ခရမ်းကစော့ကပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင်များ

04/10/2021 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ခရမ်းကစော့သီးကို မြန်မာ့ထမင်းဝိုင်းတွင် အတို့အမြှုပ်အနေဖြ​င့်စားကြသလို ဟင်းချက်၍လည်း စားကြပါသည်။

    မြန်မာ့ဆေးကျမ်းအလိုအရ ခရမ်းကစော့မှာ ခါး၏။ ပူ၏။ စပ်၏။ ကြေညက်စေ၏။ ပိုးကိုနိုင်၏။သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာပျောက်ကင်းစေ၏။ ခံတွင်းပျက်ခြင်းနှင့် အဖျား၊ ပန်းနာ၊ ထိုးအောင့်၊ နှလုံးရောဂါ၊ ပျို့အန်တို့ကိုနိုင်၏။ ခရမ်းကစော့ပင် ဆေးဘက်ဝင်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သွားရောဂါ

    သွားကိုက်နာကျင်ခြင်းနှင့် သွားပိုးထသောအခါ အမြစ်ကိုသွေး၍ သွား၌သိပ်ပေးပါ။ အမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးကိုရှူပေးပါ။

အဆိပ်သင့်   

    မြွေဆိပ်၊ ကင်းဆိပ်တို့ကို ကစော့ပင်၏ပဉ္စငါးပါးဖြင့် အသုံးပြုနိုင်ပါသည်။

အညှော်ခံ၊ ရေချိုးမှား 

    ကစော့ခါးသီး၊ နီပဆေးမြစ်၊ မဖေါက်ထုံး ဆတူရော၍ ကြိတ်ကာ ဆီးကင်းခန့်(ကလေးလူကြီး)တိုက်လို့ရပါသည်။ အလွန်ကောင်းသော ဆေးဖြစ်သည်။

နား၌ ပိုးကောင်ဝင်လျှင်

    ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးငွေ့ခံကာ မုန်ညှင်းဆီနဲ့ရော၍ နားကြပ်ပေးပါ။

အညှော်ခံငန်းဆေးကြီး

    ခရမ်းကစော့မြစ်ကို အမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့်တိုက်ပါ။

နှာခေါင်းသွေးလျှံ

    အမြစ်ကို ဆန်ဆေးရည်နှင့်သွေးတိုက်ပါ။

မီးယပ်ဖြူဆင်း  

    ပဉ္စငါးပါးနုပ်နုပ်စဉ်း၍ လေးဆယ်ကျပ်သားကို ရေတစ်ပိဿာငါးဆယ်သားထည့်ပြီး ထက်ဝက်ခမ်းအောင်ကျိုပါ။ ပြီးလျှင် ပိတ်စသန့်သန့်နှင့် အရည်စစ်ယူ​၍ အအေးခံပြီးလျှင် ပျားရည်တစ်ဆယ်သား ထည့်မွှေပြီး လက်ဖက်ရည်ပန်းကန်နှင့်ထက်ဝက်ခန့် တစ်နေ့နှစ်ကြိမ်တိုက်ပါ။ ဒိဋ္ဌပျောက်၏။

    အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့်မြင့်၏။ ခရမ်းသီးပင်နှင့်တူ၏။ အကိုင်းအခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။ အသီးတွင် အဖြူစက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီးအငယ်စားခန့်ရှိ၏။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်