မြေတိုက်စားမှုများမဖြစ်စေရန် မည်ကဲ့သို့ ကာကွယ်တားဆီးမည်လဲ

18/01/2018 15:21 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေမျက်နှာပြင်၏ အပေါ်ယံရှိမြေဆီများသည် သဘာဝကြောင့်သော်လည်းကောင်း လူတို့၏လုပ်ဆောင် မှုများကြောင့်သော်လည်းကောင်း အဝေးသို့ရောက်ရှိကာ တိုက်စားမှုများ ဖြစ်ပေါ်လာသည်။ ထိုတိုက်စားမှုများ ကြောင့် မည်သို့သော အပင်များကိုမဆို စိုက်ပျိုးရန် ခက်ခဲသော အခြေအနေသို့ ပြောင်းလဲရောက်ရှိသွားမည် ဖြစ်သည်။ တိုက်စားခြင်းများသည် ကျန်းမာသော စိုက်ပျိုးုထုတ်လုပ်နိုင်သောမြေများ အဖြစ်မှ မစိုက်ပျိုးနိုင်သော သက်ရှိများ မနေနိုင်သော မြေပြင်များအဖြစ်သို့ရောက်ရှိသွားကာ တောင်ပြိုခြင်း၊ ရွှံ့စေးများ ပြိုကျစီးဆင်း လာခြင်း စသည်တို့ ဖြစ်လာနိုင်ပါသည်။ တိုက်စားခြင်းများသည် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက် နေသောနေရာများနှင့် တခြား တူးဆွခြင်းခံရသောမြေမျက်နှာများတွင် မကြာခဏဖြစ်ပေါ်နိုင်ပါသည်။ တိုက်စား မှုများကို ထိန်းချုပ်ကာကွယ်ရန်အတွက်မြေမျက်နှာ အသွင်အပြင် နိမ့်မြင့်အနေအထား နှင့် တိုက်စားမှု ပြင်ထန်မှုပေါ်တွင် မူတည်ကာ ကွဲပြားသောနည်းလမ်း များစွာရှိပါသည်။ ကျွမ်းကျင်ပညာရှင် များနှင့်တိုင်ပင်ခြင်း သည်လည်း နည်းလမ်းတစ် ခုအဖြစ်ပါဝင်ပါသည်။

အပိုင်း ၁။ တိုက်စားမှုများကိုနားလည်ခြင်း

၁။ တိုက်စားမှုဖြစ်ပေါ်နေသည်ကိုသိရမည်

တိုက်စားမှုများသည် သဘာဝဖြစ်စဉ်များ ဖြစ်ပြီး မြေနှင့်ကျောက်ဆောင်များသည် ပြိုကွဲကာအဝေးသို့ ရောက်ရှိသွားစေပါသည်။ ထိုဖြစ်စဉ်များသည် သဘာဝအတိုင်းသော်လည်းကောင်း လူတို့၏ဆောင်ရွက်မှုများ ကြောင့်သော်လည်းကောင်းဖြစ်စေပါသည်။

ရေ၊ လေနှင့် ရေခဲများ၏ တွန်းအားများကြောင့်တိုက်စားမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။ သဘာဝ ဘူမိဗေဒ သဘောအရ တိုက်စားခြင်းများ ဖြစ်ပေါ်ခြင်း နှင့် လူကြောင့်ဖြစ်ပေါ်ခြင်းဟူ၍ နှစ်မျိုးခွဲခြား ထားသည်။ ဘူမိဗေဒ သဘောအရမြေမှုန်များ သဘာဝအတိုင်း ပြန့်နှံ့လာခြင်း သို့မဟုတ် မြေမှုန်များ ဖွဲ့စည်းခြင်း ပျောက်ဆုံးခြင်းများ ဖြစ်နိုင်ပါသည်။ လူကြောင့် ဖြစ်လာသော တိုက်စားမှုများမှာ မြေအသုံးချမှုများ ပြောင်းလဲခြင်း ကြောင့် သဘာဝတိုက်စားမှု ဖြစ်စဉ်များကို မြန်စေပါသည်။ တည်ဆောက်ရေး လုပ်ငန်းများတွင် ဖြစ်ပေါ်သော တိုက်စားမှုများကို အလွယ်တကူ မြင်တွေ့နိုင်သည်။

၂။ မည်သည်ကြောင့်တိုက်စားမှုများပိုမိုဆိုးဝါးလာသည်ကိုနားလည်ရမည်

ရာသီဥတုနှင့် မြေမျက်နှာအသွင်ပြင်များသည် တိုက်စားမှုများကို ဖြစ်ပေါ်စေသော အကြောင်းအရာများ ဖြစ်သည်။ ထိုအကြောင်းရာများကို နားလည်ခြင်းဖြင့် တိုက်စားမှုဖြစ်ရခြင်းကို သုံးသပ်ကာ စီမံချက်များ ချမှတ် နိုင်မည်ဖြစ်သည်။

တိုက်စားမှုကို ဖြစ်စေသော အချက်များတွင် မြေသားဖွဲ့စည်းမှု၊ ရာသီဥတု၊ မိုးရွာသွန်းမှုပြင်းအား၊ မိုးရွာသွန်းသည့်အချိန်၊ သဘာဝပေါက်ပင်များနှင့်မြေမျက်နှာသွင်ပြင် တို့ဖြစ်သည်။ ထိုအချက်များကို နားလည် ခြင်းဖြင့် ဖြစ်ပေါ်နိုင်သည့် အခြေအနေနှင့်နောက်ဆက်တွဲ ဖြစ်လာနိုင်သော အခြေအနေများကို ခန့်မှန်း နိုင်သည်။ လူတို့သည် သဘာဝပေါက်ပင်များအား ဖယ်ရှားခြင်း၊ မြေဆီလွှာများအား ဖျက်ဆီးခြင်း၊ သဘာဝ ရေစီးမြောင်းများကိုပြောင်းလဲခြင်း ၊ မြေမျက်နှာအား အဆောက်အဦးများ၊ ကွန်ကရစ်များဖြင့် ဖုံးစေခြင်း စသည်တို့သည် တိုက်စားမှုများကို ဖြစ်စေသော အကြောင်းအရာများဖြစ်သည်။

