိအမျိုးအစားကွဲများနှင့် အသုံးဝင်ပုံများ

ပင်လယ်ရေညှိတွေက အမျိုးအစားကွဲများစွာရှိကြပြီး တစ်ခုနဲ့တစ်ခု မတူကြသလို စားသုံးတဲ့အခါရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မတူညီကြပါဘူး။ Kelp လို့ ခေါ်တဲ့ ရေညှိအမျိုးအစားခွဲပေါင်း ၃၀ ခန့် ရှိကြပါတယ်။ ဒီအမျိုးအစားတွေကတော့ ပင်လယ်ထဲမှာ ရေငုပ်တဲ့အခါ မိမိတို့ ရဲ့ ခြေထောက်နဲ့ ငြိနေတတ်တဲ့ ရေညှိအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာလို “ရေမှော်”လို့ ခေါ်ကြပါတယ်။ နာမည်ကြီးရေညှိတွေကတော့ -

၁။ Algin လို့ခေါ်တဲ့ ရေညှိ

ရေညှိကိုအခြေခံပြီး ထောင်ချီတဲ့စားသောက်ကုန်တွေ ပြုလုပ်လေ့ရှိကြပါတယ်။ Algin လို့ ခေါ်တဲ့ ရေညှိအမျိုးအစားကတော့ ပျော့ပျောင်းတာမို့ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် နဲ့ ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ ရေခဲမုန့် တွေထဲ ထည့်စားလို့ရတဲ့ရေညှိက Algin အမျိုးအစားပဲ ဖြစ်ပါတယ်။

၂။ Nori လို့ ခေါ်တဲ့ ရေညှိ

Nori လို့ခေါ်ကြတဲ့ ရေညှိအမျိုးအစားကတော့ သေးငယ်ပြီး အခြောက်ခံရောင်းကြပါတယ်။ Nori ရေညှိအမျိုးအစားဟာ Kelp ရေညှိအမျိုးအစားတွေလိုပဲ ထမင်းလိပ်တွေလုပ်တဲ့အခါမှာ အသုံးပြုကြပါတယ်။ အမိုင်နိုအက်စစ်နဲ့ ဂလူတမိတ် ပါဝင်ပြီး အရသာရှိတာမို့ မိမိကြိုက်နှစ်သက်တဲ့ဟင်းတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

၃။ စိမ်းပြာရှေညှိ (Spirulina)

စိမ်းပြာရှေညှိအဖြစ် နာမည်ကြော်ကြားတာကတော့ စပီရူလိုင်းနား(Spirulina) ပဲ ဖြစ်ပါတယ်။ စပီရူလိုင်းနားဟာ အာဟာရဓာတ်အကြွယ်ဝဆုံး စားစရာတွေထဲမှာ ပါဝင်ပါတယ်။ အာကာသထဲကိုသွားရတဲ့ အာကာသယာဥ်မှူးတွေအတွက် အာဟာရဓာတ်တွေ ပေးစွမ်းနိုင်တဲ့ ရေညှိတစ်မျိုးပါ။ စပီရူလိုင်းနားရေညှိခြောက် ၁ ဇွန်း(ဒါမှမဟုတ်)၁ပြားမှာ ပရိုတင်းများစွာပါဝင်တဲ့အပြင် အမိုင်နိုအက်စစ်၊ ဗီတာမင်များစွာ၊ သတ္တုဓာတ်နဲ့ လျှပ်လိုက်ရည်တို့ ပါဝင်နေတာကို တွေ့ရှိထားကြပါတယ်။

၄။ Dulseလို့ခေါ်တဲ့ ရေညှိ

Dulse လို့ခေါ်တဲ့ ရေညှိအမျိုးအစားကတော့ ဆလတ်ရွက်နဲ့တူပြီး အနီရောင်အဆင်းရှိပါတယ်။ Dulse ရေညှိအမျိုးအစားဟာ ရေအောက်မှာခူးပြီးပြီးချင်း အခြောက်ခံရပြီး ရေညှိပွင့်ခြောက် ဒါမှမဟုတ် အမှုန့်ကြိတ်ပြီး ပေါင်ဒါမှုန့်အဖြစ်နဲ့ မြင်တွေ့ရတတ်လို့ပါပဲ။

