ကိုယ်အလေးချိန်ထိန်းချင်သူတိုင်း သစ်ကြားသီး စားပေးသင့်

13/01/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ ဗိုက်အဆာခံဖို့အတွက်ရော အစေ့အဆံ တွေ စားရမယ်ဆိုတာမျိုးတွေကိုပေါ့။

ဒါတွေက တကယ်မှန်တဲ့ အဆိုပြုချက်တွေပါ။ အစေ့အဆံတွေ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးရင် ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုပါတယ်။ ဝိတ်ချချင်တဲ့သူတွေအတွက်လည်း အစေ့အဆံတွေက တကယ်ကို ကူညီပေးမယ့် အရာတွေပါ။ ဒီတော့ အစေ့အဆံတွေထဲကမှ ဝိတ်ချချင်တဲ့သူတိုင်း စားပေးသင့်ဆုံးကတော့ သစ်ကြားသီးဖြစ်ပါတယ်။ 

အစေ့အဆံတွေ အားလုံးထဲကမှ ဘာ့ကြောင့် သစ်ကြားသီးကို ရွေးချယ်ရတာလဲဆိုတော့ 

သစ်ကြားသီးမှာ ဗီတာမင် တွေ၊ အမျှင်ဓာတ်တွေ၊ ကျန်းမာတဲ့အဆီဓာတ်တွေ၊ omega-3 fatty acids တွေနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝတဲ့အတွက် သူက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ မမှားပါဘူး။ နောက်ပြီး မဂ္ဂနီဆီယမ်တို့ ကော်ပါးတို့လိုမျိုး သတ္တုဓာတ်တွေလည်း ပါတာကြောင့် ဝိတ်ကျနေတဲ့သူတွေအတွက် တကယ်ကို အားထားလို့ရတဲ့ အစေ့အဆံတစ်ခုပါ။ ဒါ့အပြင် ကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချ၊ ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါတွေကလည်း ကာကွယ်ပေးတဲ့အပြင် ဆီးချိုတို့ သွေးတိုးတို့ မဖြစ်အောင်လည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

သစ်ကြားသီး ၁၂ လုံးကနေ ၁၄ လုံးလောက်စားလိုက်ရင် ကယ်လိုရီ ၁၉၀ လောက်ရပေမယ့် သူ့ထဲမှာပါတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တက်စေတာ၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတာ တစ်ခုမှ မရှိပါဘူး။ အဆီဆိုပေမယ့် ဘာ့ကြောင့် ကိုယ်အလေးချိန်ကို မတက်စေရတာလဲဆိုတာ အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်။ 

ကြွယ်ဝတဲ့ အမျှင်ဓာတ်က ကိုယ်အလေးချိန်ကျဖို့အတွက် ကူညီပေးမှာပါ။ သစ်ကြားသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတဲ့အတွက် ဝမ်းမှန်ပြီး ကိုယ်အလေးချိန်ထိန်းပေးပါတယ်။ အဆာလည်းခံစေပါတယ်။

သစ်ကြားသီးစားဖူးသူတိုင်းသိမှာပါ။ ၃ လုံးလောက်စားပြီးတာနဲ့ ထပ်မစားချင်အောင် ဗိုက်ပြည့်သွားတတ်တယ်ဆိုတာမျိုးပေါ့။ သူ့မှာပါတဲ့ ကျန်းမာတဲ့ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေက သင့်ကို အစားအများကြီး မစားစေချင်ဘဲ အဆာခံစေပြီး ပြည့်စေမှာပါ။

အစာခြေအားကိုလည်းကောင်းစေပါတယ်။

ပါဝင်တဲ့ ကျန်းမာတဲ့အဆီဓာတ်တွေက အစာခြေအားကိုကောင်းစေမယ့်အပြင် အခြားမကောင်းတဲ့ အဆီတွေ ထပ်မကပ်နိုင်အောင် ကာကွယ်ပေးလိုက်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးမှာပါ။

ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးပါတယ်။

သစ်ကြားသီးဟာ သွေးတွင်းက ကောင်းတဲ့အဆီတွေဖြစ်တဲ့ high-density lipoprotein (HDL) တွေကို တိုးမြှင့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒီလို ဇီဝကမ္မဖြစ်စဉ် မြင့်တက်လာတာကြောင့် ကယ်လိုရီတွေ ပိုလောင်ကျွမ်းပြီး အဆီပိုတွေ ကိုယ်ခန္ဓာကနေ တဖြည်းဖြည်းလျော့လာတာကြောင့် သစ်ကြားသီးဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အစေ့အဆံတစ်ခုဆိုလည်း မမှားပါဘူး။

ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနေတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။

သစ်ကြားသီးမှာပါဝင်တဲ့ ပရိုတင်း၊ ကျန်းမာတဲ့အဆီတွေနဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။ သွေးတွင်းသကြားဓာတ်များခြင်းက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စက်နေတတ်ပြီး သွေးတွင်းသကြားဓာတ်နည်းရင်တော့ အဆီတွေစုလာတာကို လျှော့ချပေးမှာပါ။

ဆာလောင်တဲ့ ဖိစီးမှုကို လျှော့ချပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရုံမက သစ်ကြားသီးထဲ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှု များလေလေ အစားစားချင်လေလေပဲ မလား။

အဆီတွေလောင်ကျွမ်းဖို့ အားပေးပါတယ်။

သစ်ကြားသီးမှာပါဝင်တဲ့ omega-3 fatty acids အဆီလောင်ကျွမ်းခြင်းကို အားပေးတဲ့အတွက် ကိုယ်တွင်းမှစုနေတဲ့ အဆီတွေကို ချေဖျက်ပေးမှာပါ။

Hello ဆရာဝန် ဝက်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်