၃။ သင့်မြေပြင်၏ တိုက်စားမှု ဖြစ်နိုင်ခြေကို သိရမည်

မြေအား စိုက်ပျိုးခြင်း သို့မဟုတ် အဆောက်ဦးဆောက်လုပ်ခြင်း စသည်တို့ မဆောင်ရွက်မီ တိုက်စားမှု ဖြစ် နိုင်ခြေ ရှိမရှိကို အရင်ဦးစွာလေ့လာ စစ်တမ်းကောက်ယူရမည် ဖြစ်သည်။ သဘာဝပေါက်ပင်များ၊ ရေထုတ်မြောင်းများနှင့်ရာသီဥတုကို စဉ်းစားခြင်းဖြင့် နောင်တွင်ဖြစ်လာနိုင်သည့် တိုက်စားမှုများကိုရှောင်ရှား နိုင်သည်။

သင်သည် တိုက်စားမှုများအကြောင်းကို ကျွမ်းကျင်စွာ နားလည်ပါက သင်ကိုယ်တိုင်ပင် စစ်တမ်းများ ပြုလုပ် နိုင်သည်။ ကျွမ်းကျင်ပညာရှင်များအား ငှားရမ်း၍လည်း သင်၏မြေကို စစ်ဆေးမှုများ ပြုလုပ်ကာ သင်၏မြေတွင် မည်သည့်နေရာသည် တိုက်စားမှု ဖြစ်နိုင်ချေရှိသည်ကို သိနိုင်သည်။ သင်၏မြေတွင် တိုက်စားမှု ဖြစ်စေနိုင်ခြင်း ရှိမရှိ သင်မသေချာပါက ကျွမ်းကျင်ပညာရှင်များဖြင့် တိုင်ပင် ဆွေးနွေးနိုင်သည်။ တိုက်စားမှုကို သင်သတိထားမိသည်နှင့် ထိန်းချုပ်ကာကွယ်ရန်ဆောင်ရွက်သင့်သည်။ စောစောကာကွယ် ဆောင်ရွက်ခြင်းဖြင့် ကြီးမားသောဆုံးရှုံးမှုများ ဖြစ်မလာစေရန်ဆောင်ရွက်နိုင်သည်။

အပိုင်း ၂ ။ သင်၏မြေအား အမြဲစစ်ဆေးပါ

၁။ သင်၏မြေအား မကြာခဏစစ်ဆေးပါ

အမြဲစစ်ဆေးခြင်းဖြင့် တိုက်စားမှုလက္ခဏာအားစောစီးစွာ သိရှိနိုင်ပြီး ပြဿနာဖြစ်ကာ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။

၂။ တိုက်စားမှုလက္ခဏာများအားရှာဖွေပါ။

တိုက်စားမှုများသည် သဘာဝ အခြေအနေများအရ ကွဲပြားစွာ ဖြစ်နိုင်ပါသည်။ သို့သော်ယျေဘူယျအားဖြင့် တူညီသော လက္ခဏာများ ရှိသည်။

ပါတ်ဝန်းကျင် အနီးနားရှိ အဆောက်အဦများနှင့် သဘာဝ အခြေအနေများကိုလေ့လာကာ တိုက်စားမှု ဖြစ်နိုင်ခြေကိုလေ့လာပါ။ လိုင်ဂူများ ပိုက်လိုင်းများ အနီးတွင်တိုက်စားမှုများ ရှိသည်ကို တွေ့နိုင်သည်။ တိုက်စားမှုကိုလေ့လာရန် အကောင်းဆုံးအချိန်မှာ မိုးရွာသွန်းပြီးစ သိုမဟုတ် လေဆင်နှာမောင်း များ၊ မိုးသီးမုန်တိုင်းများ စသော အခြေအနေများအပြီးတွင် ဖြစ်သည်။

သဘာဝပေါက်ပင်များ မရှိသောနေရာများကို စစ်ဆေးပါ။ တောင်စောင်းများ ဆင်ခြေလျောများ တွင် သစ်ပင်များပေါက်လေ့မရှိသည်ကို တွေ့နိုင်သည်။ ထိုနေရာများ၏အောက်ခြေတွင် မြေဆီလွှာများ ဖြစ်ပေါ်နေသည်ကိုတွေ့နိုင်သည်။ အမြစ်များ ပြန့်နှံ့ပုံကိုသေချာကြည့်ပါ။ အမြစ်များ၏ ထိတ်ပိုင်းရှိမြေဆီလွှာများသည် ရေ နှင့်လေ တိုက်စားခြင်းခံရနိုင်သည်။ ကျောက်ဆောင်များ ထိုးထွက်နေသည်ကို ကြည့်ပါ။ ကျောက်ဆောင်သစ်များ ထိုးထွက်လာ သည်ကို မြင်တွေ့ရပြီး နှစ်စဉ်နှစ်တိုင်း တဖြည်းဖြည်းကြီးလာသည်ဟု ထင်ရပါက ၎င်း၏ ပါတ်လည် တွင် မြေသားများ ပြိုကျလာနိုင်ပါသည်။