၅။ Wakame လို့ခေါ်တဲ့ ရေညှိ

အညိုရောင်ရေညှိအမျိုးအစားဖြစ်တဲ့ Wakame ရေညှိဟာဆိုရင်လည်း ထင်ရှားကျော်ကြားပြီး အရွက်သုပ်ထဲမှာ ထည့်စားလို့ရသလို ထမင်းလိပ်နဲ့ စွပ်ပြုတ်တွေထဲ ထည့်ပြီးအစားများပါတယ်။ Walame အမျိုးအစားရေညှိကိုတော့ အခြောက်ခံရောင်းပေမယ့် စားခါနီးမှာ ရေထဲခဏခဏစိမ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရေညှိထဲကပ်နေတဲ့ ဆားတွေလျော့ပါးသွားပြီး လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။

၆။ Kombu လို့ခေါ်တဲ့ ရေညှိ

 Kombu ရေညှိကို အစားအသောက်တွေမှာ ဟင်းခတ်မှုန့်အဖြစ် အသုံးပြုကြပါတယ်။ မီဆိုဟင်းရည်တွေမှာ ဟင်းခတ်အမွှေးအကြိုင်အရည်အနေနဲ့ ထည့်သွင်းစားသုံးကြ ပါတယ်။ Kombu ရေညှိမှာ ဂက်စ်တွေကို ဖြိုခွဲနိုင်တဲ့ အင်ဇိုင်းများစွာ ပါဝင်တယ်လို့ တွေ့ရှိထားပါတယ်။

၇။ Chlorella လို့ခေါ်တဲ့ ရေချိုရေညှိ

ရေချိုရေညှိ Chlorella ကလည်း အာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ ဒါပေမယ့် သူ့နဂိုမူရင်းအတိုင်းဆို မာကျောပြီး အစာခြေဖို့ ခက်ခဲတာကြောင့် ဒီရေညှိကို ဆေးဝါးအဖြစ်သာ တွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ 

ရေညှိရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့-

၁။ သိုင်းရွိုက်နှင့် ပတ်သက်သော ရောဂါများအတွက် ကောင်းမွန်ခြင်း

ရေညှိမှာ အိုင်အိုဒင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းနဲ့ ဖက်တီးအက်စစ်တွေ ပေါကြွယ်ဝပါတယ်။ သိုင်းရွိုက်လို့ခေါ်တဲ့ လည်မျိုကျန်းမာရေးအတွက်က တော့ အိုင်အိုဒင်းဓာတ်က မရှိမဖြစ် လိုအပ်တာပါ။

သိုင်းရွိုက်ပြဿာနာဖြစ်ပြီဆိုရင် ကိုယ်အလေးချိန်တက်လွယ်ခြင်း၊ အဝလွန်ခြင်းနဲ့ လည်ပင်းကြီးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အိုင်အိုဒင်းမလုံလောက်မှုကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ဦးနှောက်နဲ့ အရိုးကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ယနေ့အချိန်မှာ ကမ္ဘာပေါ်ရှိ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ တစ်နေ့တာအတွက်လုံလောက်တဲ့ အိုင်အိုဒင်းပမာဏ ၁၅၀ မီလီဂရမ်ကို မရရှိကြပါဘူး။ ဒီလိုမျိုးအတွက်ဆိုရင် ရေညှိဟာ သတ္တုဓာတ်တွေကြွယ်ဝဖို့အတွက် အကောင်းဆုံး ဖြည့်စွက်အစားအစာဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။       

Kombu ရေညှိကို စားသုံးတာက အကောင်းဆုံးဖြစ် ပြီး Wakame နဲ့ Nori ရေညှိတွေကိုလည်း စားသုံးနိုင်ပါတယ်။ အိုင်အိုဒင်းအတွက် ရေညှိကိုစားသုံးမယ်ဆိုရင် ဆရာဝန် ညွှန်ကြားချက်နှင့်အညီ စားသုံးသင့်ပါတယ်။

