အိန္ဒိယနိုင်ငံက မြန်မာမတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန် ၃ သိန်း ဝယ်ယူမယ်လို့ ကြေညာလိုက်တာကြောင့် ပြည်တွင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်မှာ မတ်ပဲဈေးနှုန်းတွေ ပြန်တက်လာပြီး အရောင်းအ ဝယ် ပြန်ဖြစ်နေပါတယ်။
ပြည်တွင်းက လက်ကျန်မတ်ပဲတွေဟာ အရင်က တစ်တန်ကိုကျပ် သုံးသိန်းရှစ်သောင်း ရှိရာကနေ တစ် တန်ကို လေးသိန်းခွဲအထိ ဒီကနေ့မှာ ပေါက်ဈေးဖြစ်လာတာပါ။
အိန္ဒိယဘက်က တရားဝင် ဘယ်အချိန်မှာ ဘယ်သူက ဘယ်လောက် ဝယ်ယူခွင့်ရမယ် ဆိုတာကို မထုတ်ပြန်သေးတာကြောင့် ကုန်သည်တွေအနေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေမှာပဲ ရှိနေတာပါ။
မြန်မာတစ်နိုင်ငံလုံးက ကုန်သည်တွေဆီမှာတော့ မတ်ပဲလက်ကျန် တန်ချိန် ငါးသိန်း အထက်ရှိနေပေမယ့် မတ်ပဲစိုက် တောင်သူတွေ လက်ထဲမှာတော့ ပဲလက်ကျန် နည်းပါးနေပါတယ်။
ပဲတီစိမ်းဈေးကတော့ တခြားနိုင်ငံတွေရဲ့ ဝယ်လက်ကြောင့် ပုံမှန်ဈေးပဲ ရှိပါတယ်။ မတ်ပဲဟာ အိန္ဒိယရဲ့ အခြေခံလူတန်းစားတွေရဲ့ အဓိကစားသောက်ကုန် ဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာပဲ အဓိက စိုက်ပျိုးတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာပြည်ကနေ မတ်ပဲ ဝယ်ယူတင်သွင်းမှုကို ၂၀၁၇ သြဂုတ်ကနေ ၂၀၁၈ မတ်လကုန်အထိ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က မြန်မာ စီးပွားကူးသန်း အမြဲတမ်းအတွင်းဝန်နဲ့ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် မတ်ပဲ တန်ချိန် ၃ သိန်း မြန်မာပြည်ကနေ ပြန်လည် ဝယ်ယူသွားဖို့ တရားဝင်ကြေညာတာလို့ ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲမျိုးစုံကို ပြည်ပဈေးကွက်တွေကို တစ်ပတ် တန်ချိန် ထောင်ဂဏန်း ပေးပို့နေတယ်လို့ သိရပါတယ်။
Source - DVB
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more