ရေစီးမြောင်းများနှင့်ချောက်များကို ရှာဖွေပါ။ အဆိုပါနေရာများသည် ရေနှင့်လေတို့၏ မြေသား များကို တိုက်စားသွားမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အလွန်အရေးကြီးသော တိုက်စားမှု၏ လက္ခဏာများ ဖြစ်သည်။ ဂရုမမူပဲကျော်လွှာသွားပါက ကြီးမားသောပြဿနာများဖြစ်လာ နိုင်သည်။ ရွှံ့ညွှန်များနှင့်ရေနောက်ကျိနေသည့်နေရာများကို ရှာဖွေပါ။ မြေဆီလွှာများ စီးဆင်းနေသည့် အခြေအနေ ဖြစ်သည် တိုက်စားမှုများ ဖြစ်လာနိုင်သည်။

 

၃။ မိုးရွာနေစဉ် အပြင်သို့ထွက်၍ ကြည့်ရှုပါ

မိုးများစွာ ရွာသွန်းနေချိန်တွင်ရေစီးကြောင်းများနှင့် မြေဆီလွှာများ မည်ကဲ့သို့ စီးဆင်းသွားသည်ကို သိနိုင် သည်။ ထိုသို့သိရှိခြင်းဖြင့် မိမိမြေကိုနောက်ထပ် တိုက်စားမှုများ ဖြစ်မလာစေရန်မှ မည်ကဲ့သို့ကာကွယ်ရ မည်ကို သိရှိနိုင်သည်။

မိုးရေမည်သည့်နေရာသို့စီးဆင်းသည်ကိုစောင့်ကြည့်ပါ။ ကောင်းမွန်သောမြေများတွင်မိုးစက်မှုန်များ အား အပင်များမှမြေပေါ်သို့တိုက်ရိုက်မကျစေရန် တားဆီးထားသည်။ မြေပေါ်သို့ ကျလာသော မိုးစက် များအား လည်း မြေပြင်မှ လျှင်မြန်စွာ စုပ်ယူနိုင်သည်။ ပြဿနာဖြစ်နေသောမြေပြင်တွင် ဖုံးအုပ်ပင်များ မရှိသဖြင့် မြေပြင်သို့ တိုက်ရိုက်ကျလာကာမြေသားစိုင်များအား ထိုးခွဲစေသည်။ ထို့နောက်ရေစီးနှင့်မြော ပါသွားစေသည်။ မည်သည့် အရပ်သို့ စီးဆင်းသွားသည် မည်သည့်နေရာတွင် စုစည်းမိနေသည်ကို စောင့်ကြည့်ပါ။

ရွှံ့အိုင်များအား ရှာဖွေပါ။ ရွှံအိုင်များသည် မြေကြီးမှရေကိုကောင်းစွာ မစုပ်ယူနိုင်သောကြောင့် ဖြစ်ပေါ် လာသည်။ တိုက်စားမှုဖြစ်နိုင်သော လက္ခဏာများဖြစ်သည်။ စမ်းချောင်းများ အတွင်းရှိရေ၏ အရောင်ကိုလေ့လာပါ။ ကောင်းမွန်သော အခြေအနေတွင် မိုးရေများကိုမြေကြီးမ ှစုပ်ယူထားနိုင်ခြင်းကြောင့် စမ်းချောင်းများတွင် စီးဆင်းသောရေသည် ကြည်လင်လျှက်ရှိမည် ဖြစ်သည်။ တိုက်စားမှု ဖြစ်နိုင်ချေရှိသောနေရာများတွင် မိုးပြင်းထန်စွာ ရွာသွန်းပါက ရေသည် နောက်ကျိစွာ စီးဆင်းလျက်ရှိသည် ကိုတွေ့နိုင်သည်။

၄။ အစီအစဉ်များပြုလုပ်ပါ

တိုက်စားမှုများအား ကုစားသည့်နည်းမှာ တိုက်စားခံရသောမြေသားများအားနေရာသို့ ပြန်ရောက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဆောင်ရွက်ရမည့် နည်းလမ်းများမှာ သင့်၏မြေ အခြေအနေနှင့်နေရာပေါ် မူတည်ကာ ကွဲပြားနိုင်ပါသည်။

အနည်းငယ်သာ မျက်နှာပြင် တိုက်စားခံရပါက အပင်များကို အမြန် စိုက်ပျိုးခြင်းဖြင့် တားဆီးနိုင်သည်။ ယာယီအားဖြင့်မြေကြီးအား ဖုံးကွယ်ထားနိုင်သော အရာများကို အသုံးပြုကာ စတင်နိုင်သည် ထို့နောက် အပင်များနင့် အစားထိုးကာမြေသားများ ပြန်လည် စုစည်းမိလာကာ မူလအခြေအနေသို့ရောက်ရှိအောင် ဆောင်ရွက်နိုင်သည်။

တချို့သောနေရာများတွင်လည်းကျောက်သား အရံအတားများ ပြုလုပ်ထားခြင်းဖြင့် တိုက်စားမှုမဖြစ်ခင် ကြိုတင် ကာကွယ်နိုင်သည်။ ရေမြောင်းများ ရှိနေပါကချောက်ကမ်းပါးများ ဖြစ်မသွားစေရန် တားဆီးပိတ်ဆို့ ကာကွယ်ထားရမည် ဖြစ်သည်။ ချောက်ကမ်းပါများရှိနေပါက အကာအရံများ တည်ဆောက်ထားရန် လိုအပ်သည်။ မြေဆီလွှာများအား မထိခိုက်စေသော နည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။ ချောက်အတွင်း မျိုးစေ့များချကာ စိုက်ပျိုး မည်ဆိုပါကမိုးရေနှင့်အတူမျောပါသွားနိုင်ပါသည်။

၅။ မြေဆီလွှာ ထိန်းသိမ်းရေးအဖွဲ့ကို ဖုန်းဆက်ပါ

မည်ကဲ့သို့ဆောင်ရွက်ရမည်ကို မသေချာပါက Natural Resources Conservation Service (NRCS) သည် အကောင်းဆုံး သတင်းအချက်လက်များကို ပံ့ပိုးပေးနိုင်ပါသည်။

