အပင်ကရေဘယ်လောက်ဆာတတ်သလဲ (၂) 

31/01/2020 12:30 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

အပိုင်း (၁)မှာ ရေသွင်းခြင်းဆိုင်ရာ နည်းလမ်းအချို့နဲ့ ၎င်းတို့ရဲ့ ကောင်းကျိုးဆိုးကျိုး အများစုကို ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယအပိုင်းအနေနဲ့ အပင်တစ်ပင်ဟာ ဘယ်အချိန်မှာ ရေလိုအပ်ပုံ အသေးစိတ်နဲ့ အခြားသော အပင်ရေလိုအပ်ချက်တွေကို ဖေါ်ပြပေးသွားပါ့မယ်။ 

ကျွန်တော်တို့ရဲ့အပင်ငယ်လေးတွေဟာ လယ်ပြင် ယာပြင် ထီးထီးကြီးထဲက နေပူထဲမှာ နေ့အခါ ကြိုးစားပြီး ရှင်သန်ကြရပါတယ်။ ရေမလိုအပ်တဲ့ အပင်ရယ်လို့ မရှိပေမယ့် ရေကိုစနစ်တကျ ပေးသွင်းတဲ့အခါ အပင်လဲ အကျိုးရှိသလို ကုန်ကျမှုနဲ့ လုပ်အားကိုလည်း လျှော့ချရာ ရောက်ပါတယ်။ ထိုမျှမက ရေသွင်းခြင်းမှ မလိုလားအပ်တဲ့ မြေဆီလွှာတိုက်စားမှုကိုလဲ ထိန်းသိမ်းရာရောက်စေပါတယ်။ ကဲ ကျွန်တော်တို့လိုရင်းကို ဆက်သွားကြည့်ကြရအောင်ပါ။

အပင်မှာရှိတဲ့ အရွက်လေးတွေရဲ့ လေရှူပေါက်တွေဟာ နေ့အခါမှာ ပင်ငွေ့ပျံခြင်းကို ဖြစ်စေပြီး ညအခါမှာတော့ အဲ့ဖြစ်စဉ်ကို ရပ်နားပါတယ်။ ထိုဖြစ်စဉ်လည်ပတ်ခြင်းဖြင့် သစ်ရွက်တွေရဲ့ စိမ်းလန်းမှုကိုပေးသလို အပင်ရဲ့ ဇီ၀ကမ္မလည်း လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေအရမ်းပူလာတဲ့အခါမှာ

အပင်တွေဟာ ထုံးစံအတိုင်း ပင်ငွေ့ပျံခြင်းကို ဆက်လက်လုပ်ဆောင်ကြပါတယ်။ ပင်ငွေ့ပျံနေစဉ်အတွင်းမှာ ပုံမှန်အချိန်တွေထက် မြေကြီးထဲက ရှိတဲ့ရေကို ပိုမိုစုပ်ယူပါတယ်။ အဲ့တာကို Evapotranspiration လို့လဲ ခေါ်နိုင်ပြီး ကျွန်တော်တို့လူသားတွေနေပူရင် ချွေးထွက်လာတဲ့ သဘောမျိုးနဲ့သွားဆင်ပါတယ်။ချွေးထွက်သွားတဲ့အခါ လေလေးတိုက်ရင် အေးတဲ့ခံစားချက်မျိုး ကျွန်တော်တို့ အပင်ငယ်လေးတွေမှာလဲ ရရှိပါတယ်။ ဒါက ဇီ၀ကမ္မဖြစ်စဉ်တစ်ခုပါပဲ။

လူတွေချွေးထွက်လွန်တဲ့အခါ ရေများများ ပြန်သောက်ဖို့ လိုတဲ့အခါ အပင်တွေ ရေဓာတ်ဆုံးရှုံးမှု များလာတဲ့အခါ ရေပြန်လောင်းပေးဖို့ လိုပါတယ်။ ဒီသဘောပါပဲ သို့သော်လည်း ရေလောင်းဖို့ လိုမလိုကတော့ ဒီနေရာမှာ စကားပြောပါတယ်။

