ဗီတာမင် ၁၀ ဆ ပိုပါလို့ ကျန်းမာရေးအတွက်အကျိုးများတဲ့ ဂေါ်ဖီထုပ်အနီ..

26/01/2022 17:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

“ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဇင့် နဲ့ အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တဲ့ ဂေါ်ဖီထုပ်အနီ ”

“ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတဲ့ တောင်ဥရောပမူရင်း ဂေါ်ဖီထုပ်အနီ ”

“ သူက စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အို (မျိုးဗီဇပြောင်းထားတဲ့အစားအစာ) လည်း မဟုတ်ပါဘူး” 

ဆိုတော့ ဒီဂေါ်ဖီထုပ်အနီကို ဘယ်လိုစိုက်သလဲ..? အရောင်မပြောင်း..အာနိသင်တွေ မပြောင်းဖို့ ဘယ်လို လှီးဖြတ် ချက်ပြုတ်ကြမလဲ..?

တကယ်က ခရမ်းရင့်ရောင်ရှိပေမယ့် လူအများစုကတော့ သူ့ကို ဂေါ်ဖီထုပ်အနီလို့ပဲ ခေါ်ကြပါတယ်။

Savoy Cabbage ၊ Asian Cabbage ၊ Ornamental Cabbage ၊ Ruby Cabbage ဆိုပြီး ဂေါ်ဖီထုပ်အမျိုးမျိုးရှိတဲ့အထဲမှာ ဂေါ်ဖီထုပ်အနီက Ruby Cabbage ထဲမှာပါဝင်တာပါ။ 

သူက အရောင်ပြောင်းလွယ်တယ်..။ စိုက်ချိန်ကတည်းက မြေချဉ်ငံဓာတ်ပေါ်မူတည်ပြီး အနီရောင်၊ ခရမ်းရောင်ကနေ စိမ်းဝါရောင်ထိ ပြောင်းတတ်တယ်လို့ဆိုပါတယ်..။ အလှီးအဖြတ်၊ အချက်အပြုတ် မတတ်ရင်လည်း အရောင်ပြောင်းပြန်ကောတဲ့..။ ရှာလကာရည်လို အက်ဆစ်ဓာတ်ပါတဲ့ အရာတစ်ခုနဲ့ ရောချက်ပြုတ်တဲ့အခါ မီးခိုးပြာရောင်ကို ပြောင်းသွားတတ်တယ်။ လှီးဖြတ်မယ်ဆိုရင်လည်း အစွန်းအထင်းမရှိ ထက်တဲ့ စတီးဓားနဲ့ပဲ အမြဲလှီးဖြတ်သင့်ပါတယ်။ အဲ့လိုမှပဲ အရောင်မပြောင်းလဲနိုင်မှာပါတဲ့..။ 

မူရင်းဒေသက တောင်ဥရောပဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးတီးမတ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အိုလည်းမဟုတ်ပါဘူး။ ပုံမှန်တွေ့နေကြတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ယှဉ်ရင် ဗီတာမင် ၁၀ ဆ ပိုမိုပါဝင်ပြီး ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါလို့ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ကင်ဆာ ရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုကြတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ အစားအစာထဲမှာလည်းပါဝင်နေပါတယ်။ 

ဒါပေမဲ့ အလွန်အကျွံကြီးတော့ မစားနဲ့ပေါ့..။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အများကြီးစားမယ် ဆိုရင်တော့ လေပွတာ၊ ဝမ်းဖောဝမ်းရောင်ဖြစ်နိုင်တာအပြင် လည်ပင်းအကြိတ်ရောဂါပါ ဖြစ်စေနိုင်ပါတယ်။

ကဲ အဲ့ဒီလို ကျန်းမာရေးအတွက် အရမ်းအကျိုးများတဲ့ ဂေါ်ဖီထုပ်နီကို စားကြည့်ကြရအောင်..။ ဘယ်လိုစားလို့ရလဲဆိုတော့ သုပ်စား၊ ကြော်စားတာအပြင် ဖျော်ရည်အဖြစ်ပါ လုပ်သောက်နိုင်ပါတယ်လို့ ဆိုပါကြောင်း..။

Ref: https://www.quickcrop.ie/learning/plant/red-cabbage

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 





မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်