တိုးချဲ့စိုက်ခင်းအတွက် လိုအပ်တဲ့ စိုက်ပျိုးချေးငွေတွေကို ဘယ်လိုနေရာမှာ ၊ ဘယ်လိုစနစ်နဲ့ ဘယ်လိုရယူကြမလဲ ?

22/12/2017 11:50 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

ပထမအချက်က မိမိတို့ စတင်ငွေချေးခြင်း မပြုလုပ်ခင် မိမိတို့လိုအပ်တဲ့ ချေးငွေပမာဏ အတိုးနှုန်းထား၊မိမိတို့ပြန်လည်ပေးဆပ်ရမည့်သက်မှတ်ချက်အနေအထား စတာတွေကို သေသေချာချာ စုံစမ်းသိရှိထားဖို့လိုအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ချေးငွေထုတ်ယူမည့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်၊ NGO အဖွဲ့အစည်းတွေရဲ့ ချေးငွေအတွက် သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ်စုံစမ်းမေးမြန်းထားရပါမည်။

တတိယအချက်ကတော့ ပြန်မပေးဆပ်နိုင်တဲ့ငွေကြေးပမာဏ ချေယူခြင်းနှင့် အကြွေးများစွာ တင်ခြင်းဖြစ်ရပ်များကြိုတင်ရှောင်ရှားရပါမည်။

စတုတ္ထအချက်အနေနဲ့ ချေးငွေထုတ်ပေးနိုင်မည့် နေရာနဲ့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို ပေးနိုင်မည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ NGO အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက် နိုင်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စနစ်တကျချေးငွေစီမန်ခန့်ခွဲမှုနှင့် သတင်း အချက်အလက်တွေကို ရယူနိုင်ဖို့က အလွန်အရေးကြီးပါတယ်။

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။

 

Download
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်