• NRCS website မွာ - http://www.nrcs.usda.gov/wps/portal/nrcs/site/national/home/

• NRCS ၏ဒေသဝန်ဆောင်မှုသို့လည်းဖုန်းဆက်နိုင်၍တိုက်စားမှုပြဿနာများအကြောင်းကို ဆွေးနွေး နိုင်ပါသည်။ မှာ - http://www.nrcs.usda.gov/wps/portal/nrcs/main/national/contact/local

• ကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်နှီးနှောခွင့်ရစေရန်အတွက်လည်းမေးမြန်းစုံစမ်းနိုင်ပါသည်။
 - http://www.nrcs.usda.gov/wps/portal/nrcs/main/national/program/landscape/

အပိုင်း(၃) တိုက်စားမှုကာကွယ်ရန် အပင်များကိုအသုံးပြုပါ

၁။ မြေဆီလွှာအားအရေးပေါ်ဖုံးအုပ်ရန်အပင်များဖြင့်ပြုလုပ်ထားခြင်း

ရေစီးကြောင်းများချောက်ကမ်းပါးများ မရှိသော ပြန့်ပြူးသည့်မြေပြင်အတွက် မည်သည့်အပင်မျှ မရှိသောအခြေအနေတွင် တိုက်စားမှုများဖြစ်လာပါက အရေးပေါ် ဖုံးအုပ်နိုင်ရန် အပင်များ စိုက်ပျိုးထားရမည်။ ထိုအရေးပေါ် အသုံးပြုရန် စိုက်ပျိုးထားသော အပင်များသည် မြက် သို့မဟုတ် လျှင်မြန်စွာ ကြီးထွားနိုင်သော အပင်များ ဖြစ်ရမည်။ အမြစ်များအားမြေဆီလွှာ အတွင်းသို့ ထိုးစိုက်ထည့်ထားလိုက်ပါက မြေဆီများအား ကုတ်တွယ်ထားနိုင်သဖြင့် နောက်ထပ် တိုက်စားမှု မဖြစ်အောင် တားဆီးပေးနိုင်သည်။

ဒေသအနီးတဝိုက်ရှိ ပျိုးဥယာဉ်များအားလေ့လာ စုံစမ်းကာ မည်သည့် အပင်သည် လျှင်မြန်စွာ ကြီးထွား နိုင်သည်ကို ရှာဖွေပါ။ အပင်တစ်မျိုးတည်း စိုက်ပျိုးခြင်းထက်ရောနှော စိုက်ပျိုးပါက ပို၍ကောင်းမွန်သည်။ သို့မှသာသေချာကောင်းမွန်သောအပင်မျိုးကို ရရှိနိုင်မည်ဖြစ်သည်။ တူးရွင်းထွန်ခြစ်များကို အသုံးပြုကာ မြေကြီးအတွင်းသို့ ထည့်ကာမြေဆွေးများ ပြုလုပ်ပါ။ ဓာတ်မြေသြဇာ အနည်းငယ်အသုံးပြုနိုင်ပါသည်။ မျိုးစေ့များ အပင်ပေါက်လာစေရေးအတွက် အထောက်အကူဖြစ်နိုင်ပါ သည်။

၂။ အလွှာချပ်များဖြင့်ဖုံးအုပ်ပါ

အလွှာမျာဖြင့် ဖုံးအုပ်ထားခြင်းဖြင့်မြေဆီလွှာ၏ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပါသည်။ အစိုရှိနေသဖြင့် အနီးနားရှိ မျိုးစေ့များအပင်ပေါက်လာစေရေးအတွက်အားပေးပါသည်။
မြက်ဖြတ်စများ သစ်ရွက်များကောက်ရိုးများ လွှစာမှုန့်များ သစ်ခေါက်များ စသည်တို့ဖြင့် ဖုံးအုပ်နိုင်သည်။ တောင်စောင်းများတွင် ဖုံးအုပ်ထားသော အရာများရေစီးနှင့်မျောပါသွားနိုင်သည်ကို စိုးရိမ်ပါက အလွှာအချပ်များနှင့် ဖိထားသင့်သည်။ မည်ကဲ့သို့ ပြုလုပ်သင့်သနည်း ဆိုပါက ဦးစွာ ထိုအချပ်အား အလျား လိုက်ချထားပါ၊ ထို့နောက်နောက်တစ်ချပ်ကို ကန့်လန့်ဖြတ်ချထားပါ။ အဆိုပါ ၂ ချပ်အား ဝါယာကြိုးကိုသုံး၍ ဖြစ်စေ တွဲချည်ထားပါ။ သြဂဲနစ်ကော်သို့မဟုတ် သစ်သားဖိုင်ဘာကြိုးများအသုံးပြုနိုင်သည်။

 

၃ ။ ကုတ်တွယ်မှုကောင်းသောသစ်ပင်များကိုစိုက်ပျိုးပါ

မြေပေါ်တွင် ဖုံးအုပ်ထားသော အပင်များကို စိုက်ပျိုးပြီးပါက မြေပြင်အား ကုတ်တွယ်ထားနိုင်ရန် အတွက် သစ်ပင်များကို စိုက်ပျိုးပါ။ တိုက်စားမှု မဖြစ်အောင်ကာကွယ်နိုင်သည်။
သစ်ပင်သည်ဒေသတွင်းရှိပေါက်ရောက်လေ့ရှိသော အပင်ဖြစ်စေရမည်။ သို့မှသာ ထိုဒေသတွင်းရှိ ရာသီ ဥတုကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။ ယေဘူယျအားဖြင့် willow, black locust နှင့် elderberries ကဲ့သို့သောသစ်ပင်များကို စိုက်ပျိုးရမည်။

