ကန်စွန်းဥကို ယိုထိုးစားရအောင်

20/08/2019 20:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကန်စွန်းဥဟာဆိုရင်ဖြင့် လူလတ်ပိုင်းတွေအတွက် အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ကန်စွန်းဥမှာ ကာဗွန်ဟိုက်ဒရိက်၊ ဘီတာကယ်လ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင်A၊ ဗီတာမင် Bနှင့် ဗီတာမင် C ဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း တော်တော်အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံမှာကန်စွန်းဥကို များသောအားဖြင့် ပြုတ်စားတယ်၊ ဖုတ်စားတယ်၊ ကြော်စားကြပါတယ်။ ကန်စွန်းဥနဲ့ပတ်သက်ရင် တီထွင်ဖန်တီးပြီး စားသောက်လို့ရတာတွေအများကြီးရှိပါတယ်ရှင့်။ စားသောက်လို့ရတဲ့နည်းလမ်းတွေထဲမှ အလွယ်ကူဆုံးပြုလုပ်လို့ရတဲ့ ကန်စွန်းဥယိုပြုလုပ်နည်းကို ပြောပြပေးပါ့မယ်။

လိုအပ်သောပစ္စည်းများ

- ကန်စွန်းဥ 

- သန့်စင်သောသကြား

- အချဉ်ရည် (လိမ္မော်၊ ရှောက် တို့မှရသောအချဉ်ရည်တစ်မျိုးမျိုး)

- ရေ

- လတ်ဆတ်သော အသီးတစ်မျိုးမျိုး(ငှက်ပျောသီး)

ပြုလုပ်ပုံ

အဆင့်(၁)။  ။ ကန်စွန်းဥများကိုအခွံခွာပြီး အတုံးသေးသေးလေးတွေလှီးကာ ရေပြောင်အောင်ဆေးပါ။ ပြှီးရင်တော့ ကန်စွန်းဥကို ပြုတ်ပါ။

အဆင့်(၂)။  ။ ပြုတ်ထားသောကန်စွန်းဥများကို ဇွန်းဖြင့်ချေ၍ ကန်စွန်းဥနှစ် ဖန်ခွက်တစ်ခွက်လျှင် သကြားတစ်ခွက်နှုန်းထည့်၍ သမအောင်မွှေပြီး ရေ(ကန်စွန်းနှစ်ရဲ့ တစ်ဆနှင့် သုံးပုံတစ်ပုံ) ထည့်ကာ ပွက်အောင်တည်ပေးရပါမယ်။ ပွက်သွားပြီဆိုရင် လှီးထားတဲ့ငှက်ပျောသီးများကိုထည့်၍ (၅) မိနစ်ခန့်ချက်ပေးရင် တဖြည်းဖြည်းပျစ်လာပါလိမ့်မယ်။ ဇွန်းနဲ့ခပ်ထုတ်ကြည့်ပြီး ရေခွက်ထဲထည့်ကြည့် အပျစ်တိုင်းပဲဆိုရင်တော့ အချဉ်ရည် လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ထည့် ခဏမွှေပြီး မီးဖိုပေါ်ကချပေးလို့ရပါပြီ။ ရေခွက်ထဲထည့်ကြည့်လို့အဆင်မပြေရင်တော့ အချဉ်မထည့်သေးဘဲထပ်ချက်ပေးပါနော်။

အဆင့်(၃)။  ။ အအေးခံပြီးသွားရင်တော့ ပိုးသတ်ထားသော ပုလင်းထဲကိုထည့်လို့ရပါပီ။

   ကန်းစွန်းဥကိုပြုတ်ပဲစားနေရလို့ ငြီးငသွေ့နေပြီဆိုတဲ့သူတွေအတွက် ယိုပြုလုပ်ပြီး သရေစာဖြစ်ဖြစ် မနက်စာအဖြစ် ပေါင်မုန့်ထဲသုပ်ပြီးပဲဖြစ်ဖြစ် စားလို့ရပါပီနော်။

ကျော့နန္ဒာစိုး

ကိုးကားချက်။ bar.gov.ph-Department of Agriculture


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်