၂။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း

သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိချက်အရ ရေညှိတွေမှာ ရောဂါတွေကိုကုသပေးနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ရေညှိတွေမှာ ဆဲလ်ဖြစ်ပွားမှုတွေကို ပျက်စီးစေနိုင်တဲ့ ရယ်ဒီကယ််လ်တွေကို ထိန်းချုပ်နိုင်တဲ့ Antioxidants တွေ ပါဝင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အိုမီဂါ - 3 ဖက်တီးအက်စစ်တွေလည်း ရေညှိထဲမှာ ပါရှိနေပါတယ်။

ရေညှိတွေက ရောဂါတွေကိုကာကွယ်ရာမှာ ကူညီပေးပြီး ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက်လည်း အကူအညီကောင်းတစ်ခု ဖြစ်ပါတယ်။ 

၃။ အစာခြေဖျက်မှုဆိုင်ရာ ပြဿာနာကို ဖြေရှင်းပေးခြင်း

ရေညှိမှာ အမျှင်ဓာတ်တွေဟာ ၂၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ဒါဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ Prebiotics ပဲဖြစ်ပါတယ်။

ညအချိန်တွေမှာတောင် အမျှင်ဓာတ်တွေက အစာခြေဖျက်မှုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပြီး အိပ်နေချိန်မှာ ဗိုက်မဆာစေတာပဲ ဖြစ်ပါတယ်။ 

၄။ ခဲသတ္တုအဆိပ်သင့်မှုကို ကာကွယ်ပေးခြင်း

လေထုညစ်ညမ်းမှုတွေကြုံနေရတဲ့ ခန္ဓာကိုယ်၊ ငါးတွေအစားများပြီး မာကျူရီဓာတ်လွန်ကဲနေတဲ့ ခန္ဓာကိုယ်တွေဟာ သတ္တုဓာတ်တွေ လွန်ကဲနေတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ Chlorella ရေညှိနဲ့ စပီရူလိုင်းနား ရေညှိမျိုးကို စားသုံးပေးသင့်ပါတယ်။ ရေညှိတွေဟာ Cadmium နဲ့ ခဲသတ္တုအဆိပ်သင့်မှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။

၅။ သံဓာတ်နဲ့ ကြေးနီဓာတ် ကြွယ်ဝစွာပါရှိခြင်း

ရေညှိမှာ မဂ္ဂနီဆီယမ်၊ သံ၊ ကြေးနီ၊ ဇင့်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်စတဲ့ သတ္တုဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။

ရေညှိတွေမှာ ဟင်းနုနွယ်ရွက်နဲ့ အသားတွေထက်ပင် သံဓာတ်နဲ့ ကြေးနီဓာတ်တွေ ပိုမိုပါဝင်ပါတယ်။ ၁၀၀ ဂရမ်အသားနဲ့ ၈ ဂရမ် Dulse ရေညှိမှာ တူညီတဲ့ သံဓာတ်ပမာဏရှိတယ်လို့ ဆိုနိုင်ပါတယ်။

ရေညှိတွေကို ရေညှိဆေးဝါး၊ ရေညှိမုန့်၊ ရေညှိဟင်းချို၊ ရေညှိခြောက်သုပ် စတဲ့ပုံစံအမျိုးမျိုးနဲ့ တစ်ပတ်မှာ ၃ ကြိမ်ကနေ ၅ ကြိမ် စားသုံးနိုင်ပါတယ်။

သူတို့ဟာ ပင်လယ်ကနေထွက်တဲ့ သဘာဝအရွက် ဖြစ်တာမို့ အစာအိမ်ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အပြင် များပြားလှတဲ့အကျိုးကျေးဇူးတွေရှိပြီး အဆိပ်အတောက်တွေကို ပြေစေနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြားလှတဲ့ ရေညှိတွေကို ဖြည့်စွက်အစားအစာအဖြစ် စားသုံးရင်း ကိုယ်ခံအားအကောင်းဆုံးနဲ့ ရောဂါဆိုးတွေကို တိုက်ထုတ်တွန်းလှန်နိုင်ကြပါစေ။

Ref: The Health Benefits of Seaweed by verywellfit.com.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်