ထိုဧရိယာ တစ်ခုလုံးအား ခြုံငုံကုတ်တွယ်ထားနိုင်စေရေးအတွက် ပြန့်နှံ့စွာ စိုက်ပျိုးပါ။ တွင်းအနက်များ တူးကာ စိုက်ပျိုးရသော သစ်ပင်များကို မရွေးချယ်လိုပါက ကိုင်းဖြတ် စိုက်ပျိုးနိုင်သော အပင်များကိုရွေးချယ်စိုက်ပျိုးပါ။ အပင်ကြီးထွားမှု မြန်သည်။ ကွင်းပါတ်လည်လမ်းကြောင်းအတိုင်း စိုက်ပျိုးပါက တိုက်စားမှုကို ပို၍ကာကွယ်နိုင်သော နည်းလမ်း ကောင်းတစ်ခုဖြစ်သည်။ ရေစီးကြောင်းများတောက်လျှောက် အပင်များကို စိုက်ပျိုးပေးခြင်းသည်လည်း ကောင်းမွန်သောနည်းလမ်း ဖြစ်သည်။ ရေတိုက်စားမှုကြောင့် ကမ်းနားရှိမြေများ ပြိုပျက်စီးမျောပါ မသွားစေရန်ဖြစ်သည်။

၄။ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးပါ

ရာသီများစွာ ဖြတ်သန်းပြီးချိန်တွင် သင်၏မြေနေရာသည် တိုက်စားမှုများမှ ကင်းဝေးကာ တည်ငြိမ်လာပါက နှစ်ရှည်ပင်များကို တိုး၍ စိုက်ပျိုးပါ။ အဆိုပါ အပင်များသည် သင်၏ဒေသရာသီဥတုနှင့် ကိုက်ညီသော အပင်များဖြစ်စေရန်ဂရုပြုပါ။

သင်၏ဒေသတွင် မည်သည့်အပင်များကောင်းစွာရှင်သန် ပေါက်ရောက်နိုင်သည်ကို ကျွမ်းကျင် ပညာရှင် များနှင့်ဆွေးနွေးတိုင်ပင်ပါ။ ဒေသမျိုးများသည်သာကောင်းစွာ ရှင်သန်နိုင်ပြီး တိုက်စားမှုများကိုကာကွယ် နိုင်မည်ဖြစ်သည်။ သစ်ပင်၊ မြက်နှင့်ခြုံပုတ်ပင်များသည် တိုက်စားမှုများကို ကာကွယ်ရန်အတွက် အကောင်းဆုံးအပင်များ ဖြစ်သည်။ မြေကြီးများကိုလွင့်ပျောက်စေခြင်းမှတားဆီးပေးနိုင်သည်။ မည်သို့သော အပင်သည် အကောင်းဆုံးဖြစ်သည်ကို NCRS နှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်သည်။

အပိုင်း(၄) အကာရံအတားများကို အသုံးပြု၍ တိုက်စားမှုကို ကာကွယ်ခြင်း

၁။ အကာရံများသည် အကောင်းဆုံး လက်တွေ့ကျသော နည်းလမ်းဖြစ်သည်

တိုက်စားမှုများသည် ပြင်းထန်စွာ ဖြစ်နေသည် ဆိုပါက အကာအရံများကို တည်ဆောက်ခြင်းသည်အ ကောင်းဆုံး နည်းလမ်းဖြစ်သည်။ သို့သော် သင်သို့မဟုတ် သင့်၏ အိမ်နီးချင်းများအတွက် ထိခိုက်နစ်နာစေခြင်း များလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ တည်ဆောက်ရန်အတွက် အကောင်းဆုံးမှာ ကျွမ်းကျင် ပညာရှင်များ နှင့်တိုင်ပင်ရန် ဖြစ်သည်။ NRCS သည် သင်၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူုညီပေးနိုင်ပါသည်။

၂။ အသင့်တော်ဆုံး အကာအရံအမျိုးအစားကိုရွေးချယ်ရမည်

သင်သည် မည်သည့်ကျွမ်းကျင်ပညာရှင်နှင့်မျှ မတိုင်ပင်ပဲ မိမိကိုယ်တိုင် တည်ဆောက်မည်ဆိုပါက အကောင်းဆုံး အကာအရံ အမျိုးအစာကိုရွေးချယ်ရမည်။ ရေနှင့်လေတို့၏ တိုက်စားမှု အရှိန်များကိုလျှော့ချ နိုင်ရန်အတွက် နည်းလမ်းများရွေးချယ်ရာတွင် ပေါက်ရောက်ပင်များ စိုက်ပျိုးခြင်းနှင့် ကျောက်တုံးများနှင့် ကာရံတားဆီး ခြင်းတို့ပါဝင်သည်။ တည်ဆောက်ရာတွင် နှုန်းများ အနယ်အနှစ်များကို စုဆောင်းမိစေရန်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက် ရမည်ဖြစ်သည်။ ရေကာတာ၊ ဆည်၊ ကျောက်ဆောင်တန်းများ၊ အနည်တားနေရာများ၊ ရေထုတ်ပေါက်များသည်လည်း တိုက်စားမှု ကာကွယ်သော အတားအဆီးများဖြစ်သည်။

၃။ အုတ်ခဲများကျောက်တုံးများကို အသုံးပြုခြင်း

ကျောက်စီတန်းများ ပြုလုပ်ခြင်းသည်ရေစီးကြောင်းများ တစ်လျောက်တွင် ဖြစ်ပေါ်နိုင်သော တိုက်စားခြင်း များကို တားဆီးပေးသည်။ ကျောက်တုံးများ အုပ်နီခဲများကိုရေစီးကြောင်း၏ အနားနေရာများတွင် ချထားပေးခြင်း သို့မဟုတ် ရေများ အရှိန်ပြင်းစွာ ကျသောနေရာများအောက်တွင် ထားပေးရမည်။ ကျောက်စီတန်းများ ပြုလုပ်ရာတွင် မာကျောသောကျောက်တုံးများ သို့မဟုတ် ထုံကျောက်များကို အသုံးပြု နိုင်သည်။ တချို့နေရာများတွင် ကွန်ကရိကို အသုံးပြုနိုင်သည်။

