ဆေးစွမ်းထက်တဲ့ သပြေပင်

03/10/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆေးစွမ်းထက်တဲ့ သပြေပင်

မျိုးရင်း - Myrtaceae ( မာလကာမျိုးရင်း)

မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။  မြန်မာ့ဆေးကျမ်းများအလိုအရ သပြေခေါက်သည် ဖန်သည်။  ချိုသည်။ ချုပ်သည်။ ကြေပျက်လွယ်သည်။ နှုတ်ကို မြိန်စေသည်။ သည်းခြေနာ၊ ပူလောင်နာတို့ကို ပယ်ဖျောက်တတ်သည်။  အသီးသည် ချိုသည်။ ဖန်သည်။ အေးသည်။ နှုတ်ကို မြိန်စေသည်။ လေကို ပွားစေသည်။ သလိပ် သည်းခြေရောဂါနှင့် အစာမကြေ လေပြည့်ရောဂါတို့ကို ကင်းဝေးစေသည်။ အစေ့သည် ချိုသည်။ ဆီးရောဂါကို နိုင်သည်။ အညွှန့်သည် အေးသည်။ ခြောက်သည်။ ချုပ်သည်။ အစာမကြေ ဝမ်းဖော ဝမ်းရောင်နှင့် ဝမ်းကြောတင်းခြင်းတို့ကို ပျောက်ကင်းစေသည်။

အသုံးပြုပုံ

 အစေ့

၁။  အစေ့မှုန့်နှင့် သကြားခဲကို ဆတူရော၍ သောက်သော် သွေးဝမ်းသွားခြင်း ပျောက်ကင်းစေသည်။
၂။  အစေ့ကို ရေဖြင့် သွေး၍ မကျက်နိုင်သော အနာများကို လိမ်းသော် အသားနုတက်၍ ပျောက်စေသည်။
၃။ သပြေစေ့၊ သရက်စေ့၊ ကြစုသီးစေ့ အမျှစု၍ လှော်ပြီး အမှုန့်ထောင်းထားသော ဆေးကို သောက်သော် ဝမ်းပျက်၊ ဝမ်းသွား မီးယပ်ဝမ်းပျက်၊ သွေးဝမ်းသွားရောဂါများ ပျောက်ကင်းသည်။

အရွက်

၁။ လက်ဆတ်သော သပြေရွက်နုကို ရေနှင့်ကြိတ်၍ ငုံပေးသော် ခံတွင်း၌ ပေါက်သော အပူဖုများ၊ အပူမှုတ်၍ ဖြစ်သောအနာများ ပျောက်သည်။
၂။ သပြေရွက်နုကို ကြိတ်ပြီး နွားနို့နှင့် သောက်သော် သွေးမြင်း သရိုက်ရောဂါ ပျောက်သည်။
၃။ သပြေရွက်နုကို ရေနှင့်ကြိတ်သောက်သော် ဘိန်းဆိပ်ပြေသည်။
၄။ ကင်းကိုက်သော ဒဏ်ရာကို သပြေရွက် ကြိတ်ညှစ်ရည်ကို လိမ်းပေးရသည်။

အသီး

၁။ သပြေသီး ကြိတ်ညှစ်ရည်ကို နံနက် ည တစ်ကြိမ်စီ သောက်သော် သရက်ရွက်ကြီးသော ရောဂါ ပျောက်သည်။
၂။  ဆီးချိုရောဂါအတွက် သပြေသီး အစေ့ခြောက်ကို အမှုန့်ပြု၍ ရေကျက်အေးနှင့် သောက်ရသည်။
၃။ ကာလသားရောဂါကြောင့်ဖြစ်သော အနာများကို သပြေသီးခြောက်သွေ့၍ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ် လိမ်းပေးရသည်။
၄။  ဝမ်းတွင်းသို့ ဆံပင်များ၊ သံတိုသံစလေးများ ဝင်သော် သပြေသီးကို စားပါက ၎င်းဆံပင်နှင့် သံတိုသံစများ ကြေပျက်သွားသည်။
၅။ သပြေသီးမှည့်ကို အရည်ညှစ်၍ အဝတ်နှင့်စစ်ပြီး ပုလင်းထဲတွင် ထည့်ထားသော် ၃ – ၄ ရက်ခန့် အကြာတွင် အချဉ်ပေါက်လာမည်။ ၎င်းအရည်ကို သောက်သုံးပေးခြင်းဖြင့် လေထိုး၊ လေအောင့်ရောဂါပျောက်သည်။

အခေါက်

၁။ သပြေခေါက်ကို မီးယက်ဖြူနှင့် အရိအချွဲ ဆင်းခြင်း၊ ကိုယ်ဝန်ဆောင်များ ဝမ်းပျက်ခြင်း ရောဂါများ အတွက် ဆေးဖော်စပ်သုံးသည်။
၂။ အခေါက်ကို နွားနို့နှင့် သွေး၍ ပျားရည်သင့်ရုံ ရောစပ်ပြီး တစ်ခွက်စား ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှောရောဂါ ပျောက်သည်။
၃။  အခေါက်ကို အမှုန့်ပြု၍ စားခြင်း၊ သပြေသီးမှည့်ကို စားပေးခြင်းဖြင့် ဆီးချိုရောဂါ ပျောက်သည်။
၄။ သပြေခေါက်ကို ပြုတ်၍ ငုံပေးခြင်း၊ အကိုင်းအခက်များနှင့် နေစဉ် သွားတိုက်ပေးခြင်းဖြင့် ခံတွင်း၌ ဖြစ်သော အပူဖုများ၊ ပူလောင်သောအနာပျောက်၍ သွားများကို ခိုင်မာစေသည်။

Source - မြန်မာ့ဆေးဝါးပင်များ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်