ရေမှ လောင်စာ ဆီ အဖြစ် ပြောင်းလဲ ပေးနိုင် သည့် နည်းစနစ် အစ္စရေး သိပ္ပံ ပညာရှင်များ တွေ့ရှိ

17/01/2018 10:37 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
အစ္စရေးနိုင်ငံမှ သိပ္ပံပညာ ရှင်များ သည် ရေမှ လောင်စာဆီ အဖြစ် ပြောင်းလဲ ပေးနိုင် သည့် နည်း စနစ် တစ်ခုကို စမ်းသပ် တွေ့ရှိ ခဲ့ ကြသည် ဟု အင်တာနက် သတင်း တစ်ပုဒ်၏ ဖော်ပြချက် အရ သိရသည်။ အဆိုပါ နည်း စနစ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ တစ်မျိုး နှင့် ရေမှ ရရှိသည့် ဓာတု ဒြပ်စင် တစ်မျိုး တို့ကို ပေါင်းစပ် အသုံးပြု ခြင်းဖြင့် လောင်စာဆီ ကဲ့သို့ အသုံးပြု နိုင်သည့် proto-fuel ကို ဖန်တီး ခဲ့ခြင်း ဖြစ် သည် ဟု သိရသည်။

အဆိုပါ နည်းစနစ် တွင် ထူးခြား သည့် မည်သည့် အရာ ကိုမျှ ထည့်သွင်း ထားခြင်း မရှိ ကြောင်း၊ ၎င်း နည်း စနစ် တွင် အထူး နည်းဖြင့် ဖွဲ့စည်း ထားသော ဖန်လုံ အိမ် ဓာတ်ငွေ့ တစ်မျိုး၊ ရေနှင့် ကာဗွန်ဒိုင် အောက်ဆိုက် တို့ကို သာ ရောစပ် ထားကြောင်း၊ ၎င်း တို့ကို အထူး ပြုလုပ် ထားသည့် ဓာတ်ပေါင်း ဖို တစ်ခု အတွင်း သို့ ဖြတ်သန်း စေခြင်း ဖြင့် အရည် နှင့် ဓာတ်ငွေ့ နှစ်မျိုး ဖြင့် ဖွဲ့စည်း ထား သော အစိမ်းရောင် လောင်စာ ပိုက်လုံး (Green Feed) ကို ရရှိ စေခဲ့ ကြောင်း ဓာတု အင်ဂျင်နီယာ ပါမောက္ခ တစ်ဦး ဖြစ်သူ မိုတီဟာ့စ်ကိုဝစ်ဇ် က ပြောကြား သည်။ Green Feed ကို အနာဂတ် ကာလ တွင် လောင်စာဆီ ချက် စက်ရုံများ တွင် ကုန်ကြမ်း ပစ္စည်း အဖြစ် အသုံး ပြု သွားနိုင် ကြောင်း၊ ထို့အပြင် ၎င်း Green Feed ကို ဒီဇယ်၊ အင်ဂျင်ဆီ နှင့် ဓာတ်ဆီ များ ထုတ်လုပ် ရာတွင် လည်း အသုံးပြု နိုင်ကြောင်း ဟာ့စ်ကိုဝစ်ဇ် က ထပ်လောင်း ပြောကြား သည်။

Green Feed နည်းစနစ် သည် ယနေ့ ခေတ် ကမ္ဘာ့ ခေါင်းဆောင် များ စိုးရိမ် ပူပန် နေသည့် လောင်စာ ဆီ ရှားပါး မှု ပြဿနာ ပေါ်တွင် အထောက် အကူ များစွာ ပေးနိုင် ကြောင်း၊ အဆိုပါ နည်း စနစ် အတွက် လိုအပ် သည့် ဟိုက်ဒရိုဂျင် ကို ရေမှ ရယူနိုင် ခြင်း ကြောင့် ၎င်း နည်း စနစ် သည် ပတ်ဝန်းကျင် မှ ပြန်လည် ပြည့်ဖြိုးမြဲ လောင်စာဆီ များ ကို အမှန် တကယ် ထုတ်ယူ နိုင်သည့် နည်း စနစ် ဖြစ်ကြောင်း ဟာ့စ်ကိုဝစ်ဇ် က ပြောကြား ခဲ့သည် ဟု သိရသည်။

သုတ

 

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်