၄။ ကွန်တိုလိုင်းများတူးပါ

ဤနည်းစနစ်သည် သင်၏ မျိုးစေ့များနှင့် ဖုံးအုပ်ထားသော အရာများကိုရေစီးကြောင်းမှ တိုက်စားယူ ဆောင်မသွားစေရန် အသုံးဝင်သည်။ ကွန်တိုလိုင်းများသည်တောင်စောင်းအလိုက် တိမ်တိမ်တူးထားသော လမ်းကြောင်များ ဖြစ်သည်။ ရေစီးကြောင်းအားထောင့်မှန်တည့်တည့် တားဆီးထားသည့်အတွက် ရေစီး၏အရှိန် ကိုလျော့ချပေးပြီး နှုန်းများကို အနည်ကျစေသည်။ တောင်စောင်းပါတ်လည်တွင် ကွန်တိုလိုင်းတိုများ အနည်းငယ်တူးပါ။ တစ်ခုစီသည် ၆ လက်မခန့်အနက် ရှိရမည်။ တစ်ခုနှင့်တစ်ခု ၂ ပေမှ၃ ပေထိကွာဝေးရမည်။ ကွန်တိုလိုင်းအောက်ခြေတွင်မြေကာပင် စိုက်ပါ။ ရေစီးနှင့်မြေ ပါမသွားစေရန်ဆောင်ရွက်ပေးမည်။

၅။ ရေစီးကြောင်းများကို ပိတ်ဆို့ပါ

ရေစီးကြောင်းများသည်မြေဆီလွှာများကို တိုက်စားသွားနိုင်သဖြင့် အဆိုပါနေရာများကိုမြေဆွေး သို့မဟုတ် နွားချေးများ စသည်တို့ဖြင့် ပိတ်ဆို့ပါ။ နောက်ထပ်တိုက်စားမှု မဖြစ်စေရန်ဆောင်ရွက်ပါ။

ရေမြောင်းများသည် မိုးတစ်ကြိမ်ရွာပြီးတိုင်း ပို၍အရွယ်အစားကြီးမားလာပါက ပြုပြင်ဆောင်ရွက်ရန် ခက်ခဲသောချောက်ကမ်းပါးများ အဖြစ်သို့ရောက်ရှိသွားနိုင်ပါသည်။ ရေစီးကြောင်းများအားချောက်များ အဖြစ်သို့ မပြောင်းလဲသွားခင် ရပ်တန့်စေရန် အတွက် မျက်နှာပြင်ကို ညီညာပြန့်ပြူးသွားစေရန် ထွန်ခြစ်များ သုံး၍ဆောင်ရွက်ပါ။ ထိုသို့ဆောင်ရွက်ပြီးပါက အပင်များစိုက်ပျိုးထားပါ။

၆။ ချောက်ကမ်းပါးအတွင်းသို့ စီးဝင်နေသောရေစီးအရှိန်ကိုလျော့ကျအောင် လုပ်ပါ

ချောက်များသည်မြေကြီးတွင်းသို့ နက်နက်ထိုးခွဲထားသောရေစီးမြောင်းများ ဖြစ်သည်။ ပြုပြင်ခြင်းအားဖြင့် တိုက်စားမှုကို ကာကွယ်ရာရောက်သည် သာမက ပါတ်ဝန်းကျင်ရှိ အပင်များကိုပါ ရှင်သန်စေသည်။ ထိုနေရာများသည် အပေါ်ယံမြေဆီလွှာများအောက်ဘက်မြေဆီလွှာများကိုပါ တိုက်စားသွားခဲ့ပြီး ဖြစ်သည် ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းပါက မြေများပါမသွားစေရန်အတွက် အရံအတားများလည်း မရှိချေ။ ထိုချောက်များသည် မြေအောက်ရေကိုဖြတ်သန်းသွားပါက အနီးရှိရေများကိုပါစုတ်ယူသွားသော ကြောင့် ပါတ်ဝန်းကျင်ရှိသစ်ပင်နှင့်အခြားပေါက်ပင်များကိုပါသေစေနိုင်သည်။

ချောက်အတွင်းသို့ စီးဆင်းသော ရေ၏အရှိန်ကိုလျော့နည်းစေရန်ဆောင်ရွက်ရမည်။ အနီးတဝိုက်တွင် သစ်ပင်များ မပေါက်သောနေရာများ၊ မျက်နှာပြင် တိုက်စားမှု ဖြစ်နေသောနေရာများ ရှိနေပါက အပင်များကို အမြန်ဆုံး ပြန်လည်စိုက်ပျိုးပေးရမည်။ ထိုအပင်များသည် ချောက်အတွင်းသို့စီးဝင်သော ရေ၏အရှိန် ကိုလျော့ ကျစေမည်ဖြစ်သည်။ ရေစီးကြောင်းအား အရှိန်လျော့ကျစေရန်အတွက် မြောင်းများအား ဦးတည်ရာ ခွဲထုတ်၍ ဆောက်လုပ်ရန် အကြံပေးလာပါက မဆောင်ရွက်သင့်ပါ။ ထိုမြောင်းကွဲမျာသည် အသစ်သစ်သော ချောက်ကမ်းပါး များကို ဖြစ်ပေါ်စေသည်။ သို့ပါ၍ ရှိပြီးဖြစ်သောချောက်ကမ်းပါးကို ကောင်းမွန်လာစေရန်သာ တည်ဆောက် ပြုပြင်သင့်သည်။