မြေကြီးအတွင်းက အစိုဓာတ်လို့ အလွယ်ခေါ်နိုင်ပါတယ်။ Soil water နဲ့ Field Capacityလို့ အင်္ဂလိပ်လို ခေါ်ဆိုနိုင်ပြီး သူတို့တွေကတော့ အပင်- မြေကြီး- ရေ တို့ရဲ့ ဆက်သွယ်မှုတွေပဲ ဖြစ်ပါတယ်။ မြေအစိုဓတ်ပြည့်၀နေရင် ရေကို မလိုအပ်ပဲ လောင်းစရာမလိုပါဘူး။ ဒါ့အပြင် အပေါ်ယံမျက်နှာပြင် ရေဆုံးရှုံးမှု နည်းစေမယ့် မနက်ခင်းနဲ့ ညနေပိုင်း တွေမှာ ရေလောင်းခြင်း၊ ရေသွင်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် မိမိအပင်ရဲ့ ဘေးတက်မြစ်နဲ့ ရေသောက်မြစ်ရဲ့ အတိမ်အနက်ကို ကြည့်ပြီးလဲ ရေပေးဝေနိုင်ပါသေးတယ်။ ဒါ့အပြင် မိမိဒေသမှာရှိတဲ့ မိုးရေချိန်၊ မိမိ စိုက်တဲ့အပင်ရဲ့ ရေလိုအပ်ချက်ကို မစိုက်ခင်က အနည်းငယ်တော့ လေ့လာထားဖို့ လိုပါမယ်။

ရေ၀ပ်တာ မကြိုက်တဲ့အပင်မျိုးကို ရေ၀အောင် အမြဲသွင်းနေလို့ အဆင်မပြေနိုင်ပါဘူး။ ဒီလိုဆို ပင်စည် ပုပ်တာ ပွတာ သကဲ့သို့ နောက်ဆက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အပင်တစ်ပင်ရဲ့ ညှိုးနွမ်းမှု ဒဏ်ကို နောက်ဆုံးတောင့်ခံထားနိုင်တဲ့ အချိန်ကို ထာ၀ရ ညှိုးနွမ်းမှတ်လို့ ခေါ်ဆိုနိုင်ပြီး အပင်တစ်ပင်ဟာ ၎င်း အခြေအနေ နောက်ဆုံးရောက်တဲ့အခါ အစာချက်ခြင်းနဲ့ ပင်ငွေ့ပျံခြင်းကို စတင်ရပ်နားပါတယ်။ ‌ရက်များစွာ ရေလုံလောက်မှု မရတဲ့နောက်ပိုင်းမှာ ကြီးထွားမှုအဆင့်တွေကို ရပ်တန့်ပစ်လိုက်ပါတယ်။ ဒါကြောင့် စိုက်ပျိုးသူဟာ အထက်မှာ ဖေါ်ပြခဲ့သလိုနေပူတဲ့ ဒေသမှာ စိုက်ပျိုးသူဖြစ်နေခဲ့ရင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်သော်လည်းကောင်း၊ ရေသွင်းထားတဲ့ မြေရဲ့ အစိုဓာတ်ကို၎င်း ချိန်ညှိပြီး ရေသွင်းပေးရမှာပဲဖြစ်ပါတယ်။

မြေအမျိုးအစားများစွာကွဲပြားတဲ့အတွက် ရေမသွင်းမီ မိမိ စိုက်ပျိုးမြေဟာ ဘယ်မြေအမျိုးအစား ဖြစ်သလဲဆိုတာ စမ်းစစ်ဖို့လဲ အမြဲသတိရှိရပါ့မယ်။ ရွံ့အရမ်းဆန်ပြီး ရေစိမ့်၀င်မှု နည်းတဲ့ မြေဆိုရင် လောင်းသမျှ တော်တော်များများက မစိမ့်ပဲ ဘေးကိုပဲ စီးတာများနေရင် Waste (လေလွင့်ဆုံးရှုံးမှု) များနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရေချိုပေါများတဲ့ နိုင်ငံမှာ စိုက်ပျိုးနေကြတဲ့သူတွေမို့ သတိမမူကြတာပဲ ဖြစ်ပါတယ်။ ရေချိုရှားပါးတဲ့ နိုငိငံတွေမှာ တစ်နေ့ကို ဒီစိုက်ခင်းအတွက် ရေဘယ်နှစ်ဂါလန်ပဲ အသုံးပြုမယ်ဆိုတာမျိုး နဲ့ လေလွင့်ဆုံးရှုံးမှုကို လျှော့ချပြီး အသုံးပြုနေကြပါပြီ။

အထက်ဖေါ်ပြပါ ဆောင်းပါးကနေ စာရေးသူပြောလိုတဲ့ ရေသွင်းနည်း massageတစ်ခုတော့ ရသွားမယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာ မြေဆီလွှာမှာ ဘာတွေပါတာလဲ၊ ဘာတွေထည့်ဖို့လိုတာလဲ၊ ဘာတွေထည့်လို့ ကြာရင်ဆိုးကျိုးဖြစ်နိုင်စေလာတာလဲ စသည်ဖြင့် ရေးသားဖေါ်ပြသွားပါအုံးမည်။ တောင်သူဦးကြီးများ အကျိုးစီးပွား တိုးတက်ကြပါစေလို့ ဆန္ဒပြုလျှက်။

ပြည့်ဖြိုးသော်

B.Agri.Sc (Soil and Water Science)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်