ခရမ်းရောင်သမ်းတဲ့အသီးအနှံတွေကပေးတဲ့ ကျန်းမာရေးကောင်းကျိုး ၅ခု

17/12/2020 19:00 PM တွင် မထက်ယမင်းဦး မထက်ယမင်းဦး မှ ရေးသား

ခရမ်းရောင်ရှိတဲ့အစားအစာတွေဖြစ်တဲ့ ခရမ်းသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ငချိတ်၊ ဂေါ်ဖီထုပ်ခရမ်းရောင်၊ နဂါးမောက်သီးအနီ အစရှိတဲ့အစားအစာတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုးဖြစ်တဲ့ အန်သိုဆိုင်ယမ်နင် (Anthocyanin) ဆိုတဲ့အာဟာရဓါတ်ပါဝင်ပါတယ်။

ခရမ်းရောင်ရှိတဲ့အစားအစာတွေကို ဆေးဝါးအဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ထုတ်လုပ် အသုံးပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုမျိုးကျန်းမာရေးအတွက်ကောင်းလဲဆိုတဲ့အချက်၅ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ ခရမ်းရောင်ရှိတဲ့အစားအစာတွေထဲမှာပါဝင်တဲ့ Anthocyanin ဓါတ်ကို အသည်းရောဂါ၊ ကျောက်ကပ်မှာကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာအများစုကို ကုသဖို့အတွက် လွန်ခဲ့နှစ်တွေကတည်းက အသုံးပြုခဲ့ကြပါတယ်။

၂။ ၂၀၁၂ခုနှစ်မှာပြုလုပ်ခဲ့တဲ့သုတေသနလေ့လာချက်တွေအရ ခရမ်းရောင်သမ်းတဲ့အစားအစာတွေကိုနေ့စဉ်စားသုံး​ခြင်းအားဖြင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေကို လျော့နည်းစေတဲ့အပြင် သွေးပေါင်ချိန်ကျဆင်းခြင်းနဲ့ သွေးအားနည်းခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

၃။ ခရမ်းရောင်သမ်းတဲ့အစားအစာတွေမှာပါဝင်တဲ့ Anthocyanin ဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ၂၀၁၃ခုနှစ်သုတေသနလေ့လာဖော်ပြချက်တွေအရ သိရှိရပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

၄။ ခရမ်းရောင်သမ်းတဲ့အစားအစာတွေကိုစားပေးမယ်ဆိုရင် ဦးနှောက်စွမ်းရည်ကိုမြင့်တက်စေတာကြောင့် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာကျန်းမာရေးပြဿနာတွေအတွက် အထူးကောင်းမွန်စေတဲ့အပြင်အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းလာခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

၅။ ဒါ့အပြင် ခရမ်းရောင်အစားအစာတွေက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့်နာတာရှည်ရောဂါခံစားနေရသူတွေနဲ့ အအေးမိ၊ ဖျားနာစတာတွေကို မကြာခဏခံစားနေရသူတွေအတွက်ပုံမှန်စားသုံးပေးသင့်တဲ့အစားအစာ ဖြစ်ပါတယ်။

Ref:foodrevolution.org

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်