၇။ ချောက်၏အောက်ခြေတွင် နူန်းတားဆည် သို့မဟုတ် ကန်သင်းတစ်ခု တည်ဆောက်ပါ

ရေစီးအရှန်အား ထိန်းချုပ်မှုအပြင် ချောက်၏အောက်ခြေဘက်တွင် အတားအဆီးတစ်ခု တည်ဆောက် ခြင်းဖြင့်ချောက်အား ပို၍နက်မသွားစေရန်ဆောင်ရွက်ရမည် ဖြစ်သည်။ ချောက်၏အောက်ခြေဘက်တွင် နှုန်းတားဆည် သို့မဟုတ် ကန်သင်းတစ်ခု တည်ဆောက်ခြင်းဖြင့်ရေအရှိန်ကိုနှေးစေသည့်အပြင် အနည်များ စုဆောင်းမိ လာမည်ဖြစ်သည်။ မည်သည့်ပစ္စည်းများဖြင့် တည်ဆောက်မည်ကိုရွေးချယ်ပါ။ ကျောက်တုံး၊ ဝါး၊ ပျဉ်ပြား အပြင်အခြာ ခိုင်ခန့် သော ပစ္စည်းများဖြင့်လည်း တည်ဆောက်နိုင်သည်။ ဆည်သည် ၂ ပေခန့် မြင့်ရမည်ဖြစ်သည်။

ချောက်၏ဘေးဘက်မှ စတင်၍ ပထမဆုံးဆည်အတွက် တူးပါ။ ချောက်ကို ကန့်လန့်ဖြတ်ကာ ဆည်ဆောက်ပါ။ ထိုဆည်သည် ချောက်၏အောက်ခြေနှင့်ချောက်၏ နံရံကိုတူးကာ တည်ဆောက်ရ မည်။ ရေများဖြတ်၍ မစီးဆင်းစေရန်ဖြစ်သည်။ အလယ်တွင် အထစ်တစ်ခု တည်ဆောက်ပါ။ အလယ်တွင်ရေဖြတ်သန်းစီးဆင်းနိုင်သော နေရာတစ်ခု ချန်ထားရမည်။ ကျောက်သားအကာများ ပြုလုပ်ပါ။ ရေစီးကြောင်း၏ တိုက်စားမှုကို လျော့ချရန်အတွက် ဆည်၏အရှေ့ ဘက ်တွင်ကျောက်တုံးများခင်းထားပါ။ နောက်ထပ်ဆည် သို့မဟုတ် ကန်သင်းများကိုဆင့်ကာ တည်ဆောက်ပါ။ ချောက်၏အရွယ်အစား အလိုက် ဆည်နှင့်ကန်သင်းများကို တည်ဆောက်ပါ။ ဆည်များတစ်ခုနှင့် တစ်ခု နီးလေလေ ပို၍အကျိုးရှိ လေလေ ဖြစ်သည်။
၈။ ချောက်၏ဘေးနံရံများ၏ဆင်ခြေလျှောများ၏စောက်မတ်မှုကိုတိုင်းတာပါ

ဆည်တည်ဆောက်ရာတွင်ချောက်၏ ဆင်ခြေလျောနှင့် လိုက်လျောညီထွေ ဖြစ်စေရန်ဆောင်ရွက်ရမည်။ သို့မှသာ နှုန်းများ အချိန်ကြာလာသည်နှင့်အမျှအောက်ခြေတွင် စုပုံလာနိုင်မည်ဖြစ်သည်။ တူးရွင်းများ ပေါက်ဆိန်များကို အသုံးပြုကာချောက်နံရံများအား ပြုပြင်ပါ။

၉။ ရာသီဥတုဆိုးဝါးပါက သင့်အလုပ်၏ တိုးတက်မှုကိုစောင့်ကြည့်ပါ။

အချိန်တိုင်း ရာသီဥတုဆိုးဝါးလာနိုင်ပါသည်။ ထိုအချိန်တွင် သင်ဆောက်လုပ်ထားသော အဆောက်အဦး များ၏ အခြေအနေနှင့် တိုက်စားမှုများ ထပ်ဖြစ်မဖြစ်ကိုစောင့်ကြည့်ရန် လိုအပ်ပါသည်။ အမှိုက်သရိုက်များသည် ဘေးနံရံမှနေ၍ ပြိုကျစီးဆင်းနေပါက နံရံအား ပြုပြင်ကာ ဆည်၏ နံရံနှင့် လိုက်လျောညီထွေ ရှိစေရန်ဆောင်ရွက်ပါ။ နှုန်းတားဆည်များ အဆင်ပြေမှု ရှိမရှိသေချာအောင် လုပ်ပါ။ ဆည်အသေးများ ထပ်မံဖြည့်တင်းရန် လိုအပ်ပါက ထပ်မံ၍ တည်ဆောက်ပါ။ ဘေးနံရံများ၏ အရှည်အရ အကာရံများ ပြုလုပ်ရန်လိုအပ်ပါက ဆောင် ရွက်ပါ။

၁၀။ အပင်များစိုက်ပျိုးပါ။

နှုန်းတားဆည်များနှင့် မျက်နှာပြင်ညှိခြင်း လုပ်ငန်းများသည် ချောက်အားအဆင်ပြေစွာ ထိန်းညှိပေးနိုင် ပြီဆိုပါက အပင်များကို စတင်စိုက်ပျိုးနိုင်ပါသည်။ မြေကာပင်များကို ဦးစွာ စိုက်ပျိုးပါ။ အကြီးမြန်သော အပင်များကို စိုက်ပျိုးပါ။ ကောင်းစွာရှင်သန်လာပြီးနောက်တွင် ဒေသမျိုးများကို စိုက်ပျိုးခြင်းဖြင့် သင်၏မြေသည် နဂိုအတိုင်းပြန်လည်ကောင်းမွန်လာသည်ကို တွေ့နိုင်ပါသည်။

အပိုင်း ၅ တိုက်စားမှုအား ကာကွယ်ခြင်း

၁။ မြေမျက်နှာပြင်အားတူးဆွခြင်းအနည်းဆုံးဖြစ်စေရန်ဆောင်ရွက်ပါ

မြေကြီးအား တူးဆွခြင်းမှ တတ်နိုင်သ၍ ကာကွယ်ပါ။ သစ်ပင်များအား ဖယ်ရှားခြင်းသီးနှံပင်များအား ရိတ် သိမ်းခြင်း စသည်တို့ဆောင်ရွက်ရာတွင် စက်ကြီးများကို လိုအပ်သည့်အရွယ်စားထက် ပိုကာ အသုံးပြုမိ တတ်ပါ သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း ထိုသို့သော စက်ကြီးများကို အသုံးပြုခြင်းဖြင့် တိုက်စားခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။

၂။ မထွန်ယက်ပါနှင့်

စိုက်ပျိုးရေးပညာရှင်များအတွက် အကောင်းဆုံးသော တိုက်စားမှုကို ကာကွယ်သည့်နည်းလမ်းမှာ မထွန် ယက်ခြင်းပင် ဖြစ်သည်။ ထွန်ယက်မှုအနည်းဆုံးဆောင်ရွက် ခြင်းဖြစ်ပြီးရိုးရာနည်းဟုခေါ်ဆိုသည်။

ထွန်ယက်ခြင်း ဆိုသည်မှာမြေသားများကို မွလာစေရန်ဆောင်ရွက်ပြီး သီးနှံပင်များအတွက် အာဟာရများကို အလွယ်တကူရလာစေသည်။ ထိုမွနေသောမြေသည် တိုက်စားမှုကို ပို၍ ဖြစ်နိုင်ခြေရှိသည်။ ထွန်ယက်ခြင်း မပြုလုပ်ပဲ သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းသည် တိုက်စားမှုကို ကာကွယ်သော နည်းလမ်းတစ် ရပ်ဖြစ်သည်။

၃။ ကွန်တိုအလိုက် စိုက်ပျိုးပါ

ကွန်တိုလိုင်းများအလိုက် စိုက်ပျိုးခြင်းသည် တောင်စောင်းဒေသများတွင်တွေ့ရလေ့ ရှိပါသည်။ တိုက်စား မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံး စိုက်ပျိုးနည်းဖြစ်သည်။ မိုးရေများစီးဆင်းလာမှုကို တားဆီးနိုင်သည်။

ကွန်တိုစိုက်ခင်းများတွင် မြေမျက်နှာပြင်ကို ကွန်တိုအလိုက် ကန့်လန့်ဖြတ်ကာ စိုက်ပျိုးမည် ဖြစ်သည်။ ကန်သင်းများသည် ကွန်တိုလိုင်း တစ်လျောက် တားဆီး တည်ရှိနေမည်ဖြစ်သည်။ အပြန့်လိုက် စိုက်ပျိုး သည်ထက် ပို၍အကျိုးရှိစေသည့်အပြင် မိုးရေစီးဆင်းမှုအား အတော်အသင့်နှေးကွေးသွားစေ မည်ဖြစ်သည်။

၄။ မြေဆီသြဇာ ထက်သန်စေရန်ဆောင်ရွက်ပါ

တိုက်စားမှုများကို ကာကွယ်တားဆီးခြင်းသည် မြေဆီလွှာများအားရေစီးနှင့်အတူမျောပါ မသွားစေရန် လုပ်ဆောင်ရသော လုပ်ငန်းတစ်ခုသာ မဟုတ်ပဲ မြေဆီသြဇာထက်သန်စေရန်ဆောင်ရွက်ခြင်းလည်း ပါဝင်သည်။

ဥပမာအားဖြင့် မြေအားလှှပ်ထားခြင်း။ ၃ ရာသီ ၄ ရာသီခန့် ဆက်တိုက်စိုက်ပျိုးပြီးနောက်မြေအား မြေ ကာပင်များသာ စိုက်ပျိုး၍ တစ်ရာသီခန့် လှပ်ထားသင့်သည်။ ထိုအချိန်တွင်းမြေသားဖွဲ့စည်းမှုပြန်လည် ကောင်းမွန်လာနိုင်သည်။ ယခင်ရာသီများတွင် ကုန်ဆုံးသွားသော အဟာရဓာတ်များကို ပြန်လည်စုစည်း မိနိုင်သည်။ နောက်တစ်နည်းမှာ အဓိက သီးနှံ စိုက်ပျိုးမှု မဆောင်မီ မြေသြဇာ ထက်သန်စေသော သီးနှံပင်များကို စိုက်ပျိုးပါ။ ပဲမျိုးရင်းဝင်ပင်များသည်လေထုတွင်းမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးကာမြေဆီသြဇာ ထက်သန်စေ သဖြင့် စိုက်ပျိုးရမည်ဖြစ်သည်။

၁ ၅။ မြေအားဖုံးအုပ်ထားခြင်း မြေဆွေးပြုလုပ်ခြင်းများဆောင်ရွက်ပါ။

မြေဆီလွှာအား ဖုံးအုပ်ထားခြင်း၊ မြေသြဇာများ ထည့်ပေးခြင်းတို့သည် မြေ၏ ထုတ်လုပ်မှု စွမ်းရည်ကို တက်လာစေပါသည်။ မြေဆီလွှာကို တိုက်စားမှုမှ ကာကွယ်ရာလည်း ရောက်ပါသည်။

ကုိးကား - ( http://www.wikihow.com/Control-Erosion )

မေဖြိုးဝေ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်